အာဟာရရှိပြီး ဆေးဖက်ဝင်တဲ့ တောင်ပို့မှို/ငှက်စွေမှို
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၇၁)
အင်အော်ဂဲနစ်ဓါတ်မြေသြဇာ သုံးစွဲနုန်း လျော့ချ ပြီး ကုန်ကျစရိတ်သက်သာသည့် ဇီဝနိုးဆွ တီမြေဆွေး၊ မြေဆွေးများ အစားထိုး (သို့မဟုတ်) ဖြည့်စွက် အသုံးပြုခြင်း (၂၃)
တောင်ပို့မှို /ငှက်စွေမှို များကို အာဟာရအတွက်သာမက ဆေးဖက်ဝင်အဖြစ် စားသင့်သည် (၁)

တောင်ပို့မှိုကို အာဟာရအတွက်သာမက ဆေးဖက်ဝင်အဖြစ် စားသင့်သည်။ ဘာကြောင့်လဲ?
တောင်ပို့မှိုမျိုးစိတ်များသည် ဒုတိယ အစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်းများ၊ ဗိုက်တာမင်များ ပါဝင်သည်။
အာဟာရဓာတ်ကြွယ်ဝပြီး ဒေသအလိုက် ရိုးရာ ဆေးဖက်ဝင်သည်။ ဖြည့်စွက် ဇီဝသတ္တိနှင့် ဆေးဝါးဆိုင်ရာ တန်ဖိုးရှိသောကြောင့် တန်ဖိုးမြင့် ဘိုင်အိုအက်တစ်ကွန်ပေါင်းများ အစားအစာများ ထုတ်နိုင်သည်။ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးရှိသည့် ပစ္စည်းများ လည်း ထုတ်နိုင်သည်။ မှိုများသည် ပရိုတင်း ကြွယ်ဝသည်။ ဖြည့်စွက်ဇီဝသတ္တိရှိသည်။ အင်ဇိုင်းထုတ်သဖြင့် စားသောက်ရေးဆိုင်ရာ စက်ရုံများတွင် အသုံးပြုနိုင်သည်။ တောင်ပို့မှိုအမျိုးမျိုးကို ဒေသအလိုက် ရိုးရာဆေးအဖြစ် နိုင်ငံအလိုက် ကျယ်ကျယ်ပြန့်ပြန့် အသုံးချသည်။ ၎င်းဆေးဖက်ဝင်မှုကို ဖော်ထုတ်လေ့လာရန်လိုအပ်သည်။ လူမျိုးများအလိုက် ရိုးရာ ဆေးဖက်ဝင်မှုသည် ခေတ်မီသော ဆေးဖက်ဆိုင်ရာ သုတေသနများအတွက် များစွာအကျိုးရှိစေသည်။ အဏုဇီဝဆေးများ ဖွံ့ဖြိုးရေးအတွက် သဘာဝအရင်းအမြစ်များ အသုံးပြုနိုင်အောင် သုတေသနပညာရှင်များကို ကူညီသည်။
ဘယ်လို အာဟာရတန်ဖိုးတွေပါသလဲ
တောင်ပို့မှိုမျိုးစိတ်များသည် အမျှင်များသည်။ ကယ်လိုရီနည်းသည်။ ဆိုဒီယမ် ပါဝင်မှုနည်းသည်။ ဂလူးကိုစ်အချိုဓာတ် ပါဝင်မှုနည်းသည်။ မင်နရယ်နှင် ဗိုက်တာမင်များသည်။ ပေါ်လီစက္ကရိုက်ပါသည်။ အန်တီအောက်ဆီးဒန့်ပါသည်။
၁။ မှိုအုန်းနက်/ မှိုဦး Termitomyces cartilaginous and T. umkowaan

မှိုခြောက် ၁ဝဝ ဂရမ်တွင်ပါဝင်သော ဗိုက်တာမင် (မီလီဂရမ်)

၂။ ငှက်စွေမှို / တောင်ပို့မှို Termitomyces eurrhizus

မှိုခြောက် ၁၀၀ ဂရမ်တွင်ပါဝင်သော ဗိုက်တာမင် (မီလီဂရမ်)

၃။ တောင်ပို့မှို/ နဂါးမှို

မှိုခြောက် ၁ဝဝ ဂရမ်တွင်ပါဝင်သော ဗိုက်တာမင် (မီလီဂရမ်)

၄။ Termitomyces microcarpus

မှိုခြောက် ၁ဝဝ ဂရမ်တွင်ပါဝင်သော ဗိုက်တာမင် (မီလီဂရမ်)



စားမှိုများ၏ တန်ဖိုးမြင့်စေသော သဘာဝဆေးဖက်ဝင်အရည်အသွေးများ
၂၁ ရာစုတွင် တိုးတက်လာသော နည်းပညာများအသုံးချပြီး ကျန်းမာရေးအကျိူးပြု ဒုတိယ အစာချေဖျက် ပေးနိုင်သော ဓာတုပစ္စည်း များကို ဖော်ထုတ်နေကြသည်။ ပါဝင်သော အန်တီအောက်ဆီးဒန့်ကြောင့် ရောင်ကိုင်းမှုကို ကျစေသည်။ ကင်ဆာဖြစ်စေမှု လျော့ကျ သည်။ အအေးမိခြင်း၊ ဖျားနာခြင်းမှ လွတ်ကင်းသည်။ အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းစေသည်။ သွေးတွင်းကိုလက်စထရော အဆင့်ညီမျှအောင် ဆောင်ရွက်ပေးသည်။ ကိုယ်ခံအားကောင်းစေသည်။ ကိုယ်အလေးချိန်ကျစေသည်။ နာတာရှည်ရောဂါများဖြစ်နိုင်ချေမှ ကာကွယ်ပေးသည်။ ကယ်လိုရီနည်းပြီး အမျှင်များသော အစားအစာ ဖြစ်သည့်အတွက် မှိုများကို ဆေးဖက်ဝင်ဖြည့်စွက်စာအဖြစ် သုံးလာကြသည်။ ခေတ်မီသော ဆေးဖက်ဆိုင်ရာ သုတေသနများအတွက် တောင်ပို့မှိုမျိုးစိတ်များ၏ လူမျိုးများအလိုက် ရိုးရာ ဆေးဖက်ဝင်မှု ကို ဆက်လက်ဖော်ထုတ် အသုံးချလာသည်။ တိုးတက်လာနည်းပညာများ၊ မော်လီကျူကာဆိုင်ရာ လေ့လာဆန်းစစ်နည်းများ သုံးလာသဖြင် တောင်ပို့မှိုမျိုးစိတ်များ၏ ဘိုင်အိုအက်တစ်ကွန်ပေါင်းများ ထုတ်ခြင်းနှင့် ၎င်းတို့၏ အာနိသင်များ၊ အခြားစားမှို ဆေးဖက်ဝင်မှိုများ၏ ကင်ဆာဆန့်ကျင်သတ္တိရှိသည်ကိုလည်း တွေ့ရှိလာသည်။
ကိုးကား
Paloi S. et al., Termite Mushrooms (Termitomyces), a Potential Source of Nutrients and Bioactive Compounds Exhibiting Human Health Benefits: A Review. J. Fungi 2023, 9(1), 112; https://doi.org/10.3390/jof9010112
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Tin Naing Tun
လွန်ခဲ့သော ၂ နှစ် ကဒီမှိုအမျိုးအစားတွေက စိုက်ပျိုးယူလို့ ရနိုင်ပါခင်ဗျာ့။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024