အရွယ်တင်နုပျိုစေပြီး ကျန်းမာရေးအကျိုးများတဲ့ အုန်းစိမ်းရည်
“အုန်းစိမ်းရည် ချိုချိုလေး” ကို ကြိုက်နှစ်သက်တဲ့သူတွေ ရှိပါသလား..?
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အုန်းရည်ဟာ အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအရ သောက်ကိုသောက်သုံးသင့်တဲ့အထိ သူ့မှာ ကျန်းမာရေးကောင်းကျိုးတွေအများကြီးရှိပါတယ်..။ နှလုံးကျန်းမာရေး ကောင်းစေတယ်၊ အရွယ်တင်နုပျိုစေတယ်၊ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ် စသဖြင့်..စသဖြင့် အများကြီးရှိလို့ အသေးစိတ်ပြောပြပေးသွားပါမယ်..။
အုန်းသီးနဲ့ အုန်းရည်ဆိုတာက ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေနဲ့ ရိုးရာမုန့်တွေထဲမှာ ပါဝင်နေတာကြောင့် လူတိုင်းနီးပါးကတော့ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ အုန်းရည်ဟာ အနည်းငယ် ချိုတဲ့အရသာရှိပြီး လူကိုလည်း လန်းဆန်းစေပါတယ်။ တစ်ချို့က သရေစာ (သောက်စရာ) အနေနဲ့ သောက်သုံး ကြသလို တစ်ချို့ကတော့ အုန်းရည်ရဲ့ ကောင်းကျိုးတွေကိုသိလို့ ကျန်းမာရေးအတွက် သောက်သုံးကြတာ ဖြစ်ပါတယ်။
ဘယ်လို ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ရနိုင်တာလဲဆိုတော့…
အုန်းရည်မှာပါဝင်တဲ့ အာဟာရဓာတ်များ
အုန်းရည်မှာဆိုရင် ရေဓာတ် ၉၄ ရာခိုင်နှုန်းနဲ့ အဆီ အနည်းငယ်ပါဝင်ပါတယ်။ အခြားပါဝင်တဲ့ ဓာတ်တွေကတော့
ကယ်လိုရီ
သကြားဓာတ်
ကာဗိုဟိုက်ဒရိတ်
ဗီတာမင် စီ
ကယ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်
ပိုတက်စီယမ်
ဖော့စဖောရပ် စတဲ့ဓာတ်တွေ ဖြစ်ပါတယ်။
ရေဓာတ် ပြန်လည်ဖြည့်တင်းပေးခြင်း
အားကစားလုပ်တဲ့သူတွေနဲ့ လေ့ကျင့်ခန်းပြုလုပ်တဲ့သူတွေအတွက် အုန်းရည်ဟာ သင့်တော်တဲ့ သောက်စရာတစ်မျိုးဖြစ်ပါတယ်။ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့အတွက် အသင့်သောက်သုံးနိုင်တဲ့ အချိူရည်တွေအစား အုန်းရည်ကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ အချိုရည်တွေဟာဆိုရင် အနံ့အရသာများကို ပြုပြင်ပြောင်းလဲထားသလို သကြားဓာတ်တွေလည်း ပါဝင်တာကြောင့် ရေရှည်မှာကျန်းမာရေးကို ထိခိုက်နိုင် ပါတယ်။ အုန်းရည်ကတော့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်သလို ခန္ဓာကိုယ်အတွက်အရေးပါတဲ့ ပိုတက် စီယမ်နဲ့ ဆိုဒီယမ်ဓာတ်တွေလည်း ပါဝင်တာကြောင့် ရွေးချယ်သောက်သုံးသင့်ပါတယ်။ ကယ်လိုရီနဲ့ ကာဗို ဟိုက်ဒြိတ် ပါဝင်မှုလည်းနည်းတာကြောင့် ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ခြင်း
လတ်ဆတ်တဲ့အုန်းရည်မှာဆိုရင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင်အုန်းရည်ဟာ ဗီတာမင် စီ ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေခြင်းဟာ ခန္ဓာကိုယ်တွင်း ဆဲလ်များပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရောင်အမျိုးမျိုးရှိတဲ့ သစ်သီး တွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးပေးခြင်းဖြင့်လည်း ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကို ရရှိနိုင်ပါတယ်။
ကိုလက်စရောများလျော့ကျစေခြင်း
အုန်းရည်သောက်ခြင်းဟာ ကိုလက်စရော ပမာဏကို ကျဆင်းစေပါတယ်။ ဒါ့အပြင် အုန်းရည်ဟာ အဆီပါဝင်မှု လည်း နည်းတဲ့အတွက် နှလုံးရောဂါ ဖြစ်ပွားနိုင်မှုကိုလည်း လျှေော့ချပေးနိုင်ပါတယ်။
ကျောက်တည်ခြင်းအား ကာကွယ်ပေးခြင်း
အုန်းရည်သောက်သုံးပေးခြင်းဟာ ဆီးလမ်းကြောင်းကို သန့်စင်ပေးနိုင်သလို ကျောက်တည်တာမျိုးတွေနဲ့ ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အုန်းရည်မှာ ပါဝင်တဲ့ ပိုတက်စီယမ် ဓာတ်ဟာ ကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့ ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ကျောက်ကပ်ရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူ ပြုပေးနိုင် ပါတယ်။
သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးနိုင်ခြင်း
အုန်းရည်မှာ အမိုင်နိုအက်စစ်နဲ့ အမျှင်ဓာတ်တွေပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ် ပါဝင်မှုကို ထိန်းညှိပေးနိုင်ပြီး ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ ဆီးချိုသမားတွေ သောက်သုံးဖို့ သင့်တော်ပါတယ်။
နှလုံးကျန်းမာရေးကို ကောင်းစေခြင်း
အုန်းရည်သောက်သုံးခြင်းဖြင့် နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုတဲ့အပြင် လေဖြတ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အုန်းရည်မှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ဟာဆိုရင် ခန္ဓာကိုယ်ထဲမှာ မလိုအပ်ဘဲ ပိုလျှံနေတဲ့ ဆိုဒီယမ်ဓာတ်တွေကို ဆီးထဲကနေတဆင့် ပါသွားအောင်ဖယ်ရှားပေးနိုင်ပါတယ်။ ပိုတက်စီယမ်ဓာတ် ပါဝင်နေခြင်းဟာ သွေးဖိအားကို ကျဆင်းစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပြီး နှလုံးကျန်းမာရေး ကိုလည်း အထောက်အကူပြုတာ ဖြစ်ပါတယ်။
အရွယ်တင်စေခြင်း
အုန်းရည်ထဲမှာ ဆဲလ်နဲ့ တစ်ရှူးတွေကို အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးနိုင်တဲ့ ဆိုက်တိုခိုင်နင် ဆိုတဲ့ ဓာတ်တွေပါဝင်ပါတယ်။ အုန်းရေသောက်ခြင်းကြောင့် ရေဓာတ်နဲ့ အာဟာရဖြည့်တင်းပေးနိုင်ပြီး သွေးလည်ပတ်မှုလည်း ကောင်းစေကာ အသားအရည်ကို ကျန်းမာပြီး စိုပြေစေပါတယ်။ အုန်းရည်မှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေလည်းပါဝင်ပြီး သဘာဝအတိုင်း ကော်လာဂျင်ပါဝင်မှုကို လှုံ့ဆော်ပေးတဲ့ ဗီတာမင် စီ ပါဝင်တာကြောင့် အသားအရည်ကို နုပျိုမှု ရရှိစေနိုင်ပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက်
www.healthline.com
https://www.womenshealthmag.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....