အင်တာနက် သုံးရင် ဒေတာ ဘယ်လော က်ကုန်မလဲ
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဖုန်းလုံခြုံအောင် ပြုလုပ်ရမယ့် နည်းလမ်းတွေ အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ယခု တစ်ပတ်မှာတော့ ဖုန်းသုံးတဲ့ အခါ အင်တာနက် (Data) မိမိဘယ်လောက်သုံးလဲ ဆိုတာကို အကြမ်းဖျင်း မှန်းလို့ ရမယ့် နည်းလမ်းလေးကို တောင်သူ ဦးလေး ဒေါ်လေးတို့အတွက် မျှဝေပေးပါမယ် ခင်ဗျ။
ဖုန်း အသုံးပြုတဲ့အခါမှာ ဒေတာ (Data) တွေက ဘာမှမသုံးရသေးဘဲ ကုန်သွားတယ်ဆိုတာ ပြောဖူးကြမယ် ထင်ပါတယ်။ တကယ်တော့ ဒေတာတွေ (Data) တွေ အကုန်မြန်တာ မိမိကိုယ်တိုင် သုံးတာများသွားလို့ပဲ ဖြစ်လေ့ရှိပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ အင်တာနက်သုံးရင်း မြင်နေရတဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေ အကုန်လုံးက အင်တာနက်ပေါ်က ဒေါင်းလုဒ် (download) ဆွဲချနေတာဖြစ်ပါတယ်။ မိမိ (Data) ဘယ်လောက်သုံးတယ်ဆိုတာ မှန်းလို့ရအောင် နည်းလမ်းလေးတွေ မျှဝေပေးသွားပါမယ် ခင်ဗျ။
ဖေ့စ်ဘုတ် (Facebook) သုံးကြတဲ့ တောင်သူတွေ ရှိမယ်ထင်ပါတယ်။
ဖေ့စ်ဘုတ် ဟာ ဒေတာရော ဘက်ထရီပါ ကုန်တာများတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။ အထက်မှာ ပြောပြခဲ့သလိုပဲ ဖေ့စ်ဘုတ်မှာ ပုံအသစ်တွေ၊ ဗီဒီယိုအသစ်တွေ၊ ကြော်ငြာအသစ်တွေ မြင်ရတယ်ဆိုတာ ဒေါင်းလုဒ်လုပ်နေရတာ ဖြစ်ပါတယ်။ ဆယ်လ်ဖီ (selfie) ပုံ ၁ ပုံဆို 100KB ကနေ 300KB ထိရှိပြီး၊ အနောက်ကင်မရာနဲ့ရိုက်ထားတဲ့ ပုံဆိုရင် 400KB ကနေ 700KB အထိရှိပါတယ်။ 1024 KB ဆိုတာ 1 မီဂါဘိုက် (MB) ဖြစ်တာမို့လို့ တစ်ခါပွတ်လိုက်တိုင်း မီဂါဘိုက် (MB) နဲ့ချီပြီး ဒေတာတွေစားသွားပါတယ် ၊ ကင်မရာ အကောင်းစားဖုန်းတွေနဲ့ ရိုက်တဲ့ပုံတွေဆိုရင်တော့ ပုံတစ်ပုံဟာ 1 - 2 မီဂါဘိုက် (MB) လောက်ရှိပါတယ်။
ဖေ့စ်ဘုတ် ပေါ်က ဗီဒီယိုတွေကတော့ နည်းနည်း မှန်းရခက်ပါတယ်။ တိရိစ္ဆာန်လေးတွေ နဲ့ အထူးအဆန်း ဗီဒီယိုတွေဆို 10 မီဂါဘိုက် (MB) လောက်ရှိပါတယ်။ ကြည်လင်ပြတ်သားတဲ့ HD ဗီဒီယိုတွေဆိုရင် 30 မီဂါဘိုက် (MB) လောက်ရှိပါတယ်။ ဗီဒီယိုတွေက ဒေတာ အစားဆုံးပါပဲ။ တိုက်ရိုက်လွှင်တဲ့ ဘောလုံးပွဲတွေ၊ ဖျော်ဖြေရေးပွဲတွေဆိုရင် ပုံမှန်ထက် ဒေတာ ပိုစားပါတယ်။ ဒေတာ ချွေတာချင်ရင်တော့ တိုက်ရိုက်လွှင့်တာတွေ မကြည့်သင့်ပါဘူးခင်ဗျ။ အင်တာနက် ဒေတာ မိမိဘယ်လောက်သုံးလဲ ဆိုတာ အကြမ်းဖျင်းမှန်းလို့ ရသွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။
ယခင်တစ်ပတ်က ဖုန်းလုံခြုံအောင် ပြုလုပ်ရမယ့် နည်းလမ်းတွေ အကြောင်း ဖော်ပြခဲ့တဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ဖုန်း လုံခြုံစိတ်ချဖို့ ဘာတွေလုပ်သင့်လဲ
Tokyo Mobile (Facebook Page)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....