အေးတိအေးစက်နိုင်လို့ သွေးအေးသတ္တဝါလို့ခေါ်ကြတာလား..?
သွေးအေးသတ္တဝါတွေလို့ ပြောလိုက်ရင် ဘာကောင်တွေပါမလဲဆိုတာကို အရင်ဆုံး တွေးကြည့်ကြပါမယ်။ ဘာတွေပါမလဲဆိုတော့
ဖားတွေ၊ ဖားပြုတ်တွေ၊ ဖားမျိုးစိတ်အားလုံးဟာ သွေးအေးသတ္တဝါတွေဖြစ်ကြပါတယ်။
နောက်တစ်ခုကတော့ ရေပုတ်သင်၊ ကုန်းလိပ်၊ ရေမြွေစတဲ့ အကောင်တွေဟာဆိုရင် သွေးအေး သတ္တဝါတွေ ဖြစ်ကြပါတယ်။
သာမန်ဆိုရင်တော့ ကုန်းနေရေနေသတ္တဝါတွေက ကုန်းနေသတ္တဝါတွေလောက်လည်း အဆင့်မြင့်ရှုပ်ထွေးတာမဟုတ်ပေမဲ့ ရေနေသတ္တဝါတွေထက်တော့ အဆင့်မြင့်တာမို့ အလယ်မှာရပ်တည်နေပါတယ်။ ကုန်းနေရေနေဆိုလို့ ကုန်းမှာပဲ ပိုနေနိုင်ကြတယ်။ ရေမှာကျ အကြာကြီးမနေကြတဲ့ သတ္တဝါအမျိုးအစားဖြစ်ပါတယ်။
ကျောရိုးရှိတယ်၊ အသက်ရှုတဲ့အချိန်မှာ ပါးဟက်၊ အရေပြားနဲ့ အဆုတ်တို့ကို သုံးလို့ရပြီးတော့ အကြေးခွံမရှိတဲ့ ပြောင်ချောချော အရေပြားနဲ့ ရေစပ်စပ်နေရာတွေမှာ တွေ့ရတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။
သူတို့ကဂေဟစနစ်ကို ဝန်ဆောင်မှုတွေပေးနိုင်တယ်။
သူတို့ဘဝစက်ဝန်းမှာ သူတို့ဟာ တစ်ခြားအကောင်တွေရဲ့ အစားအစာတွေအဖြစ်လည်း အသုံးတော်ခံရင်းနဲ့ အစာကွင်းဆက်ကြီးထဲမှာ ပါဝင်လှုပ်ရှားနေကြပါတယ်။
သူတို့က ကုန်းနေ ရေနေသတ္တဝါတွေဖြစ်ကြပါတယ်။ ဒီလို ကုန်းနေရေနေသတ္တဝါတွေ အားလုံးကို တစ်နည်းဆိုရင် သွေးအေးသတ္တဝါတွေလို့ ဆိုကြပါတယ်။၊

အင်းဆက်ပိုးမွှားတွေကို အစားအစာအဖြစ် စားတယ်။
လူတွေလို သွေးနွေးသတ္တဝါတွေမဟုတ်တဲ့ သွေးအေးသတ္တဝါ အုပ်စုထဲမှာပါတဲ့ ကိုရွှေဖားတို့ဟာဆိုရင် ခြင်လိုမျိုး အင်းဆက်ပိုးမွှားတွေကိုစားသုံးတာပေးတာကြောင့် လူတွေကို အကျိုးပြုတဲ့ သတ္တဝါတစ်ခုပါ။ သွေးအေးသတ္တဝါတွေလို့ ဆိုလိုက်ရင် ရေပုတ်သင်လည်း ပါဝင်ပါတယ်။ ဆိုတော့ ရေပုတ်သင် ပေါက်စလေးတစ်ကောင်ကနေ တစ်ရက်ကို ခြင်သားလောင်း (ပိုးလောက်လန်း) အကောင် (၄၀၀) လောက်တောင် စားပစ်နိုင်ပါတယ်။ ဖားတွေကလည်း ခြင်တွေကို စားသုံးတာကြောင့်မို့ ဖားနဲ့ ရေပုတ်သင်များ ပေါင်းလိုက်ရင် တစ်ညကို ခြင်ကောင်ရေ တော်တော်များများကို ရှင်းလင်းပစ်နိုင်မှာပါ။
