ရေအရင်းအမြစ်တွေကို တန်ဖိုးထားအသုံးပြုကြစေဖို့...

22/03/2023 11:00 AM တွင် Aye Aye Aye Aye မှ ရေးသား

ကမ္ဘာ့ရေထုစုစုပေါင်းရဲ့ ၃ ရာခိုင်နှုန်းကသာ ရေချိုဖြစ်တယ်ဆိုတာကို သင်သိပါသလား။

(ကျန်တာတွေက ရေငန်တွေနဲ့ သုံးမရတဲ့ရေတွေပါ)။

ဒီလောက်ထိအောင် နည်းပါးနေတဲ့ပမာဏလေးဟာတောင် အလွန်အမင်း ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ လူဦးရေတိုးပွားလာမှု၊ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရေထုညစ်ညမ်းမှု မြင့်တက်လာမှုဒဏ် တွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပါတယ်တဲ့။

ဒါတွေကြောင့် ရေနဲ့သန့်ရှင်းမှု ကပ်ဆိုက်လာခြင်းကို ဖြေရှင်းဖို့ဆိုပြီး မတ်လ (၂၂) ရက်နေ့တိုင်းကို “ကမ္ဘာ့ ရေနေ့”အဖြစ် သတ်မှတ်ပြီး  လှုံ့ဆော်မှုတွေ ပြုလုပ်သွားဖို့ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၂၂ မှာ ကုလသမဂ္ဂအထွေ ထွေညီလာခံကြီးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၁၉၉၃ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာတော့ ပထမဆုံး ကမ္ဘာ့ရေနေ့ဆိုတာ ဖြစ်လာပါတော့တယ်။

‘ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်’ လို့ ဆိုရလောက်တဲ့အထိ ရေဟာ သက်ရှိတိုင်းအတွက် မရှိမဖြစ်ပါပဲ။ လူ၊ တိရစ္ဆာန်၊ အပင်စတဲ့ သက်ရှိတိုင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုတို့မှာလည်း အနည်း နဲ့အများ ရေဓာတ်ပါရှိပါတယ်။ ဒါကြောင့်လည်း ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါးမှာ အာပေါဆိုတဲ့ ရေဓာတ်ကို ထည့်သွင်းထားပုံပါပဲ။ ဒီလိုမျိုးအရေးပါလွန်းတဲ့ရေချိုတွေ မပျောက်ပျက်ဖို့၊ လျော့နည်းမသွားဖို့ဆိုရင် လူတိုင်းမှာ ထိန်းသိမ်းစောင့်ရှောက်ပေးရမဲ့ တာဝန်ဝတ္တရား ရှိနေပါတယ်။

ကမ္ဘာ့ရေထု

ကမ္ဘာ့ရေထုမှာ အဓိကအားဖြင့် ပင်လယ်သမုဒ္ဒရာတွေ ပါဝင်ပါတယ်။ တကယ်နည်းစနစ်ကျကျပြောမယ် ဆိုရင်တော့ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကုန်းတွင်းပိုင်းပင်လယ်နဲ့ မြေအောက်ရေတွေ ပါဝင်နေ တာပါ။  မြေအောက်ရေတွေကို သာမန်အားဖြင့် မမြင်နိုင်ဘူးဆိုပေမဲ့ မြေအောက်ရေရဲ့ အသုံးဝင်မှု၊ သက်ရောက်မှုတွေကိုတော့ နေရာတိုင်းမှာ ‌မြင်တွေ့နေရပါတယ်။ ဒါကြောင့် မြေအောက်ရေဆိုတာ သက်ရှိ တို့ရဲ့အသက်များကို ထောက်ပံ့ပေးတဲ့ ကွယ်လျှိုးနေသောရတနာသိုက်တစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။

ယနေ့ခေတ်မှာတော့ လူဦးရေတိုးလာခြင်း၊ မြို့ပြချဲ့ထွင်လာခြင်း၊ စီးပွားရေးဖွံဖြိုးလာခြင်းတို့ဟာ ရေ၊ စွမ်းအင်၊ အစားအစာလိုအပ်မှုတွေကို တိုး‌လာစေလို့ ရေဟာ ယခင်ကထက်ပိုပြီး အရေးပါလာပါတယ်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍနဲ့ ရေ

