ကမ္ဘာ့ရေထုစုစုပေါင်းရဲ့ ၃ ရာခိုင်နှုန်းကသာ ရေချိုဖြစ်တယ်ဆိုတာကို သင်သိပါသလား။
(ကျန်တာတွေက ရေငန်တွေနဲ့ သုံးမရတဲ့ရေတွေပါ)။
ဒီလောက်ထိအောင် နည်းပါးနေတဲ့ပမာဏလေးဟာတောင် အလွန်အမင်း ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ လူဦးရေတိုးပွားလာမှု၊ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရေထုညစ်ညမ်းမှု မြင့်တက်လာမှုဒဏ် တွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပါတယ်တဲ့။
ဒါတွေကြောင့် ရေနဲ့သန့်ရှင်းမှု ကပ်ဆိုက်လာခြင်းကို ဖြေရှင်းဖို့ဆိုပြီး မတ်လ (၂၂) ရက်နေ့တိုင်းကို “ကမ္ဘာ့ ရေနေ့”အဖြစ် သတ်မှတ်ပြီး လှုံ့ဆော်မှုတွေ ပြုလုပ်သွားဖို့ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၂၂ မှာ ကုလသမဂ္ဂအထွေ ထွေညီလာခံကြီးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၁၉၉၃ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာတော့ ပထမဆုံး ကမ္ဘာ့ရေနေ့ဆိုတာ ဖြစ်လာပါတော့တယ်။ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ရေနေ့ဆောင်ပုဒ်ကတော့ ရေခဲတောင်တွေကို ထိန်းသိမ်းပါပဲ ဖြစ်ပါတယ်။
ရေဟာ ကျွန်မတို့ လူသားတွေအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို သိချင်ရင်တော့ ရေအရင်းအမြစ်တွေကို တန်ဖိုးထားအသုံးပြုကြစေဖို့...ဆောင်းပါးကို ဖတ်ရှုလိုက်ပါနော်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်