မင်းဂွတ်သီးရဲ့ကျန်းမာရေးကောင်းကျိုး (၁၁) ချက် အပိုင်း(၁)

19/05/2022 17:05 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒူးရင်းသီးကို King of fruits (အသီးတွေရဲ့ဘုရင်) လို့ တင်စားကြသလို မင်းဂွတ်သီးကို လည်း Queen of fruits (အသီးတွေရဲ့ဘုရင်မ) လို့ တင်စားကြပါတယ်တဲ့။

အခုကတော့ ဒူးရင်းသီးပေါ်ချိန်ဆိုတော့ သူ့ရဲ့တွဲဖက် မင်းဂွတ်သီးတွေလည်း ပေါပေါများ များ ရနေချိန်ပါပဲ။ (ဈေးတော့မပေါလှ) 

မင်းဂွတ်သီးကို ကမ္ဘာအနှံ့ အပူပိုင်းဒေသတွေမှာ တွေ့ရနိုင်ပြီး မူရင်းဒေသကတော့ ကျွန်တော်တို့ရဲ့ အရှေ့တောင်အာရှပါတဲ့။ 

မင်းဂွတ်သီးဟာ အခွံကအစ ဆေးဖက်ဝင်ပြီး မြန်မာ့ဆေးနည်းတွေမှာ အများအပြား အသုံး ချနိုင်တယ်လို့ သိရပါတယ်။ အသီးစားရာမှာလည်း ကျန်းမာရေးကောင်းကျိုး အများအပြား ရှိလို့ ရှာဖွေဖော်ပြပေးလိုက်ပါတယ်။

(၁) အာဟာရဓာတ်မြင့်မားခြင်း

မင်းဂွတ်သီးဟာ ကယ်လိုရီပါဝင်မှုနိမ့်ပြီး မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်အများအပြား ပါဝင်ပါတယ်တဲ့။ 

စည်သွတ်ထားတဲ့မင်းဂွတ်သီးအသား (သို့) အရည် ၁၉၆ ဂရမ် (၁၂ ကျပ်သားခန့်) မှာဆိုရင်..

ကယ်လိုရီ - ၁၄၃

ကာဘိုဟိုက်ဒြိတ် - ၃၅ ဂရမ်

အမျှင်ဓာတ် - ၃.၅ ဂရမ်

အဆီ - ၁ ဂရမ်

ပရိုတိန်း - ၁ ဂရမ်

ဗီတာမင်စီ - နေ့စဉ်လိုအပ်မှုရဲ့ ၉ ရာခိုင်နှုန်း

ဗီတာမင် B9 - နေ့စဉ်လိုအပ်မှုရဲ့ ၁၅ ရာခိုင်နှုန်း

ဗီတာမင် ဘီဝမ်း - နေ့စဉ်လိုအပ်မှုရဲ့ ၇ ရာခိုင်နှုန်း

ဗီတာမင် B2 - နေ့စဉ်လိုအပ်မှုရဲ့ ၆ ရာခိုင်နှုန်း

မဂ္ဂနိစ် - နေ့စဉ်လိုအပ်မှုရဲ့ ၁၀ ရာခိုင်နှုန်း

ကော့ပါး - နေ့စဉ်လိုအပ်မှုရဲ့ ၇ ရာခိုင်နှုန်း

မဂ္ဂနီစီယမ် - နေ့စဉ်လိုအပ်မှုရဲ့ ၆ ရာခိုင်နှုန်း စသဖြင့် ပါဝင်ပါတယ်။

မင်းဂွတ်သီးထဲပါတဲ့ ဗီတာမင်တွေနဲ့ ပရိုတိန်းတွေဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တောတွေဖြစ်တဲ့ DNA ထုတ်လုပ်ခြင်း၊ ကြွက်သားအချုံ့အချဲ့၊ အနာကျက်ခြင်း၊ ခုခံအား၊ အာရုံကြော ဆိုင်ရာတွေအတွက် တကယ့်ကို အရေးကြီးတဲ့အရာတွေ ဖြစ်ပါတယ်တဲ့..။