ကမ္ဘာ့ရေချို ၇၀ ရာခိုင်နှုန်းခန့်ကို  စိုက်ပျိုးရေးဘက်မှ အစားအစာများထုတ်လုပ်ရန်၊ မွေးမြူရေးလုပ်ရန်၊ စက်မှုသီးနှံများထုတ်လုပ်ရန် အသုံးပြုနေရတယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်း စိုက်ပျိုးထုတ်လုပ်မှုမှာ ရေဟာ အရေးကြီးသောသွင်းအားစုဖြစ်လာပြီး အစားအစာဖူလုံမှုအတွက် အရေးပါသောအခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

ရေသွင်းစိုက်ပျိုးရေးဟာ စုစုပေါင်းစိုက်ပျိုး‌မြေရဲ့ ၂၀ ရာခိုင်နှုန်းရှိပြီး အဲ့ဒီကနေ ကမ္ဘာ့စုစုပေါင်း အစားအစာရဲ့  ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေတာပါ။ မိုးရေသောက်စိုက်ပျိုး‌ရေးကတော့ ကမ္ဘ့ာအစားအစာထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းကို တာဝန်ယူထားတာဖြစ်လို့ ပိုင်ဆိုင်မှုနည်းတဲ့လယ်သမားတွေဆိုရင် ရာသီဥတုဖောက်ပြန်မှု ဒဏ်ကို ခံနိုင်ရည်မရှိကြပါဘူး။

ရေသွင်းစိုက်ရာမှာဖြစ်စေ၊ မိုးရေအသုံးပြုစိုက်ပျိုးရာမှာဖြစ်စေ ရေဟာ စိုက်ပျိုးရေးမှာ ပါဝင်ပတ်သက် နေတာပါပဲ။ ရေလုံလုံလောက်လောက်ရရှိခြင်းအားဖြင့် စိုက်ပျိုးထုတ်လုပ်မှု အရှိန်မြှင့်တင်လာနိုင်ပြီး သီးနှံ အရေအတွက်များများ စိုက်ပျိုးထုတ်လုပ်လာနိုင်မှာဖြစ်ပါတယ်။ ၂၀၅၀ ခုနှစ်ပိုင်းတွေလောက်ဆိုရင် တိုးလာ နိုင်တဲ့ ကမ္ဘာ့လူဦးရေအတွက် အစားအစာဖူလုံမှုရှိဖို့ဆို လက်ရှိရဲ့ထက်ဝက်လောက်ထိ ပိုထုတ်လုပ်ဖို့ လိုအပ် မှာဖြစ်ပါတယ်။ ဒီလိုအစားအစာဖူလုံမှုရစေဖို့ဆိုရင် ရေဖူလုံရေးဟာလည်း တွဲပြီးလိုအပ်လာမှာပါပဲ။

မြန်မာနိုင်ငံဟာလည်း စိုက်ပျိုးရေးနိုင်ငံဖြစ်‌တာကြောင့် လုံလောက်သော သွင်းရေရရှိဖို့ အရေးကြီးပါတယ်။ ဆန်၊ စပါးဟာ အဓိကစိုက်ပျိုးသီးနှံဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်နိုင်မှုဟာ နိုင်ငံအတွင်း ရရှိနိုင်သော ရေပမာဏနဲ့ ဆက်စပ်နေပါတယ်။ မိုးရာသီမှာ မိုးရေနဲ့ စိုက်ပျိုးပြီး ခြောက်သွေ့ရာသီဆိုရင် ရေသွင်းစနစ်နဲ့ စိုက်ပျိုး ထုတ်လုပ်ကြပါတယ်။ ဒါကြောင့် သွင်းရေမလုံလောက်ဘူးဆိုရင် စိုက်ပျိုးရေးအတွက် အကြီးဆုံးစိန်ခေါ်မှု ဖြစ်လာမှာပါ။

