မုတ်သုံလေ မြန်မာနိုင်ငံသို့စတင်ဝင်ရောက်၊ လေပြင်းနှင့် မိုးကြိုးအန္တရာယ်သတိပြုရန်လို
အနောက်တောင်မုတ် သုံလေသည် မြန်မာနိုင်ငံသို့စတင် ဝင်ရောက်နေပြီး မုတ်သုံဝင်ရာ လမ်းကြောင်းတစ်လျှောက် လေ ပြင်းနှင့်မိုးကြိုးအန္တရာယ်ဆက် လက်သတိပြုနေထိုင်ရန် ဒေါက် တာထွန်းလွင်က သတိပေးသည်။
မုတ်သုံလေဦးသည် မြန်မာ နိုင်ငံတောင်ပိုင်းဒေသဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးသို့ မေ လ ၁၂ ရက်ကစတင်ဝင်ရောက် နေပြီး အားလျော့နည်းနေကြောင်း ၎င်းကရှင်းပြသည်။
‘‘မုတ်သုံလေဦးက စဝင်နေ ပေမယ့် အားလျော့နေတယ်။ မိုး အားလည်း လျော့နေနိုင်တယ်။ ဒါပေမဲ့ မိုးတိမ်တောင်နဲ့လေပြင်း အန္တရာယ်ကတော့ အထူးသတိပြု ရဦးမယ်။ မေလကုန်အထိ သတိ ထားဖို့လိုတယ်’’ ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။
အနောက်တောင်မုတ်သုံ လေသည် မေလ ၁၆ ရက်မှ ၂၀ ရက်အတွင်း မြန်မာနိုင်ငံတောင် ပိုင်းဒေသများသို့ ဝင်ရောက်နိုင် ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။ ထို့အပြင် မေလ ၂၁ ရက်မှ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသသို့လည်း ကောင်း၊ မေလ ၂၆ မှ ၃၁ ရက်အ တွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေ သများသို့လည်းကောင်း အစဉ် လိုက်ဝင်ရောက်လာနိုင်ကြောင်း ဧပြီ ၂၈ ရက်တွင်သတင်းထုတ်ပြန် ထားသည်။ မုတ်သုံလေဝင် ရောက်ရာ လမ်းကြောင်းတစ် လျှောက်တွင် လေထုမတည်မငြိမ် ဖြစ်ပြီး လေပြင်းကျခြင်း၊ မိုးကြိုး ပစ်ခြင်းတို့ဖြစ်စေသည့် မိုးတိမ် တောင်အန္တရာယ်ရှိနေသည်။
မိုးလေဝသဆိုင်ရာ အခြား သတင်းတစ်ရပ်က မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်လာနိုင် ကြောင်း မေလဆန်းကစတင်၍ ထွက်ပေါ်နေသည့်ကောလာဟ လသည် လူထုကြား၌ဆက်လက် ကြီးထွားနေဆဲဖြစ်သည်။ မေလ ၂၀ ရက်နှင့် ၂၁ ရက်တွင် Roanu အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံဒေသများပေါ် ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း သတင်းအမှားသည် ဓာတ်ပုံများနှင့် ပျံ့နှံ့နေခြင်းဖြစ် သည်။ Roanu မုန်တိုင်းသည် ၂၀၁၆ မေလကဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းဖြစ်ပြီး သတင်းအမှားများကို မယုံကြည်ရန် ဒေါက်တာထွန်းလွင်နှင့်မိုးဇလဌာနက သတိပေးထားသည်။
ထွက်ပေါ်နေသောကော လာဟလသည်မေလ ၂၂ ရက် တွင်မြန်မာနိုင်ငံသို့ အားပြင်းထန် သော မုန်တိုင်းဝင်ရောက်နိုင်၍ တောင်ပြိုခြင်း၊ ရေကြီးခြင်း၊ လျှပ် စစ်မီးပြတ်တောက်ခြင်း၊ မြစ်ရေ များ ရုတ်တရက်ကြီးခြင်းဖြစ်နိုင် ကာ ယင်းသဘာဝဘေးအန္တရာယ် ကို မြန်မာပြည်သူပြည်သားများ၏ အားဖြင့်ပူူးပေါင်းကာကွယ်ရန်လို အပ်ကြောင်း၊ သတင်းအမှားများ ကို သတင်းဌာနအမည်ခံလူမှုကွန် ရက်အကောင့်အချို့က ဖြန့်ဝေ နေခြင်းဖြစ်သည်။
7 day daily news
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
Khaing Zin Thet • ဖြေကြားချက် 0 ခု
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 1 ခု
နွားသေးကိုစပါးပဲးကိုဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500 ကို ပင်မှည့်နှစ်ပတ်ခူး 48 ပိဿာ ခူးပြီးပါပြီ အဲ့တူန်းက 3000 စျေးရောင်းရပါတယ် ဒီနေ့မှာတော့ စံချိန်သစ် 5000 စျေး စရောင်းရပါပြီဗျ ကုန်ချိန် တစ်ပင် တစ်ပိဿာ နှုန်းပဲ အနည်းဆုံးထားတွက်ကုန်တော့ ကုန်ချိန် 300 / 400 ကတော့ အခုအသီးပုံနဲ့စာရင် ပြေးမလွတ်ဘူးလို့ ထင်မိပါတယ် သူများတွေလို အပင်ရေများများမဟုတ်ဘဲ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ အပင်ရေ 500 ဆိုတာကလဲ မနည်းဘူးလို့ထင်မိပီး ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ ဆရာတို့ရဲ့လမ်းညွှန်ချက်တွေကလဲ အတော်လေးကောင်းမွန်လှပါတယ်ဗျ
U Yan • ဖြေကြားချက် 4 ခု
လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026