ဖားတွေကို တစ်ချို့နိုင်ငံတွေမှာဆိုရင် အင်းဆက်စားတဲ့ အကောင်တွေအဖြစ် သီးသန့်ကိုမွေးမြူထုတ်လုပ်ရောင်းချနေကြပါပြီ။ တောင်အာဖရိကရဲ့ ပဲပုတ်စိုက်ခင်းတွေမှာ အများဆုံး အသုံးပြုနေကြပါတယ်။ အဲ့တောင်အာဖရိကက ပဲပုတ်စိုက်ခင်းတွေက တစ်ကမ္ဘာလုံးထုတ်လုပ်မှုရဲ့ (၅၀) ရာခိုင်နှုန်းရှိပါတယ်။ အဲ့မှာ အောင်အောင်မြင်မြင် သုံးနေကြပါတယ်။
ဆေးဖက်ဝင်အာနိသင်လည်းရှိတယ်။
ဖားတွေက အဆိပ်လည်းရှိသလို ဆေးဖက်ဝင်တဲ့အာနိသင်တွေရှိတဲ့ အရေပြားကို ပိုင်ဆိုင်ထားတာကြောင့်မို့ သူတို့ကို ဆေးဖက်ဆိုင်ရာလုပ်ငန်းတွေမှာ အများကြီး အသုံးပြုနေကြပါတယ်။ ဥပမာတစ်ခု ပြောရရင်တော့ poison dart မျိုးစိပ် ဖားမျိုးတွေကနေ နာကျင်မှုကို ကုသပေးနိုင်တဲ့ဆေးနဲ့ ကင်ဆာကို ကုသပေးနိုင်တဲ့ ဆေးမျိုး၊ အယ်လ်ဇိုင်းမားကို ကုသပေးနိုင်တဲ့ ဆေးမျိုးထုတ်လုပ်ဖို့ လုပ်ဆောင်နေကြပါတယ်။ တစ်ခြားသော လေ့လာမှုတွေမှာဆိုရင်လည်း ခုခံအားကျဆင်းမှုရောဂါကိုဖြစ်စေနိုင်တဲ့ HIV ဗိုင်းရပ်စ်ပိုးကိုတောင်မှ ဖားအရေပြားစစ်ထုတ်ရည်တွေက တားဆီးပေးနိုင်တယ်လို့တောင် ဆိုထားပါသေးတယ်။
သဘာဝပတ်ဝန်းကျင်မှာ အကျိုးပြုနိုင်မှုတွေလည်းရှိပါတယ်။
ခုတော့ တော်တော်များများ ပျောက်ကွယ်နေပြီဖြစ်ပေမဲ့လို့ မပျောက်ကွယ်ခဲ့ဘူးဆိုရင်တော့ မြောက်အမေရိကန် တောထဲမှာဆိုရင် ခြေတစ်လှမ်းလှမ်းတိုင်းမှာ ရေပုတ်သင်ကောင်လေးတွေက ၈ ကောင်လောက်ထိ ကျောက်တုံးတွေအောက်မှာ၊ ရေထဲမှာ ပုန်းအောင်းပြီးတော့ နေနိုင်ကြပါတယ်။ ဆိုတော့ တွက်ကြည့်ရင် တစ်ဧကမှာ ကောင်ရေ ငါးသောင်းလောက်ရှိနိုင်ပါတယ်။ အဲ့လို သူတို့ရှိနေခြင်းရဲ့ ဇီဝထုဟာ တစ်ကမ္ဘာလုံးနဲ့ဆိုရင် ဘယ်လောက်တောင် များလိမ့်မလဲ၊ ဒီလို Biomass လို့ခေါ်တဲ့ ဇီဝဒြပ်ထုကြီးရှိခြင်းက အစာကွင်းဆက်ကြီးတစ်ခုလုံးမှာ အရမ်းကို အရေးပါပါတယ်။
သူတို့ အသက်ရှင်သန်နေတုန်းမှာလည်း သူတို့ ရဲ့ အဲ့လို ဇီဝထုကြီးရဖို့ စားကြတဲ့ အစားအသောက်တွေ ဖြစ်တဲ့ အင်းဆက်ပိုးမွှားတွေ၊ သူတို့ သေဆုံးတဲ့အချိန်မှာလည်း သူတို့ကို အစားအစာအဖြစ် စားသုံးကြတဲ့ သတ္တဝါတွေလည်းရှိတာမို့ အစာကွင်းဆက်မှာလည်း သူတို့က အရေးပါတဲ့ အစိပ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေကြပါသေးတယ်။
ဆိုတော့ သူတို့ကိုလည်း ရှိသင့်တဲ့ပမာဏမှာ ရှိနေအောင် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုအပ်တာပေါ့။
စိုက်ပျိုးရေးမှာရော သူတို့က ဘယ်လိုတွေ အကျိုးပြုကြပါသလဲ?
