ပိုက်လှောင်အိမ်ဖြင့် တီလားပီးယားငါးမွေးမြူနည်း (၁)
ရေလျှော့ချခြင်းနှင့် ပိုက်ဆွဲဖမ်းယူခြင်း မပြုလုပ်နိုင်သော တည်ရှိဆဲရေပြင်နှင့် ရေသတ္တဝါမွေးမြူရန်အတွက် သင့်တော်မှုမရှိသောရေပြင်အနေအထားတို့တွင် လှောင်အိမ်ဖြင့် မွေးမြူခြင်း၊ ပိုက်လှောင်အိမ်အတွင်း ငါးထည့်သွင်းမွေးမြူခြင်းကို အသုံးချနိုင်ပါသည်။

သဘာဝရေကန်များ၊ ရေလှောင်ကန်ကြီးများ၊ ငါးမွေးမြူကန်များ၊ မြစ်များ၊ ရေထုတ်တူးမြောင်းများ၊ မြစ်ဝဒေသများနှင့် ကမ်းရိုးတန်း ပတ်ဝန်းကျင်ဒေသများ စသည်တို့တွင် မွေးမြူနိုင်ပါသည်။
တီလားပီးယားငါးမျိုးကို လှောင်အိမ်ဖြင့်မွေးမြူခြင်းဖြင့် ထည့်သွင်းမွေးမြူမှုနှုန်း တိုးမြှင့်နိုင်ခြင်း၊ ရှင်သန်နှုန်းမြင့်မားခြင်း၊ ကြီးထွားနှုန်းမြင့်မားခြင်း၊ ထွက်ကုန်မြင့်မားခြင်း၊စီမံခန့်ခွဲခြင်းနှင့် ပြန်လည်ဖမ်းဆီးရာ၌ လွယ်ကူခြင်း၊ အသားတိုးမွေးမြူကာလ တိုတောင်းခြင်း စသည့်အကျိုးကျေးဇူးများ ရနိုင်ပါသည်။
လှောင်အိမ်ဖြင့်မွေးမြူခြင်းသည် တီလားပီးယားမွေးမြူခြင်းလုပ်ငန်းအတွက် အဓိကကျသောမွေးမြူနည်းစနစ်ပုံစံတစ်ရပ်ဖြစ်သည်။ နာမည်ကြီးကျော်ကြားသော အမှတ်တံဆိပ်တစ်ခုထူ ထောင်ရန် ပံ့ပိုးသည့်အနေဖြင့် ရေအရည်အသွေးကောင်းမွန်သော ရေလှောင်ကန်ကြီးများနှင့် သဘာဝကန်ကြီးများတွင် လှောင်အိမ်ဖြင့်မွေးမြူခြင်းကို လုပ်ဆောင်ခြင်းဖြင့်ထုတ်ကုန်၏ အရည် အသွေးကို မြှင့်တင်နိုင်ပါသည်။
တီလားပီးယားငါးကို လှောင်အိမ်စနစ်ဖြင့် မွေးမြူရာတွင် -
၁။ လှောင်အိမ်ထားရှိရန် နေရာရွေးချယ်ခြင်း
(က) ရေအနက်
လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်းအတွက် ရေအနက်သည် (၂) မီတာကျော်အနက် ဖြစ်ရမည်ဖြစ်ပြီး လှောင်အိမ်၏အောက်ခြေသည် ရေပြင်အောက်ခြေနှင့် အနည်းဆုံး(၁)မီတာ ဝေးကွာရမည် ဖြစ် သည်။ ရေအလွန်နက်သောနေရာများဆိုပါက နွေရာသီ၌ ပျော်ဝင်အောက်စီဂျင်နိမ့်ကျသော ပြဿနာများပို၍ဖြစ်တတ်သော သဘောရှိပါသည်။
(ခ) ရေအရည်အသွေး
လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်းကို ရေပြင်ကျယ်ပြီး ရေအရည်အသွေးကောင်းမွန်၍ ရေနက်သောနေရာများဖြစ်သည့် သဘာဝရေကန်များ၊ မြစ်များတွင် များသောအားဖြင့် လုပ်ဆောင်ကြပါသည်။ လှောင်အိမ်ကို လေကွယ်ပြီး ရေစီးနှုန်းနှေးသောနေရာ၊ ရေနက်သောနေရာများတွင် ထားရှိရပါမည်။ ရေစီးနှုန်းသည် တစ်စက္ကန့်လျှင် ၀.၁ မီတာမှ ၀.၂ မီတာသာရှိသော ရေပြင်ဖြစ်ရပါမည်။
(ဂ) ရေပြင်အောက်ခြေအခြေအနေ
လှောင်အိမ်ထားရှိမည့် ရေပြင်၏ အောက်ခြေကြမ်းပြင်သည် ရေပေါက်ပင်များနှင့် ကာလကြာရှည် ပြဿနာများ ဖြစ်နိုင်သည့်နေရာ မဖြစ်ရပါ။ ရေပြင်အောက်ခြေသည် ရေနောက်ကျိခြင်းမှ ကာကွယ်ရန် ရွံ့စေးမြေအောက်ခြေ ကြမ်းပြင် ဖြစ်ရပါမည်။
(ဃ) အခြားသော အကြောင်းအရာများ
- လှောင်အိမ်များတပ်ဆင်ထားရှိမည့်နေရာသည် ရေကြောင်းသွားလာမှု အဓိကလုပ်ဆောင်နေသောနေရာများကို ပိတ်ဆို့ခြင်း မဖြစ်စေရပါ။
- ပုံမှန်စီမံခန့်ခွဲမှု ပြုလုပ်ရန်အတွက်လည်း လွယ်ကူအဆင်ပြေသောနေရာ ဖြစ်ရပါမည်။
