ရှားစောင်းလက်ပတ်ကို အစားအသောက်အနေနဲ့ အမျိုးမျိုးလုပ်စားကြရအောင်
ရှားစောင်းလက်ပတ်ကို အလှအပမှာသုံးကြတာကိုအားလုံးသိမှာပါ။ ရှားစောင်းလက်ပတ်ဟာ အသားရည်ကို ချောမွေ့စေတယ်၊ ပိုးသတ်နိုင်တဲ့အစွမ်းနဲ့ ရောင်ရမ်းနာကျင်မှုလျှော့ချနိုင်တာကြောင့် ဝက်ခြံတွေကို သက်သာစေတယ်။ အနာရွတ်ဟောင်းတွေ ချောမွေ့လာပြီး မှေးမှိန်စေတယ်။ အကြောပြတ်ရာတွေကို သက်သာစေတယ်။ နေလောင်ဒဏ်နဲ့ မီးလောင်ဒဏ်ရာတွေကိုသက်သာစေတာကြောင့် အတွင်းသားဂျယ်ကို တော်တော်များများက သဘာဝအတိုင်းအနေနဲ့ရော အလှကုန်တွေမှာပါ ထည့်သွင်းသုံးလာကြပါတယ်။ ယခုအခါမှာတော့ မြန်မာနိုင်ငံမှာ စားသုံးမှုနည်းတဲ့ ရှားစောင်းလက်ပတ်ကို ဘယ်လိုပြုလုပ်စားသုံးကြမလဲဆိုတာ ပြောပြပေးမှာဖြစ်ပါတယ်။
ရှားစောင်းလက်ပတ်ဖျော်ရည်

ရှားစောင်းအရွက်တွေကို လိုသလောက်ဖြတ်ပြီး ရေစင်အောင်ဆေးကာ ဘေးဆူးနှစ်ဖက်ကိုလှီးထုတ်ပြီး အခွံအစိမ်းရောင်တစ်ဖက်ကို ဓားနဲ့ခွာချကာ အတွင်းသားဂျယ်အဖြူရောင်ကို ဇွန်းနှင့်ခြစ်ချပါ။ ရလာသောအနှစ်များကို ကြိတ်စက်(blender) တွင်ထည့်မွှေပါ။ ပြီးနောက် နှစ်ဇွန်း၊ သုံးဇွန်းစာခန့်ကို သံပုရာရည်တွင်လည်းကောင်း၊ မုန်လာဥနီဖျော်ရည်တွင်လည်းကောင်း၊ ပန်းသီးဖျော်ရည်တွင်လည်းကောင်း၊ နဂါးမောက်ဖျော်ရည်တွင်လည်းကောင်း ရောနှောကာ သုံးဆောင်နိုင်ပါသည်။ ကျန်သောအနှစ်များကို ရေခဲသေတ္တာအအေးခန်းတွင်သိမ်းကာ လိုမှထုတ်သုံးနိုင်ပါသည်။ ဖျော်ရည်ထဲတွင် ထပ်ဆောင်း၍ ရေခဲတုံးများအပြင် ရှားစောင်းလက်ပတ်အတွင်းသားအတုံးလေးများပါ အပေါ်ဆုံးမှထည့်ကာ အလှဆင်နိုင်ပါသည်။ ကြိတ်စက်မရှိပါက ရှားစောင်းဂျယ်ကိုသာ ရေဆေးပြီး အတုံးလိုက်တုံးကာ မိမိသောက်မည့်ဖျော်ရည်တွင် ထည့်နိုင်ပါသည်။ ရှားစောင်းဖျော်ရည်သည် ကိုလက်စထရောများကျစေခြင်း၊ အပူကိုငြိမ်းစေခြင်းစသော အစွမ်းရှိပါသည်။
ရှားစောင်းလက်ပတ်သုတ်

ရှားစောင်းအရွက် လိုသလောက်ကိုဖြတ်ကာ ရေဆေးပြီး ဘေးဆူးသင်ပါ။ အခွံစိမ်းများမကြိုက်ပါက သင်ပါ။ ပြီးနောက် ပါးပါးလေးများဖြစ်အောင်လှီးပါ။ ရေကို အစေးအဝါများစင်အောင်ဆေးပါ။ ထို့နောက် ခရမ်းချဥ်သီး၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက် သို့မဟုတ် ပုစွန်အိုးကင်းတိုက်၊ မြေပဲဆံအနည်းငယ်၊ ဆား၊ ဟင်းချိုမှုန့်၊ သံပုရာသီး၊ ကြက်သွန်ဖြူဆီချက်နှင့် ဆလပ်ရွက်ကြိုက်ပါကအနည်းငယ်တို့ထည့်ကာ သုတ်ပြီးဆေးဖက်ဝင်ရှားစောင်းလက်ပတ်သုပ်ဓာတ်စာ တစ်ခွက်ကိုစားနိုင်ပါပြီ။
ရှားစောင်းလက်ပတ်ယို

