သခွားသီးနဲ့ အကျိုးကျေးဇူး
တို့စားတဲ့ သခွားသီး၊ မျက်နှာပေါ်တင် ပေါင်းတင်တဲ့ သခွားသီး ဘာတွေကောင်းမလဲဆိုတော့ သေချာအောင်လေ့လာကြည့်တော့ ဘာတွေတွေ့လဲဆိုတော့ကာ…….
(၁) အာဟာရအများကြီးပါတယ်လေ………၊ ရှယ်ပဲ ကယ်လိုရီ၊ အသားဓာတ်၊ ပရိုတင်း၊ အမျှင်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီ့စ် တွေပါပြီးတော့ အဆီကတော့ ဇီးရိုးပါတဲ့။ ရေလည်း အများကြီးပါသေးတယ်။ သခွားသီး တစ်လုံးလုံးမှာ ၉၆ ရာခိုင်နှုန်းလုံးက ရေပါတဲ့။
(၂) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။ အဲ့တော့ နာကျင်တာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
(၃) ဝိတ်ကျတယ်တဲ့ အမတို့ရေ…. ဆလင်းဘော်ဒီတွေဖြစ်ချင်ရင် စားသာစားကြနော်။ သခွားသီး (၁၀၀) ဂရမ်လုံးမှာမှ အဆီက ၁၅ ကယ်လိုရီလောက်ရှိတာ ဆိုတာကတစ်ကြောင်းဆိုတော့ ၁၁ အောင်စ စားရင်တောင် ကယ်လိုရီ (၄၅) ပဲ ပါမှာဆိုတော့ စားသာစား ဝိတ်တက်ဖို့တော့ မပူနဲ့တော့။ သုပ်စားစား ပြုတ်စားစား။
(၄) သွေးတွင်း အချိုဓာတ်ကို လျော့ချပေးနိုင်ပါတယ်။ အဲ့တော့ ဆီးချိုသမားတွေ အချိုစားပြီးရင် သခွားသီးလေးသာကိုက်လိုက် အေးဆေးပါပဲ။ ကျန်းမာရေးအတွက် ဓာတ်စာက ပိုကောင်းပါတယ်နော်။ ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေရှိတယ်လေ။ အစကတည်းကဆို ဆီးချိုကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
(၅) ဝမ်းချုပ်နေလား..သခွားသီးကိုစားလို့ ပြောရမလိုဖြစ်နေပြီ။ ရေကလည်း အများကြီးပါတယ်။ ပြီးတော့ အမျှင်ဓာတ်တွေလည်း ပါတာကြောင့်မို့ ဝမ်းချုပ်တာကို သက်သာစေပြီး ဝမ်းမှန်စေပါတယ်။
(၆) ရေဓာတ်နဲ့ ပြည့်ဝနေစေပါလိမ့်မယ်။ ရေတွေ အများကြီးပါဝင်တာကြောင့်မို့ ရေဓာတ်ပြည့်ဝနေမယ် ဆိုတာကတော့ ငြင်းစရာရှိမယ်မထင်ပါဘူးနော်။
(၇) အပူတွေ ကင်းစေပါတယ်။ သခွားသီးစားတော့ ကိုကိုတို့ အပူငြိမ်းတာပေါ့။ အတွင်းအပူတင်မကဘူးနော်။ အပြင်ဖက်က နေလောင်တာတို့အတွက်လည်း သုံးလို့ရတယ်တဲ့။
(၈) အဆိပ်တွေကို ကျောက်ကပ်နဲ့ပေါင်းပြီး အတူတူတိုက်ထုတ်ပေးပါတယ်တဲ့။ အေ ဘီ စီ စတဲ့ ဗီတာမင်တွေကြောင့် အားပြည့်လန်းဆန်းနေမှာပါ။ မုန်လာဥနီ၊ ဟင်းနုနွယ်တို့နဲ့ ရောစပ် ကြိတ်သောက်ရင် ပိုတောင်ကောင်းတယ်ဆိုပါတယ်။
(၉) အသားအရေလှစေတဲ့ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ စီလီကွန် စတာတွေ ပါဝင်ပါသေးတယ်။
(၁၀) ဝိတ်ကျစေပါတယ်။ သုပ်စားစား၊ တို့စားစား၊ စွပ်ပြုတ်ပဲလုပ်သောက်သောက် ဝိတ်ချချင်တဲ့သူတွေ သုံးလို့ရပါတယ်နော်။
(၁၁) မျက်စိကို ကောင်းစေတယ်။ သခွားသီးကိုပါးပါးလှီးပြီးတော့ မျက်စိမှာကပ်ပေးရင် မျက်ဝတ်အိတ်အတွက်လည်း ကောင်းစေပါတယ်။
(၁၂) သွေးပေါင်ချိန်ကိုလည်း မှန်စေပါတယ်။ အတက်အကျ ကြမ်းတဲ့သူတွေ သခွားသီးတို့စားလိုက် ပါ။ သွေးပေါင်ချိန်ကို မှန်နေအောင် ထိန်းပေးနိုင်ပါတယ်တဲ့။
(၁၃) ခံတွင်းအနံကောင်းအောင်လို့ သခွားသီးကို အရည်လုပ်သောက် ပလုတ်ကျင်းလို့ရပါတယ်တဲ့။ ကစ်ပြီး အနံ့ပျောက်ချင်တယ်ဆိုရင်တော့ ဘယ်ဖြစ်နိုင်မလဲပေါ့လေ.. ။
(၁၄) ဆီလီကာ ပါဝင်နေတာကြောင့်မို့ ဆံပင်နဲ့ လက်သည်းတွေအတွက် ကောင်းတယ်။
(၁၅) ကြွက်သားနဲ့ အဆစ်အမြစ်တွေကို ချောမွေ့စေပါတယ်။ လုပ်ဆောင်ချက်တွေကိုလည်း အားပေးပါတယ်။
ထွန်းဝင်းကျော်
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026