 ဆန်၊ စပါးဟာ မြန်မာနိုင်ငံရဲ့အဓိကတင်ပို့ကုန်လည်းဖြစ်လို့ သွင်းရေပြတ်လပ်မှုဟာ  နိုင်ငံရဲ့ အခွန်ဘဏ္ဍာ အ‌ပေါ် ဆိုးကျိုးသက်‌ရောက်စေမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် တိရစ္ဆာန်များ မွေးမြူနိုင်ဖို့ဆိုရင်လည်း ရေကို အသုံးပြုကြရပါတယ်။ ရေကို သွင်းရေ၊ ဖျန်းရေ၊ တိရစ္ဆာန်များ သောက်ရေနဲ့ တိရစ္ဆာန်အဆောက်အဦများကို ဆေးကြောရန် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ အသုံးပြုနေကြရတာဖြစ်ပါတယ်။

ဒါကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ရေကို ထိထိရောက်‌ရောက်၊ အန္တရာယ်ကင်းကင်း အသုံးပြုနိုင်ခြင်းဖြင့်သာ အာဟာရပြည့်ဝသော၊ အရည်အသွေးကောင်းသော၊ စျေးကွက်မီသော၊ အထွက်နှုန်းကောင်းသော သီးနှံ များနဲ့ မွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်နိုင်စေမှာဖြစ်ပါတယ်။ ဒါဆိုရင် စျေးကောင်းရဖို့လည်း သေချာ နိုင်လို့ အောင်မြင်သော စိုက်ပျိုးမွေးမြူရေးကို အကောင်အထည်ဖော်နိုင်သွားမှာပဲ ဖြစ်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍမှ ရေထုညစ်ညမ်း‌‌စေခြင်းနှင့် ဆိုးကျိုးများ

စိုက်ပျိုး‌ရေးကဏ္ဍမှာ ဓာတုမြေသြဇာများ၊ ဓာတုပိုးသတ်ဆေးများ အသုံးပြုမှုဟာ မြေအောက်ရေ အရည် အသွေးကို နိမ့်ကျစေနိုင်ပါတယ်။ ဥပမာအားဖြင့် နိုက်ထရိတ်ဟာ မြေအောက်ရေအရင်းအမြစ်ကို ညစ်ညမ်း စေမှု အများဆုံးဖြစ်ပါတယ်။ ဆားငန်ပေါက်မှု၊ လေထုညစ်ညမ်းမှုတို့ကြောင့် မြေအောက်ရေ အရည်အသွေး များ ကျဆင်းလာနေရပါတယ်။

တာဝန်ယူမှုရှိ‌သော စိုက်ပျိုးရေးစနစ် (ဥပမာ - အော်ဂဲနစ်စိုက်နည်း)ကို ကျင့်သုံးနေသူတွေအတွက်ဆိုရင် လည်း  heavy metal များပါသော ရေကိုအသုံးပြုမိပါက အော်ဂဲနစ်စိုက်ပျိုး‌ရေးလို့ဆိုနိုင်တော့မှာမဟုတ်လို့ ရေသန့်ရှင်းမှုဟာ အရေးပါနေတာပါပဲ။ ဒါကြောင့် စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာလုပ်ကိုင်နေသူတွေအနေနဲ့ မြေအောက်ရေညစ်ညမ်းမှုဖြစ်စေတဲ့ အဆင့်တိုင်းကို ဟန့်တားနိုင်ရန်၊ ‌ဂေဟစနစ်ကိုထိန်းထားရန် စည်းမျဉ်း များ၊ တားမြစ်ချက်များကို လိုက်နာဖို့ လိုအပ်ပါတယ်။

