အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း

အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း

Green Way
Green Way • 11/01/2021

        “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဒစ်ဂျစ်တယ် စာပေတတ်မြောက်မှု အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ပတ်ဝန်းကျင်မှာ  မကြာခဏတွေ့မြင်နေရသလို အရေးလည်းကြီးတဲ့  အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း ဆိုတဲ့အကြောင်းကို တောင်သူ ဦးလေး ဒေါ်လေးတို့သတိပြုနိုင်အောင် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ 

        တောင်သူ ဦးလေး ဒေါ်လေးတို့ ကိုယ့်ပတ်ဝန်းကျင်မှာရော ကိုယ်တိုင်ရော အွန်လိုင်းကနေ ငွေကြေးအလိမ်ခံရတာတွေကို ကြုံဖူး ကြားဖူးမယ် ထင်ပါတယ် ခင်ဗျ။ ယခုလက်ရှိ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် လူအများစုဟာ အိမ်မှာပဲနေပြီး အင်တာနက်သုံးရင်း ဖုန်းနဲ့ အချိန်ကုန်လေ့ရှိကြပါတယ်။ ယခုအချိန်ကို အခွင့်ကောင်းယူပြီး မသမာသူတွေက အွန်လိုင်းကနေရော ဖုန်းနဲ့ပါ ငွေကြေးလိမ်လည်မှုတွေကို နည်းမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။ လေ့လာကြည့်ရအောင်လား ခင်ဗျ။

အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ရာမှာ 

- ကံစမ်းမဲ ပေါက်သည့်အတွက် ငွေသိန်းချီရမည်ဖြစ်ပြီး ကုန်ကျစရိတ်အား ငွေကြိုလွှဲပေးခိုင်းပြီး လိမ်လည်ခြင်း 

- စိုက်ပျိုး စရိတ်ချေးငွေ၊ SMEs (အသေးစား အလတ်စား စီးပွားရေးလုပ်ငန်း) လုပ်ငန်းများအတွက် ချေးငွေ လွှဲပေးမည်ဟု မက်လုံးပေး၍ အာမခံကြေး ဦးစွာလွှဲပေးရန် လိမ်လည်ခြင်း  

- ပစ္စည်းဝယ်ယူရာတွင် ငွေကြိုလွှဲခိုင်းပြီး လိမ်လည်ခြင်း 

- ငွေ ၁ သောင်းတန်ပေးလျှင် ၆ ဆ အနေဖြင့် ငွေ  ၆ သောင်း (ငွေအတု) လဲလှယ်ပေးမည်ဟု လိမ်လည်ခြင်း 

- ဖေ့စ်ဘုတ်တွင် မိမိ၏ သူငယ်ချင်း မိတ်ဆွေရုပ်ပုံအသုံးပြုပြီး အကောင့်အတုဖွင့်ကာ ပိုက်ဆံချေးပြီး လိမ်လည်ခြင်း 

- အွန်လိုင်းလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံပါက လစဥ်ဝင်ငွေရမည်ဆိုကာ လိမ်လည်ခြင်း 

      စသည်ဖြင့် နည်းလမ်းများစွာ ရှိနေတာကြောင့် တောင်သူ ဦးလေး ဒေါ်လေးတို့ အနေနဲ့ သတိပြုသင့်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ မြင်သမျှကို လွယ်လွယ်မယုံသင့်ပါဘူး ခင်ဗျ။ လူပုံမပါ နာမည် မှန် ဟုတ်/မဟုတ် မသေချာသော၊ အပြင်မှာ လူချင်းမသိသော အကောင့်များ၊ မိမိမသိသော ဖုန်းနံပါတ်အစိမ်းများနဲ့  ဖေ့စ်ဘုတ်စာမျက်နှာများကို အလွယ်တကူမယုံသင့်ကြောင်း သတိပြုရပါမယ်။ မိမိအနေနဲ့ မသင်္ကာစရာကြုံတွေ့ခဲ့ရင်လည်း ပတ်ဝန်းကျင်မှ သိနားလည်ပြီး တတ်ကျွမ်းတဲ့ သူတွေနဲ့ ပြောပြတိုင်ပင်ဖို့ ကိုလည်း  အကြံပြုလိုက်ရပါတယ် ခင်ဗျ။

        ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ ဒစ်ဂျစ်တယ် စာပေတတ်မြောက်မှု ဆိုတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

Digital Literacy (ဒစ်ဂျစ်တယ် စာပေတတ်မြောက်မှု)ဆိုတာ ဘာလဲ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
MarMarTun

MarMarTun

လွန်ခဲ့သော ၅ နှစ် က

မှန်တယ်

You

ဆက်စပ်မေးခွန်းများ

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 0 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။