ဆီးချို၊ သွေးတိုး လျော့စေပြီး အသည်း၊ နှလုံးကို ကျန်းမာစေတဲ့ 'ယာကွန်'
အင်္ဂလိပ်အမည် - Yacon
ရုက္ခဗေဒအမည် - Smallanthus sonchifolius
ယာကွန်ဟာ နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး အဓိကအားဖြင့် အပင်ရဲ့ အမြစ်နဲ့ အရွက်အတွက် စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ယာကွန်အပင်ရဲ့ မြေပေါ် မြေအောက် အစိတ်အပိုင်းတွေဟာ စားသုံးနိုင်ပြီး ဆေးဖက်လည်းဝင်တာကြောင့် လူသိများတာ ဖြစ်ပါတယ်။
၎င်းရဲ့ အမြစ် (ဥ) ကိုတော့ အစိမ်းအတိုင်း စားသုံးနိုင်ပြီး အရွက်တွေကိုတော့ ယာကွန်ရွက်ခြောက် (လက်ဖက်ခြောက်) ကဲ့သို့ ပြုလုပ်ပြီးတော့ သောက်သုံးနိုင်ပါတယ်။

ဆေးဖက်ဝင်တဲ့ ယာကွန်ရွက်ခြောက်ကို ရေနွေးကြမ်းထဲမှာ ပုံမှန်ထည့်သွင်း သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်နဲ့ သွေးကြောထဲမှာ မလိုအပ်တဲ့ အဆီဓာတ်၊ သကြားဓာတ်နဲ့ ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။ ယာကွန်ရွက်ခြောက် ရေနွေးကြမ်းကို သောက်သုံးပေးခြင်းဖြင့် ယခုလို မိုးရာသီအချိန်မျိုးမှာ ဖြစ်ပွားတတ်တဲ့ အအေးမိတာ ဖျားနာတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ယာကွန်ရဲ့ အမြစ် (ဥ) ဟာ အရည်ရွှမ်းပြီး အချိုဓာတ်ပါရှိတဲ့အတွက် ယာကွန်အရည်နဲ့ အမှုန့်တို့ကို အစားအစာအမျိုးမျိုး ထုတ်လုပ်ရာမှာ သကြားအစားထိုးအနေနဲ့လည်း အသုံးပြုကြလေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်တော့ တောင်ပေါ်ဒေသတွေ ဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ယာကွန်ကို အများဆုံးစိုက်ပျိုးအောင်မြင်နေကြပြီ ဖြစ်ပါတယ်။ ရေကန်စွန်းဥလို့လည်း ခေါ်ကြတယ်လို့ ဆိုပါတယ်။
ယခုဆောင်းပါးမှာတော့ ယာကွန်အမြစ် (ဥ) ကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ပါဝင်တဲ့ အာဟာရဓာတ်များ
- ယာကွန်မှာ ဗီတာမင် ဘီ(1)၊ ဗီတာမင် ဘီ (2)၊ ဗီတာမင် စီ၊ နိုင်ရာစင် (niacin)၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖောရပ်စ် စတဲ့ ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာ ဖြစ်ပါတယ်။
- ဗီတာမင် အုပ်စုကတော့ ဇီဝဖြစ်စဥ်ဆိုင်ရာ ချို့ယွင်းမှုတွေကို ကာကွယ်ပေးနိုင်ပြီး နိုင်ရာစင် (niacin) ဓာတ်တွေကတော့ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်ပါတယ်။
- ဒါ့အပြင် ယာကွန်မှာ ဆလီနီယမ် (selenium)၊ ကဖင်း (caffeic) နဲ့ ဖီနောလစ် ဒြပ်ပေါင်း (phenolic) တွေလည်း ပါဝင်နေတာဖြစ်ပြီး ဆဲလ်များ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်တယ်လို့ ဆိုပါတယ်။
အစာခြေစနစ်ကို ကောင်းမွန်စေခြင်း
ခန္ဓာကိုယ်ရဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ ကောင်းမွန်တဲ့ ဘက်တီးရီးယား (probiotic) နဲ့ ၎င်းတို့ရဲ့ အစာ (prebiotic) တွေ ပေါပေါများများ ရှိနေမှသာ အူလမ်းကြောင်းရဲ့ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
ယာကွန်ရဲ့ အမြစ်ဟာ (prebiotic) ဖြစ်တဲ့အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ ရှင်သန် ပွားများလာစေဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ အူလမ်းကြောင်းမှာ အကျိုးပြုဘက်တီးရီးယားတွေ ရှိနေတဲ့အခါ အစာခြေစနစ်ကို ကောင်းမွန်စေသလို ကျွန်ုပ်တို့ စားသုံးလိုက်တဲ့ အာဟာရဓာတ်တွေကိုလည်း ပိုမိုစုပ်ယူနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။
ထို့ကြောင့် ယာကွန်အမြစ် (ဥ) ကို စားသုံးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သလို အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