ရှားစောင်းအရွက်ကြီး ၁၅ ရွက်ခန့်ကိုဖြတ်ကာ ရေဆေးပါ။ ဘေးဆူးများ၊ အခွံစိမ်းများအားလုံးကိုသင်ပါ။ ပြီးနောက် အနှစ်များကို ဇွန်းဖြင့်ခြစ်ထားပါ။ အနှစ်များကို အရင်ကျိုပါ။ ထန်းလျက် ၅ ကျပ်သားခန့်ကိုလည်း ကျိုထားပါ။ ထန်းလျက်ကို မပျစ်မကျဲကျိုပြီးနောက် ဇကာနှင့်စစ်ပါ။ ပြီးလျှင် ရှားစောင်းကျိုသည့်အိုးအတွင်း ထန်းလျက်ကိုရောထည့်ပါ။ နှစ်ခုရောကျိုပြီးနောက် နှမ်းဆီ ၁၅ ကျပ်သားခန့်ကို ရောထည့်ပြီး အဆက်မပြတ်မွှေပါ။ မကျည်းသီး ၅ ကျပ်သားကို ရေပျစ်ပျစ်ဖျော်ထားပြီး အမှိုက်ကင်းအောင်စစ်ထားပါ။ ထို့နောက် ရှားစောင်းကျိုသည့်အထဲ ရောထည့်ပါ။ အဆက်မပြတ်မွှေရင်း ထောပတ်နှင့် ပျားရည် ၅ ကျပ်သားခန့်စီကို ထည့်ပေးရင်း မီးအေးအေးနှင့်ထားရင်း မွှေပေးပါ။ နောက်ဆုံးတွင် စမုံငါးပါးကို လက်ဖက်စားဇွန်းတစ်ဇွန်းထည့်ပြီး ပျစ်လာသည်အထိ စိတ်ရှည်ရှည်ကျိုပေးပါ။ ရှားစောင်းယို ခေါ် ရှားစောင်းလက်ပတ်ချက်ဆေးသည် အမျိုးသမီးများနှင့်ပတ်သက်သော ရောဂါများကို သက်သာစေသည့်အပြင် စားဝင်အိပ်ပျော်စေသောကြောင့် ညအိပ်မပျော်သော သက်ကြီးရွယ်အိုများနှင့် ထမင်းမစားနိုင်သောလူများအတွက် အဖိုးအခသက်သာသော အားဆေးပင်ဖြစ်ပါသည်။
သတိပြုစရာအနေနဲ့က အစိမ်းသုပ်စားတာနဲ့ ဖျော်ရည်မှာဆို တတ်နိုင်သမျှ အစေးတွေမပါအောင်လုပ်ရပါမယ်။ ရှားစောင်းကထွက်တဲ့ အစေးအဝါရောင်တွေက ဝမ်းသွားစေတဲ့အပြင် ပမာဏအရမ်းများရင် ကျောက်ကပ်ကိုပါ ပျက်စီးစေလို့ အစေးတွေပြောင်အောင်တော့ ရေဆေးဖို့လိုပါတယ်။
ထို့ကြောင့် ရှားစောင်းလက်ပတ်ကို စားစရာအဖြစ်ပြုလုပ်ကာ ဓာတ်စာတစ်ခုအနေနှင့် မိမိတို့မိသားစုထမင်းဝိုင်းတွင်ဖြစ်စေ၊ အချိုတည်းစရာ ဖျော်ရည်အဖြစ်ဖြစ်စေ ပြုလုပ်နိုင်ရန် ရေးသားလိုက်ပါတော့သည်။
Rabbit Rabbit
လွန်ခဲ့သော ၅ နှစ် ကမျက်နှာမှာလိမ်းတာ အဖု တွေထွက်လာလို့ မတည့်လို့ဖြစ်တာလားရှင့်
စုမြတ်မြတ်မိုး
လွန်ခဲ့သော ၅ နှစ် ကဟုတ် နှမ်းဆီပဲထည့်ပါ တခြားဆီထည့်စရာမလိုပါဘူး
တင်မျိုးဝင်း
လွန်ခဲ့သော ၅ နှစ် ကျကျေးဇူးအထူးတင်ပါတယ်
Min
လွန်ခဲ့သော ၅ နှစ် ကနှမ်းဆီပဲထည့်ရတာလား
channyein
လွန်ခဲ့သော ၅ နှစ် ကthanks
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from စုမြတ်မြတ်မိုး
အားလုံး
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022