ဖုန်း လုံခြုံစိတ်ချဖို့ ဘာတွေလုပ်သင့်လဲ ?

02/11/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

      “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဂျီပီအက်စ် (GPS) အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့ အသုံးပြုနေတဲ့ ဖုန်းတွေ လုံခြုံစိတ်ချရအောင် ဘာတွေလုပ်ဆောင်သင့်တယ် ဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ 

၁။ ဖုန်းကို လော့ခ်ချထားပေးပါ

      မိမိရဲ့ ဖုန်းကိုလော့ခ်ချထားမယ်၊ လျှို့ဝှက်ကုဒ် ခံထားမယ်ဆိုရင် မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံသလို မတော်တဆ ဖုန်းအခိုးခံရမယ် ဆိုရင်တောင် တခြားသူအလွယ်တကူ ဖွင့်နိုင်မှာ မဟုတ်ပါဘူး။ 

၂။ ဖုန်း ဂျီပီအက်စ် ဖွင့်ထားပါ 

      အန်းဒရွိုက်ဖုန်းတွေမှာ ဂူးဂဲဆက်တင်အက်ပ် (Google Setting App) နဲ့ Tap Security ထဲဝင်ပြီး Android Device Manager ရဲ့ အောက်မှာ ရှိတဲ့ Remotely Locate this Device နဲ့ Remote Lock and Erase ကိုဖွင့်ထားမယ် ဆိုရင် ဖုန်း မတော်တဆ ပျောက်သွားလို့ အရေးကြီး အချက်အလက်တွေ၊ လူသိမခံချင်တာတွေဆိုရင် ကွန်ပျူတာကနေ ဂျီပီအက်စ် (GPS) နဲ့ ခြေရာခံပြီး လှမ်းဖျက်နိုင်မှာ ဖြစ်ပါတယ်။ 

၃။ ဖုန်းမှာ အင်န်တီဗိုင်းရပ်စ် မသုံးပါနဲ့ 

      ဗိုင်းရပ်စ်ပိုး မဝင်အောင် ကာကွယ်ပေးတဲ ဆော့ဝဲလ်တွေ ထည့်ထားရင် တစ်ခါတစ်ရံ မားလ်ဝဲလ် (Malware) ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖုန်းထဲဝင်ပြီး ဖိုင်တွေ အလွယ်တကူ ပျက်တတ်ပါတယ်။ 

၄။ ဖုန်းထဲက ဆော့ဝဲလ်တွေကို အလိုအလျောက် အဆင့်မြှင့်တင်မှု (Update) လုပ်ခွင့် မပေးပါနဲ့ 

      အက်ပ်  (App) တစ်ခုကို အဆင့်မြှင့်တင်မှု လုပ်တဲ့အခါ တိုက်ခိုက်ချင်သူတွေ အနေနဲ့ ကြားဖြတ်ဝင်ရောက်ပြီး အိတ်စ်ပလိုအစ်ဘာ့ (Exploitbugs) လို ဆော့ဝဲလ်တွေကို အဆင့်မြှင့်တင်မှု လုပ်နေတဲ့ အက်ပ် (App) တွေထဲ ထည့်လိုက်မှာ ဖြစ်ပါတယ်။ ဂူးဂဲလ်မှာ လိုင်စင်ရှိတဲ့ အက်ပ် (App) ကိုပဲ အဆင့်မြှင့်တင်ဖို့ အကြံပြုပါတယ်။ 

      တောင်သူ ဦးလေး ဒေါ်လေးတို့လည်း ဖော်ပြပါ နည်းလမ်းလေးတွေ သုံးပြီး မိမိဖုန်းကို လုံခြုံအောင် ပြုလုပ်ထားနိုင်ပါတယ်နော်။ 

      ယခင်တစ်ပတ်က ဂျီပီအက်စ် (GPS)  အကြောင်း ဖော်ပြခဲ့တဲ့  ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဂျီပီအက်စ် (GPS) ဆိုတာ ဘာလဲ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်