သွေးလည်ပတ်မှု ထိန်းညှိပေးခြင်း
ယာကွန်မှာ ပိုတက်စီယမ်ဓာတ်တွေ များစွာပါဝင်နေခြင်းဟာ နှလုံးကျန်းမာရေးအတွက် များစွာအကျိုးရှိစေတာ ဖြစ်ပါတယ်။
ပိုတက်စီယမ်ဓာတ်ဟာ သွေးကြောတွေကို ပြေလျော့စေနိုင်ပြီး နှလုံးသွေးကြော စနစ်တစ်ခုလုံးကို တင်းမာမှု နည်းပါးစေတာ ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ နှလုံးကနေ ခန္ဓာကိုယ်အနှံ့ကို ကျန်းမာတဲ့ နှုန်းထားနဲ့ သွေးတွေကို ညှစ်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ကျန်းမာတဲ့ သွေးစီးဆင်းမှုရှိနေမယ်ဆိုရင် သွေးခဲတာမျိုးတွေကို ကာကွယ်ပေးနိုင်ပြီး သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်တာမျိုးတွေကို ကောင်းစွာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးနိုင်ခြင်း
ယာကွန်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေဟာ ကာဗိုဟိုက်ဒရိတ် မြင့်မားတဲ့ အစားအစာတွေကနေ ရရှိတဲ့ သကြားဓာတ်တွေကို စုပ်ယူထားခြင်းကနေ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသည်းအတွင်းမှာရှိတဲ့ ဂလူးကို့စ်ထုတ်လုပ်မှု ပမာဏကိုလည်း လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။
တကယ်လို့ ဆီးချိုရောဂါရှိနေတဲ့ သူဟာ ယာကွန်အမြစ်ကို စားသုံးတာ (သို့မဟုတ်) ရွက်ခြောက်ကို လက်ဖက်ရည်ထဲမှာ ပုံမှန်ထည့်သွင်း သောက်သုံးတာမျိုး ပြုလုပ်မယ်ဆိုရင် သွေးတွင်းသကြားဓာတ် ပါဝင်မှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပြီး ဆီးချို၊ သွေးချို ရောဂါများကိုလည်း လျော့နည်းသက်သာစေမှာ ဖြစ်ပါတယ်။
အသည်းကျန်းမာရေး ကောင်းစေခြင်း
အသည်းဟာ အစာခြေလမ်းကြောင်းမှ သွေးတွေကို စစ်ထုတ်ပြီး ခန္ဓာကိုယ်မှ ဓာတုပစ္စည်းတွေကို သန့်စင်ပေးတဲ့ အလုပ်ကို လုပ်ပေးတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ်ပမာဏကိုလည်း ထိန်းညှိပေးပြီး သွေးတွင်း သကြားဓာတ်တွေကို တသတ်မတ်တည်း ပြုလုပ်ပေးကာ ကျန်းမာစေတာ ဖြစ်ပါတယ်။
ယာကွန်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ သွေးတွင်းသကြားဓာတ်ကို မြှင့်တင်ပေးနိုင်တာကြောင့် အသည်းဟာ ဂလူးကို့စ်ပမာဏကို ခက်ခက်ခဲခဲ ထိန်းညှိပေးစရာ မလိုတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသည်းကိုကျန်းမာစေပြီး ပုံမှန်လည်ပတ်နိုင်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ယာကွန်အမြစ်ကို ပုံမှန်စားသုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်အလေးချိန် လျော့ကျစေခြင်း
ယာကွန်ဟာ ကစီဓာတ်များစွာ မပါဝင်ဘဲ ကယ်လိုရီလည်းနည်းကာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျအောင် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယာကွန်မှာ အစာချေဖျက်မှုဆိုင်ရာ ကောင်းကျိုးတွေလည်း ရှိနေတာကြောင့် ဝမ်းချုပ်တာမျိုးတွေကိုလည်း ကောင်းကောင်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဆိုတော့ အသီးအနှံတွေပဲစားပြီး ညစာမစားဘဲ ဝိတ်ချဖို့ စဥ်းစားနေတဲ့သူတွေဆိုရင် ကျန်းမာရေးအတွက် အကျိုးများစွာရှိနေတဲ့ ယာကွန်ကို ထည့်သွင်းစဥ်းစားသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက် - https://rowdybars.com/
https://www.organicfacts.net/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဇင်ထူးနိုင်
လွန်ခဲ့သော ၄ နှစ် ကဆော့ဝဲထဲက စျေးတန်းကြီးဆိုတဲ့ နေရာမှာ အဝယ်ပို့စ် တင်ကြည့်လိုက်ပါဗျ
မောင်စိုးသူ
လွန်ခဲ့သော ၄ နှစ် ကစိုက်လိုပါတယ်မျိုးဘယ်လိုဝယ်ရလဲ
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026