ရေထုညစ်ညမ်းလာခြင်းဟာ သီးနှံပင်များရဲ့ အရည်အသွေးသာမက တိရစ္ဆာန်များရဲ့ ကျန်းမာရေး၊ အခြား သက်ရှိများရဲ့ ရှင်သန်သက်တမ်းများကိုလည်း အန္တရာယ်ဖြစ်စေပြီး စီးပွားရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ရေမျက်နှာပြင်ဟာ ဘတ်တီးရီးယားများ ရှင်သန်ပေါက်ပွားရာ အလွှာဖြစ်လာပြီဆိုရင်တော့ ကြီးမားတဲ့ အန္တရာယ်ပါ။ အဲ့ဒီလို ရေထဲမှာ ရောဂါသက်ရှိများ ကူးစက်လာပြီဆိုရင် ဖယ်ထုတ်ရန်/ ပိုးသန့်ရန် ခက်ခဲလာပြီး ကာကွယ်၊ ကုသမှုတွေဟာလည်း ထိ‌ရောက်တော့မှာမဟုတ်ပါဘူး။

ရေကို စီမံခန့်ခွဲ အသုံးပြုတတ်ရန်

ကမ္ဘာ့ရာသီဥတုဖောက်ပြန်လာတာနဲ့အမျှ ရေရရှိနိုင်မှုဟာ အရင်နှစ်တွေကထက် လျော့နည်းလာပါတယ်။ မြေအောက်ရေဆိုတာ ကုန်ဆုံးနိုင်တဲ့သဘာဝအရင်းအမြစ်ဖြစ်လို့ ဆက်တိုက်အလွန်အမင်း အသုံးပြုမယ် ဆိုရင် ကုန်ခမ်းသွားစေပြီး  ‌ဂေဟစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ရေကို ကောင်းစွာစီမံခန့်ခွဲတတ်ဖို့၊ ရေရှည်တည်တံ့ရန် နည်းပညာများ၊ ဆန်းသစ်သော တီထွင်မှုများ ပေးဖို့ ပိုမို လိုအပ်လာပါတယ်။

အစားအစာတွေထုတ်လုပ်ဖို့ ရေကိုလိုအပ်တာဖြစ်လို့ အစားအစာလေလွင့်မှုကို လျှော့ချခြင်းဖြင့်လည်း ရေအသုံးပြုမှုကို လျော့နည်းစေနိုင်ပါတယ်။ အစ္စရေးလိုနိုင်ငံမှာဆိုရင် ရေကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ တိကျသောစိုက်ပျိုးရေးစနစ် (အစက်ချရေသွင်းနည်းစနစ်)ကို ကျင့်သုံးလာကြပါတယ်။ ဒါ့အပြင် ရေဆိုး ရေညစ်များကို  ပြန်လည်သန့်စင်ပြီးလည်း အသုံးပြုနေကြပါတယ်။

ကျွန်ုပ်တို့အသက်ရှင်နိုင်ဖို့ ရေအရင်းအမြစ်အပေါ် များစွာမှီခိုနေရဆဲဖြစ်ပါတယ်။ ရေရဲ့တန်ဖိုးဟာ သူ့ရဲ့ စျေးနှုန်းထက် အဆများစွာ သာလွန်ပါတယ်။ ဒါကြောင့် သန့်ရှင်းသောရေတွေကို ရေရှည်အသုံးချဖို့ဆိုရင် စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာလုပ်ကိုင်နေသူတွေအနေနဲ့ ရေထုညစ်ညမ်းစေသော ပစ္စည်းများ အသုံးပြုမှုကို တတ်နိုင်သမျှအနည်းဆုံးသို့ လျှော့ချဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒါကြောင့် ရေကို စနစ်တကျအသုံးပြုရင်း၊ ရေဆိုးရေညစ်များကို သန့်ရှင်းပေးခြင်းဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးကဏ္ဍကို ကူညီပေးကြပါလို့ အကြံပြုရင်းနဲ့ ဒီဆောင်းပါးလေးနဲ့ အတူ ကမ္ဘာ့ရေနေ့ကို ဂုဏ်ပြုမျှဝေလိုက်ပါရစေ။

Ref: https://www.oxylpro.com/news/what-is-the-role-of-water-in-agriculture/

https://www.myanmarwaterportal.com/news/1577-water-a-worry-for-myanmar%E2%80%99s-farmers.html#:~:text=%22Being%20an%20agricultural%20country%2C%20it,water%20has%20to%20be%20supplied.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်