ချဉ်ပေါင်ဖျော်ရည် ပြုလုပ်နည်း

15/12/2017 13:20 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီတစ်ခါတော့ ရိုးရှင်းလွယ်ကူပြီး အရသာအရမ်းရှိတဲ့ ချဉ်ပေါင်ဖျော်ရည်လုပ်နည်း ကို ပြောပြချင်ပါတယ်။

၁။ ချဉ်ပေါင်ဖူးတွေကို ရေစင်စင်ဆေးပါ။ တစ်ချို့တွေက ချဉ်ပေါင်ဖူးရဲ့ ပွင့်ဖတ်တွေကို ခွါပြီးမှ လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ Green Way ရဲ့အတွေ့အကြုံအရ အရောင်နဲ့ အရသာက အဖူးလိုက် ပြုတ်တာလောက် မကောင်းပါဘူး။ စမ်းကြည့်စေချင်ပါတယ်။

၂။ ပြီးရင် မီးဖိုပေါ်မှာ ရေနည်းနည်းလေးနဲ့ ကျိုပါ။

၃။ ချဉ်ပေါင်တွေကို ရေများများနဲ့ကျိုရင် မီးကုန်တဲ့အပြင် ကျိုရတာလည်း အချိန်ကြာတာကြောင့် ရေနည်းနည်းနဲ့ပဲ ကျိုပါ။ ကျိုနေတုန်းမှာ ချဉ်ပေါင်ဖူးက ပွင့်ဖတ်နဲ့ အထဲက အစေ့ဖူးတို့ ကွာသွားအောင် ဖိပြီးမွှေပေးပါ။

၄။ တစ်ဖြည်းဖြည်းနဲ့ ချဉ်ပေါင်ဖူးက ပွင့်ဖတ်တွေကွာသွားတဲ့အပြင် အရောင်ပါ ထွက်လာပါလိမ့်မယ်။

၅။ ၁၀ မိနစ်လောက်ကြာတဲ့အခါ အမြှပ်ထွက်လာတဲ့ အနေအထားကို ရောက်ပါပြီ။

၆။ အရည်တွေဟာ တစ်ဖြည်းဖြည်း ပျစ်လာပါပြီ။ အဆက်မပြတ်မွှေပေးနေပါ။

၇။ အခုဆို အသီးနဲ့ ပွင့်ဖတ်တွေ သီးခြားဆီဖြစ်သွားပါပြီ။

၈။ အသီးနဲ့ ပွင့်ဖတ်နဲ့ကွာသွားတာသေခြာပြီဆိုရင် ရေထပ်ရောပေးလို့ရပါပြီ။ ရေပမာဏကတော့ ကိုယ်စိတ်ကြိုက်ထည့်လို့ရပါတယ်။ ပုံမှန်အားဖြင့်တော့             ချဉ်ပေါင် ၁ ကီလိုကို ရေ ၂ လီတာ လောက်ထည့်ပေးနိုင်ပါတယ်။

၉။ ရေထည့်ပြီးတဲ့အခါ ပွင့်ဖတ်တွေကွာသွားတဲ့ချဉ်ပေါင်ဖူးတွေကို ဖယ်ထုတ်ပစ်ရပါမယ်။ ပြီးရင် အခုလိုမျိုး ပွက်ပွက်ဆူပြီး အမြှပ်တွေထွက်လာတဲ့အထိ               တည်ပေးပါ။

၁၀။ ချဉ်ပေါင်ရည်ဆူလာတဲ့အခါ သကြားနဲ့ ဆား ထည့်ပေးလို့ရပါပြီ။ ပမာဏတွေကတော့ ကိုယ်လိုချင်တဲ့အရသာအတိုင်းထည့်ပေးလို့ ရပါတယ်။ တစ်ချို့တွေက အိုးကို မီးဖိုပေါ်ကချမှ သကြားထည့်တာမျိုးလဲရှိပါတယ်။ နှစ်မျိုးလုံး အဆင်ပြေပါတယ်။

၁၁။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာအတိုင်း ဖြစ်ပြီဆိုရင်တော့ အနည်စစ်ရပါမယ်။

၁၂။ အနည်စစ်တဲ့ဇကာနဲ့ စစ်ပြီးရင် ရလာတဲ့ အနည်ဖတ်တွေကို သကြားနဲ့ ဆားနဲ့ ပြန်ရောနယ်ပြီး မီးဖို ပေါ်မှာ ညောင်စေး ကျသည်အထိ ပြန်တည်လိုက်ရင်           ချဉ်ပေါင်ယို အခြောက် (သို့) ချဉ်ပေါင် တော်ဖီ ရပါတယ်။

၁၃။ အခုဆိုရင်တော့ အရသာရှိပြီး ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ချဉ်ပေါင်ဖျော်ရည်တစ်ခွက်ကို ရရှိပါပြီ။ အပူ ရော အအေးလိုပါ သောက်လို့ရတယ်နော်။

 

ချဉ်ပေါင်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လက်လှမ်းမီသလောက် နေပြည်တော် တိုင်းမ် မှ ကောက်နှုတ် တင်ပြပေး လိုက်ပါတယ်။

value added product

၁။ အူသိမ်၊ အူမတို့ကို ကောင်းကျိုးပြုပါသည်။

၂။ချဉ်ပေါင်ရွက်ထဲတွင် hydroxy နှင့် amino အက်ဆစ်များကြွယ်ဝစွာပါရှိသောကြောင့် ဆီးအား ကောင်းစေပါသည်။ ဆီးရွှင်၍ ဝမ်းကိုလဲ သက်စေပါသည်။

၃။Vitamin C နှင့် သတ္တုဓာတ်တို့အမြောက်အများပါရှိသောကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း၊ ဆဲလ်များသေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ကိုကျန်းမာစေခြင်း၊ free radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်ကိုနုပျိုစေ ခြင်း၊ ကင်ဆာရောဂါများ ဖြစ်နိုင်ချေအလားအလာနည်းပါးစေနိုင်ခြင်း၊ အဆုတ်ကိုကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေးချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည်ယိုနှာပိတ်ခြင်းတို့မှလဲ ကာကွယ်ပေးခြင်း...စသည်ဖြင့် ကောင်းကျိုးပြုပါသည်။

၄။ Calcium ဓာတ် အမြောက်အများ ပါရှိသောကြောင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြောအဖွဲ့အစည်းများနှင့်ကြွက်သားများ ဖွဲ့စည်းမှုကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးကျဲခြင်းမှကာကွယ်ပေးခြင်း၊ ခြေလက်များတဆစ်ဆစ်နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို့ကိုသက်သာပျောက်ကင်းစေခြင်း၊ ကလေးငယ်များ ဖွံ့ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း.. စသည်ဖြင့် ကောင်းကျိုးပြုပါသည်။

၅။ချဉ်ပေါင်ဖူးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကိုသက်သာပျောက်ကင်းစေပါသည်။ လူကိုလန်းဆန်းစေနိုင် ပါသည်။

၆။ကိုယ်အလေးချိန်ကျစေပြီး သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါသည်။ ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလဲ ဟန့် တားကာကွယ်ပေးနိုင်ပါသည်။

၇။ဒူးရင်းသီးစားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အပူကန်ခြင်းကို ကာကွယ်နိုင်ပါသည်။

 

သတိပြုရန်။

• သွေးတိုးရောဂါရှိသူများ အလွန်အကျွံမစားသင့်ပါ။ သွေးပေါင်ချိန်တက်နိုင်ပါသည်။

• ချောင်းဆိုးရင်ကြပ် ဝေဒနာသည်များ နှင့်လည်းမသင့် တော်ပါ။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်