မင်းဂွတ်သီးရဲ့ကျန်းမာရေးကောင်းကျိုး (၁၁) ချက် အပိုင်း(၂)
အပိုင်း(၁) မှာတုန်းကတော့ မင်းဂွတ်သီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေထဲက -
(၁) အာဟာရဓာတ်မြင့်မားခြင်း
(၂) အားကောင်းသောဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း
(၃) ရောင်ရမ်းမှုကို တိုက်ဖျက်ပေးခြင်း
(၄) ကင်ဆာဖြစ်စေမှုကို တိုက်ဖျက်ပေးခြင်း
ဆိုတဲ့အချက်တွေကို ဖော်ပြပေးခဲ့ပြီးပါပြီ။ မဖတ်ရသေးရင် အောက်ကလင့်မှာ ဖတ်ရှုနိုင်ပါတယ်။
https://greenwaymyanmar.com/posts/benefit_of_mangosteen_for_health
အခုအပိုင်း(၂) မှာတော့ ကျန်ရှိတဲ့ ကောင်းကျိုး (၇) ချက်ကို ဆက်လက်ဖော်ပြပေးသွားပါ့မယ်။
(၅) ဝိတ်လျှော့ချပေးနိုင်ခြင်း
မင်းဂွတ်သီးစားရင် ဝိတ်ကျစေတယ်ဆိုတာက သူ့ရဲ့အကြီးမားဆုံးအားသာချက်တွေထဲက တစ်ခုပါပဲ။
လေ့လာမှုတစ်ခုအရ အဆီများတဲ့အစားအစာတွေကျွေးထားတဲ့ ကြွက်အုပ်စုတွေထဲမှာ မင်းဂွတ်သီးကို ဖြည့်စွက်စာအဖြစ် အကျွေးခံထားရတဲ့ကြွက်တွေက သိသိသာသာကြီးကို ဝိတ် လျော့နေတာတွေ့ရပါတယ်တဲ့။
အလားတူ လူတွေနဲ့စမ်းသပ်ရာမှာလည်း မင်းဂွတ်သီးဖျော်ရည် ၉၀ မီလီလီတာ၊ ၁၈၀ မီလီလီတာ (သို့) ၂၇၀ မီလီလီတာ စသဖြင့် တစ်နေ့ ၂ ကြိမ်သောက်တဲ့သူတွေဟာ တခြားပုံမှန်သူတွေထက် ကိုယ်အလေးချိန်လျော့ကျနေတာကို တွေ့ရပါတယ်တဲ့။
မင်းဂွတ်သီးနဲ့ အဝလွန်ခြင်းနဲ့ပတ်သက်လို့ နောက်ထပ် သုတေသနစမ်းသပ်မှုတွေ နည်းပါး နေတယ်ဆိုပေမယ့် ပညာရှင်တွေကတော့ မင်းဂွတ်သီးမှာပါတဲ့ ရောင်ရမ်းမှုကိုသက်သာစေ တဲ့ဓာတ်ဟာ အဆီတွေပြိုကွဲမှုကို အားပေးပြီး ဝိတ်တက်မှုကို ထိန်းပေးတယ်လို့ ဆိုကြပါ တယ်။
ထိရောက်မှုရှိတဲ့ ဝိတ်ချခြင်းအစီအစဉ်တွေမှာ မင်းဂွတ်သီးကို ဘယ်လိုထည့်သွင်းအသုံးချသင့်တယ်ဆိုတာကိုသိဖို့တော့ ပိုကောင်းတဲ့ လေ့လာမှုတွေ လိုအပ်နေပါသေးတယ်။

(၆) သွေးတွင်းသကြားဓာတ်ထိန်းနိုင်မှုကို အကူအညီဖြစ်စေခြင်း
အပိုင်း(၁) မှာရှင်းပြခဲ့တဲ့ မင်းဂွတ်သီးမှာပါနေတဲ့ Xanthone ဒြပ်ပေါင်းတွေဟာ ကျန်းမာရေးနဲ့ညီတဲ့ သွေးတွင်းသကြားဓာတ်ပမာဏ ကို ထိန်းပေးရာမှာလည်း ကူညီပေးပါတယ်တဲ့..။
စမ်းသပ်ချက်တခုမှာတွေ့ရှိရတာကတော့ အဝလွန်တဲ့ အမျိုးသမီးတွေကို စမ်းသပ်ရာမှာ မင်းဂွတ်သီး တစ်ရက် ၄၀၀ မီလီဂရမ် စားသုံးပေးတဲ့ အမျိုးသမီးတွေဟာ ဆီးချို ရောဂါသမားတွေကို အန္တရာယ်ရှိအခြေအနေဖြစ်စေတဲ့ အင်ဆူလင်မတိုးတော့တဲ့အခြေအနေ ဖြစ်နိုင်မှုကို တခြားပုံမှန်အမျိုးသမီးတွေထက် သိသိသာသာ လျော့ကျနေတာတွေ့ရပါတယ်တဲ့။
ဒါ့အပြင် မင်းဂွတ်သီးရဲ့အမျှင်ဓာတ်ကြွယ်ဝမှုကလည်း သွေးတွင်းသကြားဓာတ်ထိန်းနိုင်မှုနဲ့ ဆီးချိုထိန်းချုပ်မှုကို အားပေးရာမှာ အထောက်အကူဖြစ်စေပါတယ်။
(၇) ကိုယ်ခံအားစနစ်ကို တိုးတက်စေခြင်း
မင်းဂွတ်သီးမှာတွေ့ရတဲ့ အမျှင်ဓာတ်နဲ့ ဗီတာမင်စီ နှစ်ခုလုံးဟာ လူ့ကျန်းမာရေးခုခံအားစနစ်အတွက် အရေးကြီးတာတွေချည်းပါပဲ။
