ဈေးကွက်ထဲအာလူးအဝင်မရှိလို့ တရုတ်အာလူးရော ရှမ်းအာလူးပါစျေးတက်လာ (စားဖိုဆောင်သီးနှံဈေးကွက်သုံးသပ်ချက်)
ကြက်သွန်ဖြူ
ဒီတစ်ပတ် ကြက်သွန်ဖြူက ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စျေးပြန်ကျပြီး ရှမ်းပြည်နယ်အောင်ပန်း စျေးကွက်မှာတော့ စျေးတန်းငြိမ်နေပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် တစ်ပိဿာကို အရင်တစ်ပတ်က ၂၁၀၀၀ ကျပ်ရှိပြီး ဒီတစ်ပတ်မှာတော့ ၁၉၀၀၀ ကျပ်သာရှိတဲ့အတွက် အရင်အပတ်နဲ့ ယှဉ်ရင် တစ်ပိဿာ ၂၀၀၀ ကျပ်ဈေး ကျပါတယ်။
ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂ က ၁၃၀၀၀၊ ထူး ၃ က၁၄၀၀၀၊ ထူး ၄ က၁၅၀၀၀၊ ထူး ၅ က ၁၆၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် တစ်ပိဿာကို ၅၀၀ ကျပ် ဈေးကျပါတယ်။
ရှမ်းပြည်နယ် အောင်ပန်းကုန်စည်စျေးကွက်မှာတော့ အရင်အပတ်ကစျေးတန်းဖြစ်တဲ့ အောင်ပန်းထူး၂ တစ်ပိဿာ ကို ၁၂၅၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၁၃၅၀၀ ကျပ်၊ အောင်ပန်းထူး ၄ က ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၅၅၀၀ ကျပ်၊ ကြူကုတ်က ၂၀၀၀၀ ကျပ်မှာပဲငြိမ်နေပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီက ဒီတစ်ပတ်မှာလည်း ဈေးပြန်တက်လာပါတယ်။ အရင်အပတ်က ကြက်သွန်စျေးမြင့် တက်ချိန်မှာ တောင်သူတွေရောင်းလိုအားများခြင်း၊ ရက်ပိုင်းအတွင်း မိုးရွာတဲ့အခြေအနေတွေကြောင့် အရောင်းအဝယ်ကတော့ ခပ်မှန်မှန်သာ ရှိတယ်လို့ သိရပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ဆိပ်ဖြူနဲ့ မုံရွာ ကြက်သွန်နီက ၂၆၀၀ မှ ၄၈၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးမြင့်တက်ပါတယ်။ မြင်းခြံ ကံဆင့် ကြက်သွန်နီက ၃၀၀၀ မှ ၄၇၀၀ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။ ပခုက္ကူကြက်သွန်က ၂၇၀၀ မှ ၄၆၀၀ ကျပ်ရှိကာ တစ်ပိဿာကို ၃၀၀ လောက်ဈေးတက်ပါတယ်။
တစ်လအတွင်း ကြက်သွန်နီ တစ်ပိဿာကို ၂၀၀၀ ကျော်ဈေးမြင့်တက်လာခဲ့ပါတယ်။

အာလူး
အာလူးကတော့ ဒီတစ်ပတ် တရုတ်အာလူးရော ရှမ်းအာလူးတွေပါစျေးတက်လာပါတယ်။
ရန်ကုန်ဘုရင့်နောင်မှာ တရုတ်အာလူးအဝင်နည်းကာ တစ်ပိဿာကို ၇၆၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် ၆၀၀ ကျပ်တက်လာပါတယ်။ ရှမ်းအာလူးကတော့ အဝင်မရှိပါဘူး။
ရှမ်းပြည်နယ် အောင်ပန်းကုန်သည်စျေးကွက်မှာလည်း အာလူးတွေစျေးတက်လာပြီး လုပ်ငန်းသုံးအကြော်သီးဆိုက်တွေပစ္စည်းအဝင်ပြတ်နေပါတယ်။
ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာတော့ မျက်နီ S1/ OK က ၇၀၀၀ ကျပ်၊ မျက်နီ OK က ၆၈၀၀ ကျပ်၊ မျက်နီ A1 က ၅၅၀၀ ကျပ်၊ A1ဆွဲမျက်နီက ၅၂၀၀ ကျပ် ရှိလာပြီးလုပ်ငန်းသုံးအကြော်သီးတွေဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ၈၂၀၀ မှ ၈၅၀၀ ကျပ်စျေးပေါက်ပေမယ့်ပစ္စည်းအဝင်မရှိဘဲဖြစ်နေပါတယ်။
ဂျင်း
ဂျင်းတက်ကတော့ ပြည်ပတင်ပို့မှုမရှိတာကြောင့် အရောင်းအဝယ်အေးပြီး စျေးတန်းကလည်းအကျ စျေးတန်းမှာပဲရှိနေပါတယ်။
ဒါကြောင့်ဂျင်းတက်စျေးကွက်က အရည်အသွေးကောင်းရင်ကောင်းသလို အခက်လှရင်လှသလို ပွဲစားစျေးဖြတ်တဲ့အပေါ်မူတည်ပြီးစျေးကွာခြားမှု ရှိနေပါတယ်။
ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းတက်စျေးက ဂျင်းဥမမြေနီအကြီး တစ်ပိဿာကို ၃၅၀၀ ကျပ်၊ ဂျင်းဥမမြေနီအလတ် တစ်ပိဿာကို ၂၅၀၀ မှ ၃၀၀၀ ကျပ်သာ စျေးပေါက်နေပါတယ်။ အောက်တိုဘာလစျေးကွက်ထက် ၅၀၀ လောက်ထပ်ကျလာတာပါ။
မန်ကျည်းသီး
မန်ကျည်းသီးကလည်း ပြီးခဲ့တဲ့လကတည်းက ဈေးမြင့်တက်နေတာဖြစ်ပြီး လက်ရှိမှာတော့ အမြင့်ဆုံး ဈေးတန်းမှာ ရှိနေပါတယ်။ လက်ရှိပေါက်ဈေးဟာ စံချိန်တင် မြင့်တက်နေတာဖြစ်တယ်လို့ မန်ကျည်းသီးကုန်သည်တွေက ဆိုပါတယ်။
လက်ရှိ မန်ကျည်းသီးက ဈေးကွက်ထဲ အဝင်နည်းနေတာဖြစ်လို့ ဈေးတက်နေတာလို့လည်း သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မန်ကျည်းသီး အသားတစ်ပိဿာကို ၉၀၀၀ မှ ၁၁၅၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးတက်ပါတယ်။ မန်ကျည်းသီးပွင့်ကပ်ကတော့ တစ်ပိဿာကို ၃၃၀၀ မှ ၃၆၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။
တစ်လအတွင်း မန်ကျည်းသီးအသား တစ်ပိဿာကို ၃၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
khun hla zaw
လွန်ခဲ့သော ၁ နှစ် ကကျနေညတို့အင်းမာစိုက်ဖို့ အမျိုးဝယ်တာ ၅၅၀၀ကျပ်ပေးရပါတေ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....