အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ယူကျူ့(Youtube) အကြောင်းသိကောင်းစရာ

ယူကျူ့(Youtube) အကြောင်းသိကောင်းစရာ

Green Way
Green Way • 04/10/2021

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။

ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့ကို Youtube (ယူကျူ့) အကြောင်းကိုပြန်လည် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

Youtube (ယူကျူ့) ဟာ ၂၀၀၄ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ Google (ဂူးဂဲလ်) ကနေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ယူကျူ့ ဟာ ဂူးဂဲလ် ပြီးရင် ဒုတိယမြောက် အကြီးဆုံး ရှာဖွေရေး အင်ဂျင် တစ်ခုဖြစ်ပါတယ်။ ယူကျူ့မှာဆိုရင် မိနစ်နဲ့အမျှ ဗီဒီယိုတွေ တင်ပေးနေတာ ဖြစ်ပါတယ်။

ယူကျူ့ကို ဝင်ရောက်အသုံးပြုနေတဲ့ လစဥ် လူဦးရေဟာ ကမ္ဘာတစ်ဝန်း သန်း ၂၀၀၀ ဝန်းကျင်ရှိပါတယ်။ အဲ့ထဲကမှ လူဦးရေ သန်း ၁၀၀၀ ဝန်းကျင်ဟာ ဖုန်းတွေကနေ နေ့စဥ်အသုံးပြုနေတာ ဖြစ်ပါတယ်။ ယူကျူ့မှာဆိုရင် ဘာသာစကားပေါင်း ၇၆ ဘာသာကိုအသုံးပြုပြီး ဗီဒီယိုတွေကို လေ့လာကြည့်ရှုနိုင်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ယူကျူ့မှာ မိမိ စိတ်ဝင်စားတဲ့အကြောင်းအရာကိုမူတည်ပြီးတော့ပဲဖြစ်စေ၊ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေ ရှာဖွေချင်လို့ပဲ ဖြစ်စေ တောင်သူ ဦးလေး ဒေါ်လေးတို့ အနေနဲ့ ဖုန်းနဲ့ အင်တာနက်လိုင်းသာ ရှိမယ်ဆိုရင် အလွယ်တကူ ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ် ခင်ဗျ။

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

ဖုန်းတွေရဲ့ လိုင်းဆွဲအားများအကြောင်း

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြလိုပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။