အမျှင်ဓာတ်တွေက ခုခံအားစနစ်အတွက် မရှိမဖြစ်ဖြစ်တဲ့ အူထဲက အစာခြေဘက်တီးရီးယားတွေကို အကူအညီဖြစ်စေသလို ဗီတာမင်စီကလည်း ခုခံအားဆဲလ်အမျိုးမျိုးအတွက် လိုအပ်ပြီး အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိတွေရှိတဲ့ ဗီတာမင်တစ်မျိုးပါ။
သုတေသနတစ်ချို့ကတော့ မင်းဂွတ်သီးမှာပါတဲ့ တချို့အပင်ဒြပ်ပေါင်းတွေဟာ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို ဆန့်ကျင်နိုင်တဲ့ဂုဏ်သတ္တိရှိတယ်လို့ ဆိုပါတယ်။ ဒါဟာလည်း ခုခံအားစနစ်အတွက် အကျိုးပြုစေတဲ့အချက်ပါပဲ။
(၈) အရေပြားကျန်းမာရေးကို အထောက်အကူဖြစ်စေခြင်း
နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့ခြင်းဟာ အရေပြားကင်ဆာနဲ့ အရေတွန့်ခြင်းတွေကို ဖြစ်စေတတ်ပါတယ်။
ဒါပေမဲ့ ကြွက်တွေနဲ့ သုတေသနလုပ်ကြည့်ရာမှာတော့ မင်းဂွတ်သီးအဆီအနှစ်တွေကို ဖြည့်စွက်စာအဖြစ် စားရတဲ့ကြွက်တွေဟာ အရေပြားကို ခရမ်းလွန်ရောင်ခြည် အကျိုးသက်ရောက်မှုကို ကာကွယ်နိုင်တာ တွေ့ရပါတယ်တဲ့။
အလားတူ လူတွေနဲ့ သုံးလကြာစမ်းသပ်မှုတစ်ခုလုပ်ရာမှာလည်း နေ့စဉ် မင်းဂွတ်သီးအဆီအနှစ် ၁၀၀ မီလီဂရမ်စားသုံးတဲ့သူတွေဟာ ပါးရေ နားရေတွန့်ခြင်းတွေကနေ သိသိ သာသာ လျော့ကျစေတာတွေ့ရပါတယ်တဲ့။
ထုံးစံအတိုင်း သုတေသနစမ်းသပ်ချက်တွေတော့ ပိုလိုအပ်နေသေးတာပေါ့လေ။
တခြားမင်းဂွတ်သီးရဲ့ ကျန်းမာရေးအတွက် ကောင်းတဲ့ဟာတွေကတော့..
(၉) နှလုံးကျန်းမာရေး - မင်းဂွတ်သီးဟာ နှလုံးရောဂါဖြစ်စေတဲ့ မကောင်းတဲ့ကိုလက်စရော (LDL) တွေနဲ့ Triglycerides တွေလို့ခေါ်တဲ့ သွေးတွင်းအဆီတွေကို လျော့ကျစေပြီး ကောင်းတဲ့ ကိုလက်စရော (HDL) တွေကို တိုးစေပါတယ်တဲ့။
(၁၀) ဦးနှောက်ကျန်းမာရေး - ထုံးစံအတိုင်း ကြွက်တွေနဲ့စမ်းသပ်ကြည့်ရာမှာ မင်းဂွတ်သီးအဆီအနှစ်ဓာတ်တွေက စိတ်ဓာတ်ကျမှု ၊ သွေးဆူစေမှု (ဦးနှောက်ရောင်ရမ်းခြင်း) တွေကို လျော့ကျစေတဲ့အစွမ်းရှိတာ တွေ့ရပါတယ်တဲ့..။ လူတွေနဲ့ သုတေသန ပြုကြည့်တာမျိုးတော့မရှိသေးပါဘူး။
(၁၁) အစာခြေစနစ်ကျန်းမာရေး - ဆိုခဲ့တဲ့အတိုင်း မင်းဂွတ်သီးမှာ အမျှင်ဓာတ်တွေပါလို့ အစာခြေစနစ်ကို အထောက်အကူဖြစ်စေပြီး အူသိမ်အူမတွေရဲ့ ပုံမှန်လုပ်ငန်းစဉ်ကို အကူ အညီပေးနိုင်ပါတယ်။
ကဲ..မင်းဂွတ်သီးတွေရဲ့ကျန်းမာရေးကောင်းကျိုးတွေကို သိကြပြီဟုတ်။ တချို့အချက်တွေမှာတော့ လူတွေနဲ့ မစမ်းရသေးလို့ ဝိဝါဒကွဲပြားနိုင်စရာတွေတော့ ရှိပါတယ်။
မင်းဂွတ်သီးကို ဖျော်ရည်အဖြစ်သောက်သုံးနိုင်သလို ဖြည့်စွက်စာအမှုန့်တွေအဖြစ်လည်း တွေ့နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီအချိန် ကိုယ်တွေဆီမှာတော့ မင်းဂွတ်သီးတွေ ပေါနေတဲ့အချိန်ဆိုတော့ အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို လတ်လတ်ဆတ်ဆတ် အရသာရှိရှိ စားရင်း ကျန်းမာခြင်းလာဘ်တွေလည်း ရရှိနိုင်ကြပါစေလို့ …။
Ref; https://www.healthline.com/nutrition/mangosteen
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026