(၂) အားကောင်းသောဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (antioxidants) ဟာ နာတာရှည်ရောဂါအမျိုးမျိုးကို ဖြစ်စေမှုကို ဆက်စပ်နေတဲ့ ဖရီးရယ်ဒီကယ်လို့ခေါ်တဲ့ ဒုက္ခပေးတတ်တဲ့မော်လီကျူးတွေကို ဖျက်ဆီးပေးတဲ့ ဒြပ်ပေါင်းတွေပါ။ 

မင်းဂွတ်သီးမှာဆိုရင် မီတာမင်စီ နဲ့ folate (ဗီတာမင် B9 သဘာဝအလျောက်ဖြစ်တဲ့ပုံစံ) လိုမျိုး အင်တီအောက်ဆီးဒင့်စွမ်းရည်ရှိ အာဟာရဓာတ်တွေပါနေပါတယ်။ ဒါ့အပြင် အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင်မှုစွမ်းရည်ရှိတဲ့ အပင်ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ Xanthones ဆိုတာတွေလည်း မင်းဂွတ်သီးမှာ ပါနေပါတယ်။ 

လေ့လာမှုတွေရဲ့အဆိုအရ အဲ့ဒီ Xanthones ဆိုတာတွေဟာ ရောင်ရမ်းမှုကိုတိုက်ဖျက်တဲ့၊ ကင်ဆာဖြစ်ပွားစေမှုကိုတိုက်ဖျက်တဲ့၊ ငယ်ရွယ်နုပျိုစေတဲ့၊ ဆီးချိုဖြစ်စေမှုကို ဆန့်ကျင်တဲ့ ဓာတ်သတ္တိတွေ ပါဝင်နေပါတယ်တဲ့။

ဒါကြောင့် မင်းဂွတ်သီးမှာပါဝင်တဲ့ Xanthones တွေဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရှိစေတာပါ။

(၃) ရောင်ရမ်းမှုကို တိုက်ဖျက်ပေးခြင်း

အထက်မှာဆိုခဲ့သလိုပဲ Xanthones တွေဟာ ရောင်ရမ်းမှုကို တိုက်ဖျက်ပေးတာကြောင့် အဲ့ဒါနဲ့ဆက်စပ်နေတဲ့ အဖုအကျိတ်ရောဂါ၊ ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါဖြစ်ပွားနိုင်မှုတွေကို လျော့ကျစေပါတယ်။

ဒါ့အပြင် သူ့မှာ အမျှင်ဓာတ်လည်းကြွယ်ဝတာမို့ တခြားကျန်းမာရေးအကျိုးကျေးဇူးများစွာ လည်း ရှိနေပါသေးတယ်တဲ့။ 

(၄) ကင်ဆာဖြစ်စေမှုကို တိုက်ဖျက်ပေးခြင်း

ဆိုခဲ့သလိုပဲ ဒုက္ခပေးတဲ့ ဖရီးရယ်ဒီကယ်တွေကို တိုက်ဖျက်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းမှုကို တိုက်ဖျက်ပေးတဲ့ဓာတ်တွေပါတာကြောင့် မင်းဂွတ်သီးဟာ ကင်ဆာဆဲလ်တွေပျံ့နှံ့စေခြင်းကို တိုက်ထုတ်ပေးပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာ၊ အစာအိမ် ကင်ဆာနဲ့ အဆုတ်ကင်ဆာမျိုးတွေမှာ ကင်ဆာဆဲလ်တွေကြီးထွားခြင်းကို တားဆီးပေးပါတယ်။ 

အလားတူ ကြွက်တွေနဲ့စမ်းသပ်တဲ့ လေ့လာမှုအနည်းငယ်ရဲ့တွေ့ရှိချက်တွေအရတော့ Xanthones တွေဟာ အူမကြီးနဲ့ ရင်သားကင်ဆာဆဲလ်တွေ တိုးပွားလာခြင်းကို နှေးကွေးသွားစေနိုင်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ (လုံလောက်တဲ့ သုတေသနစမ်းသပ်ချက်တွေတော့ လိုအပ်နေပါသေးတယ်)

နောက်ထပ် မင်းဂွတ်သီးရဲ့ကျန်းမာရေးကောင်းကျိုး ၇ ချက်ကို အပိုင်း (၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 

 

 

Ref; https://www.healthline.com/nutrition/mangosteen


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်