အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပွင့်ဖြူမြို့နယ်ရှိဒေသများအတွင်း ပန်းမုံလာစိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းနေ

ပွင့်ဖြူမြို့နယ်ရှိဒေသများအတွင်း ပန်းမုံလာစိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းနေ

    မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ဒေသများအတွင်း ပန်းမုံလာစိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံများထံမှ သိရသည်။

အရင်တုန်းက ပန်းမုံလာကို ကျွန်တော်တို့ဒေသဘက်မှာ မစိုက်ကြဘူး။ ရှမ်းပြည်နယ်ဘက်မှာပဲ အစိုက်များတယ်။ ရှမ်းပြည်နယ်ဘက်ကသယ်လာပြီး ရောင်းချတာတွေကိုပဲ ဝယ်စားခဲ့ကြရတယ်။ နောက်ပိုင်း ကျွန်တော်တို့ဒေသဘက်မှာလည်း စမ်းစိုက်ကြည့်ရင်း ဖြစ်ထွန်းတာကြောင့် စိုက်ဖြစ်တာပါ။ ရွာနီးခြောက်စပ်ကဈေးသည်တွေက ကျွန်တော်တို့ဆီလာဝယ်တာနဲ့တင် ရောင်းလို့ကုန်ပါတယ်။ ဈေးသည်တွေကတဆင့်မှ ပွင့်ဖြူနဲ့ မင်းဘူး၊ မကွေးတို့ကို ဆက်ပြီးတင်ပို့ရောင်းချကြတယ်။ တစ်ပွင့်ကို ၄၀၀/၅၀၀ ကျပ် ဈေးရပါတယ်။

ဟု မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ညောင်ကုန်း ကျေးရွာမှ ပန်းမုံလာ(ဂေါ်ဖီပန်းပွင့်) စိုက်ပျိုးသူ ကိုသန်းဌေးအောင် ကပြောသည်။

    မကွေးတိုင်းဒေသကြီးတွင် ပန်းမုံလာပင် စိုက်ပျိုးပါက ဇူလိုင်လမှ နိုဝင်ဘာလအတွင်း မည်သည့်လတွင်မဆို စိုက်ပျိုးနိုင်ကြောင်း သိရသည်။ 

ကျွန်တော်တို့ဒေသက အပူပိုင်းဒေသဖြစ်တဲ့အတွက် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလလောက်ဆို ရာသီဥတုပူလာပြီဖြစ်လို့ မစိုက်သင့်တော့ပါဘူး။ ပန်းမုံလာက အအေးကြိုက်တဲ့အပင်အမျိုးအစားဖြစ်လို့ပါ။ ကျွန်တော်တို့ဘက်ကထွက်တာနဲ့ ဆင်ဖြူကျွန်းဘက်ကထွက်တာနဲ့ တိုက်ဆိုင်သွားတဲ့အချိန်ဆိုရင်တော့ ဈေးကျတတ်တယ်။ အဲ့ဒီအခါ တစ်ပွင့်ကို ၂၀၀ ကျပ်လောက်အထိ ဈေးကျသွားတတ်တယ်။ ၁၂ လပိုင်းဘက်ရောက်မှ စိုက်တဲ့အသီးဆိုရင် ဈေးကောင်းရဖို့ နည်းတာပါ။ အခုချိန်ဆို ဈေးကောင်းရနေတယ်။ စက်တင်ဘာလကုန်ခါနီးကစိုက်ပျိုးထားတဲ့ ပန်းမုံလာတွေပါ။ ပန်းမုံလာက ဈေးကောင်းချိန်ကို ချိန်ဆစိုက်ပျိုးလို့ရတဲ့ သီးနှံပါ။ တစ်ခါတစ်ရံ ရာသီဥတုဖောက်ပြန်တတ်တာက လွဲပြီးပေါ့။

ဟု ၎င်းက ဆက်လက်ပြောသည်။

    စိုက်ပျိုးပြီး ၂ လသားဝန်းကျင်တွင် ခူးဆွတ်ရောင်းချနိုင်ပြီး ပန်းမုံလာ (ဂေါ်ဖီပန်းပွင့်) အပင်ရေ ၁၅၀၀ အတွက် မျိုးဖိုး၊ မြေဩဇာဖိုး၊ ပိုးသတ်ဆေးဖိုး၊ ပလတ်စတစ်အုပ်စိုက်ပျိုးသည့်ကုန်ကျစရိတ် စုစုပေါင်းအနေဖြင့် ငွေကျပ် ၁၅၀,၀၀၀ ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရှိရသည်။

5
အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

စိုက်ပိး၃လရှိပိပန်းမပွင့်သေးလို့ပါ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

စိုက်ပျိုးနည်းလေးသိချင်ပါတယ်ရှင့်

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

ဖေဖော်ဝါရီလမှာစတင်စိုက်ပျိူးထားပါတယ် အဆင်ပြေပါ့မလားဖြေပေးပါရှင့်

အောငငအောင်ဦး

အောငငအောင်ဦး

လွန်ခဲ့သော ၄ နှစ် က

ကျတောစိုက်တာ၂လရှိုပီးဘယ်အခိန်ပန်းပွင့်တာလဲဗျ

အောငငအောင်ဦး

အောငငအောင်ဦး

လွန်ခဲ့သော ၄ နှစ် က

စိုက်နည်းလေးနဲ့ပျိုးနည်းပြောပြပါလာ

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။