- လှောင်အိမ်များထားရှိမည့် ရေပြင်နေရာသည် မျက်နှာပြင်၌ အညစ်အကြေးများဖြင့် အဆီဝေ့နေသောရေပြင် မဖြစ်ရပါ။ အောက်စီဂျင်လျော့နည်းသောပြဿနာများ ဖြစ်ပွားသောနေရာလည်း မဖြစ်ရပါ။
- မွေးမြူကာလအတောအတွင်း ရေမျက်နှာပြင်၏ အနိမ့်အမြင့်အတက်အကျသည်(၀.၇) မီတာမှ (၁.၀) မီတာအထိ မဖြစ်စေရပါ။
၂။ လှောင်အိမ်ပုံစံ ဒီဇိုင်းထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်း
(က)လှောင်အိမ်အမျိုးအစားများ
ရေလှောင်ကန်ကြီးများ၌ အသုံးပြုမည့် လှောင်အိမ်များသည် ရေပေါ်လှောင်အိမ်များဖြစ်ရမည်ဖြစ်ပြီး ရေတိမ်သော သဘာဝရေကန်ကြီးများတွင်မူ လှောင်အိမ်များကို ပုံသေတပ်ဆင်အသုံးပြုနိုင်ပါသည်။ လက်ရှိတွင် ရေစီးနေသော မြစ်များအတွင်းတွင် အသုံးပြုရန်အတွက် လှေသင်္ဘောပုံစံလှောင်အိမ်များ ရရှိနိုင်နေပြီဖြစ်ပါသည်။
ရေစီးနေသောဆည်မြောင်းများအတွင်းတွင်မူ ငါးအစာကျွေးခြင်း ထိရောက်စေရန် အတိုင်းအတာအားဖြင့် ၂ မီတာ x ၂ မီတာ x ၁ မီတာ ရှိသော အသေးစားသတ္တုလှောင်အိမ်များ အသုံးပြုနိုင်ပါသည်။
ရေပေါ်ပေါ်သောဖောင်သည် လုပ်ငန်းရပ်(၂) ခုကို ဆောင်ရွက်ပါသည်။ ၎င်း၏ အဓိကလုပ်ငန်းရပ်မှာ ရေမျက်နှာပြင်အနိမ့်အမြင့် ပြောင်းလဲသော်လည်း ရေဝင်ရေထွက်ကောင်းပြီး လှောင်အိမ်တစ်ခု၏စံနှုန်းတစ်ရပ်အတိုင်း ထိန်းထားရန် အသုံးပြုပါသည်။ ငါးမွေးမြူသူများမှ ၎င်းဖောင်ပေါ်တွင် အလုပ်လုပ်နိုင်ရန် တည်ငြိမ်သော အခြေခံအဖြစ်လည်း အသုံးပြုပါသည်။
ရေပေါ်ပေါ်သည့်ဖောင်များတွင် အဓိကအားဖြင့် ကိုယ်ထည်နှင့် ဘောများပါဝင်ပါသည်။ အသုံးပြုမည့် ငွေကြေးပမာဏ၊ လှောင်အိမ်ထားရှိမည့်နေရာ၏ ပတ်ဝန်းကျင်အခြေအနေများနှင့် အလုပ်လုပ်ရန်အတွက် လိုအပ်သောတည်ငြိမ်မှုအတိုင်းအတာများပေါ်မူတည်၍ ဖောင်များ၏ပုံစံအမျိုးမျိုး ကွဲပြားပါသည်။ အသုံးစရိတ်တိုးမြင့်လာခြင်းနှင့်အတူ အောက်ဖော်ပြပါ ဖောင်ပုံစံများရရှိနိုင်ပါသည်။
- (၁) ဝါးနှင့် ဖော့တုံးများ
- (၂) စတီးလ်ပိုက်များနှင့် စည်ပိုင်းများ
- (၃) ရေပေါ်ပေါ်သော ပလတ်စတစ်ဖရိန်ဖောင်များ
- (၄) စက်ဝိုင်းပုံ ရေပေါ်ပေါ်သော လှောင်အိမ်ဖရိန်များ
- (၅) လေးထောင့်ပုံ စတီးလ်ဖရိန်ဖြင့် ရေပေါ်လှောင်အိမ်တွဲများဟူ၍ ရှိကြပါသည်။
Ref; ငါးလုပ်ငန်းဦးစီးဌာန။
(အပိုင်း-၂ တွင် ဖောင်ပြုလုပ်နည်း(၅) မျိုးကို ဆက်လက်ဖော်ပြပေးသွားပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ye lin aung ye lin
လွန်ခဲ့သော ၃ နှစ် ကသဘာဝ ငါကျီ မွေးချင်လို့ အဆင်ပြေပမလား
ဆက်စပ်မေးခွန်းများ
စိုက်ပျိုးရေးတွက်သုံးရေကန်ပါ ငါးထည့်မွေးချင်လို့ဘာငါးမွေးရင်အဆင်ပြေလဲဗျ
ဉီးထွန်း၀င်း • ဖြေကြားချက် 1 ခု
ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။
အောင်ပိုင်ထွေး • ဖြေကြားချက် 1 ခု
ငါး
Zaw Win Htut • ဖြေကြားချက် 0 ခု
ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ
Shine Trading And Manufacturing • ဖြေကြားချက် 3 ခု
ငါးခူမွေးချင်တယ် တာပေါ်လင်ကန်နဲ့ပါ မွေးမြူရေးနည်းပညာနဲ့ စနစ်တကျမွေးမြူပြီး ရေအနေအထားတွေဘယ်လိုပြင်ဆင်ရမလဲ သိချင်ပါတယ်။
Aung Lay • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026