သူတို့ စားတဲ့ အစားအစာတွေက အပင်တွေကိုဖျက်ဆီးတဲ့ ပင့်ကူ၊ ခရု၊ ပက်ကျိ၊ စတာတွေနဲ့ လူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ခြင်တွေဖြစ်ပါတယ်။ ညဖက်မှာမှ ပိုစားကြတဲ့သတ္တဝါတွေဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ်တွေကိုလည်း အရမ်းအနှောင့်အယှက်ဖြစ်တဲ့အထဲမှာ မပါပါဘူး။
အုံအွမ် အုံအွမ်နဲ့ တစ်ညလုံး အော်နိုင်တာက လွဲလို့ပေါ့။
ဆိုတော့ ဒီအသံလေးကို သာာယာနာပျော်ဖွယ် သဘာဝရဲ့ အသံတွေပဲလို့ နှလုံးသွင်းရင်းနဲ့ ဝန်းကျင်မပျက် ရေရှည်တည်တံ့တဲ့စိုက်ပျိုးရေး စနစ်ကိုတည်ထောင်နိုင်ကြပါစေခင်ဗျာ။..
Reference
https://my.wikipedia.org/wiki/ကုန်းနေရေနေ_သတ္တဝါ
https://sustainability.colostate.edu/humannature/toadally-awesome-the-hidden-benefits-of-amphibians/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချောင်းသာပေါ်ဆန်း ပျိုးပင်၅၅ရက်သား ရွက်ဖျားခြောက်နေလို့စိုက်ခင်းပြောင်းစိုက်ရန်ဖြစ်နိုင်ပါ့မလား ဆေးသုံးရင်လဲဘယ်လိုဆေးသင့်မလဲပြောပေးစေလိုပါတယ်ဓါတ်ပုံပို့ပေပါတယ်
U Myint Naing • ဖြေကြားချက် 2 ခု
မြေခံဓာတ်မြေသြဇာကို ကြဲစက်မဆွဲခင်ထည့်ရတာလား ကြဲစက်ဆွဲပီးမှထည့်ရတာလားဗျ
Aung Ko Zin • ဖြေကြားချက် 1 ခု
ခရမ်းပင် ဂျားထည်းမှာ တိုင်ထောင်ပဲ သီးညပ်ထည့်စိုက်လို့ရလားခရမ်းစိုက်ဘောင်အကြယ်ကတော့ ၃တောင် ပင်စင် ကတော့ ၂တောင်ချားထားပါတယ်
စိုးငြိမ်းထွန်း • ဖြေကြားချက် 1 ခု
ဝက်ဝယ်သူတွေမရှိတာဆိုးတယ်နော် ရှိတော့လည်း စျေးနှိမ်ကျတယ် တကယ်အစစ်အမှန်ကုန်သည်နဲ့တွေကျတယ် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် တိုက်စွန်းအောက်အင်းကျေးရွာ အောက်အင်းကျေးရွာကပါ ကူညီကြပါအုန်း အဆက်အသွယ်ကောင်းတွေနဲ့
Han Min Htut • ဖြေကြားချက် 0 ခု
မြေဆီလွားပျက်စီလို့ဘယ်လို့မျိုးလုပ်ရမလဲ
win kyaw kyaw • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026