သွား ကျန်းမာရေးအတွက် စားသုံးပေးသင့်သော အစားအစာများ
သွားနဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ရတာ ခက်ခဲတယ်လို့ ထင်ပါသလား?
သွားတွေဟာ အစားအစာတွေကိုစားသောက်ရာမှာ ကျွန်ုပ်တို့ကို များစွာကူညီပေးတာဖြစ်လို့ တော်တော်လေးအရေးပါ ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ကျန်းမာရေးကိုလည်း ကျွန်ုပ်တို့က ပြန်လည်ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့အစားအသောက်တွေကို စနစ်တကျရွေးချယ်စားသောက်ပေးခြင်းဖြင့် သွားပျက်စီးမှုတွေကို အထိုက်အလျောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်တော်မှုမရှိတဲ့ အစားအသောက်တွေကို စားသောက်မိခြင်းကြောင့် သွားကျန်းမာရေးသာမက ခံတွင်းကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။ သွားမကောင်းတဲ့အခါ အစားအစာတွေကို စားသောက်တဲ့နေရာမှာ များစွာသက်ရောက်မှုရှိပြီး ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ သွားကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ အစားအစာတွေအကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ယေဘူယျအားဖြင့် သကြားဓာတ်ပါဝင်မှုနည်းတဲ့ ပေါင်မုန့်တွေ၊ ကောက်ပဲသီးနှံတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အစေ့အဆန်တွေဟာ ခံတွင်းကျန်းမာရေးအတွက် ကောင်းမွန်သင့်တော်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဖော်ပြပါ အစားအစာတွေထဲမှာမှ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးတဲ့အခါမှာ ကိုက်ဖြတ်ကြိတ်ဝါးရပြီး ၎င်းတို့မှာ ရေနဲ့ အမျှင်ဓာတ်တွေလည်း များစွာပါဝင်တာကြောင့် တံတွေးပိုထွက်စေပြီး ခံတွင်းထဲမှာရှိတဲ့ အစာကျန် အမှုန်အမွှားတွေကိုပါ ဖယ်ရှားပေးနိုင်တဲ့အတွက် ပိုပြီး အကျိုးရှိစေပါတယ်။ ဒါ့ကြောင့် ကောင်းမွန်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ စားသုံးပေးခြင်းဟာ သွားတွေကို ကျန်းမာအောင် ကူညီပေးနိုင်ရုံမက ခံတွင်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ အက်စစ်တွေကို ရှင်းထုတ်ရာမှာပါ ကူညီပေးနိုင်ပါတယ်။
သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ အသင့်တော်ဆုံး အစားအစာတွေကတော့ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။
ဒိန်ချဥ်၊ ဒိန်ခဲ
မုန်လာဥနီ၊ တရုတ်နံနံနဲ့ အစိမ်းရောင်အရွက်များ
ပန်းသီး
လက်ဖက်စိမ်းရည်
အခွံမာသီးများ
အသားဓာတ်ပါဝင်သော အစားအစာများ စတာတွေပဲ ဖြစ်ပါတယ်။
နို့ထွက်ပစ္စည်းတွေက ဘာကြောင့် သွားအတွက် ကောင်းစေတာလဲ?
နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲ၊ ဒိန်ချဥ်နဲ့ နို့တွေဟာ ခန္ဓာကိုယ်ကို အင်အားတိုးစေသလို ခံတွင်းထဲမှာလည်း တံတွေးပိုထုတ်စေပြီး သွားတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဒိန်ခဲနဲ့ ဒိန်ချဥ်တွေမှာ ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ်တွေ မြင့်မားစွာပါဝင်တာကြောင့် သွားတွေကို ပိုပြီးကျန်းမာစေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒိန်ချဥ်မှာဆိုရင် ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်အတွက် ကောင်းကျိုးရှိစေတဲ့ Probiotics (သို့မဟုတ်) အကျိုးပြုဘက်တီးရီးယားတွေ ပါရှိပါတယ်။ ဒိန်ချဥ်စားသုံးတဲ့အခါမှာ အချိုဓာတ် (သကြား) မပါတာမျိုးကို စားသုံးမယ်ဆိုရင် ပိုပြီးသင့်တော်ပါတယ်။ အကယ်၍သင်ဟာ နို့ထွက်ပစ္စည်း အစားအစာတွေနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်တတ်တယ်ဆိုရင်တော့ ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ် ဖြည့်တင်းထားတဲ့ ဗာဒံစေ့၊ ပဲပိစပ်နဲ့ သီဟိုဠ် ကဲ့သို့ အစားအစာတွေကို ရွေးချယ်စားသုံးနိုင်ပါတယ်။
အစိမ်းရောင်အရွက်များ
ဟင်းသီးဟင်းရွက်တွေဟာဆိုရင် ကယ်လိုရီသိပ်သည်းမှု မရှိတာကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစေတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ စားသုံးခြင်းဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေထောက်ပံ့ပေးနိုင်ပြီး ခံတွင်းကိုသန့်ရှင်းစေသလို သွားရဲ့ကြွေလွှာတွေကို ကျန်းမာစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ ကိုက်လန်၊ ဟင်းနုနွယ်ရွက်နဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းရွက်တွေဟာဆိုရင် ကယ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာပါဝင်နေပါတယ်။ ဒါ့ကြောင့် အစိမ်းရောင်အရွက်တွေကို ကြိုက်နှစ်သက်တယ်ဆိုရင် များများစားပေးနိုင်ပါတယ်။ အစိမ်းရောင်အရွက်တွေမှာဆိုရင် ကယ်လ်စီယမ်၊ ဖောလစ်အက်စစ်နဲ့ ဗီတာမင်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကိုပါ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
ပန်းသီး၊ မုန်လာဥနီနဲ့ တရုတ်နံနံ
ပန်းသီးဟာဆိုရင် ခန္ဓာကိုယ်အတွက် ရေဓာတ်နဲ့ အမျှင်ဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ သကြားပါဝင်တဲ့ သရေစာတွေစားသုံးမယ့်အစား ပန်းသီးစားသုံးပေးခြင်းဟာ ခံတွင်းထဲမှာ တံတွေးထွက်ရှိမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ တရုတ်နံနံဟာဆိုရင် သွားတွေကို သန့်ရှင်းအောင်ကူညီပေးနိုင်ပြီး ခံတွင်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ မုန်လာဥနီမှာဆိုရင် အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် အေ ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေလို့ များစွာ အကျိုးရှိစေပါတယ်။
လက်ဖက်စိမ်းရည်နဲ့ အခွံမာအသီးများ
အချိုဓာတ်မပါတဲ့ လက်ဖက်စိမ်းရည်ဟာဆိုရင် သွားအောက်ခြေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ သွားချေးနဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အသား၊ ငါး၊ ကြက်သားနဲ့ တို့ဟူးတွေမှာဆိုရင် ဖော့စဖောရပ်စ်နဲ့ ပရိုတင်းဓာတ်တွေပါဝင်နေပြီး သွားကျန်းမာရေးအတွက် ကောင်းစေပါတယ်။ ဗာဒံစေ့ဟာ သကြားဓာတ်နည်းပြီး ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ်တွေရဲ့ အရင်းအမြစ်တစ်ခုဖြစ်တာကြောင့် သင့်သွားရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
သွားကျန်းမာရေးအတွက် အစာစားတော့မယ်ဆိုရင် သကြားပါဝင်မှုများတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။ အဲ့ဒီအစားအစာတွေကို မကြာခဏစားသုံးမယ်ဆိုရင် သွားတွေကို ပျက်စီးစေနိုင်တဲ့ အက်စစ်တွေကို ခြေဖျက်ပေးတဲ့ တံတွေးရဲ့ စွမ်းဆောင်ရည်ကို လျော့ကျစေမှာ ဖြစ်ပါတယ်။ ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေဟာ သကြားဓာတ်ကို အက်စစ်အဖြစ်ပြောင်းလဲပြစ်ပါတယ်။ ၎င်းဓာတ်တွေဟာ အချိန်အတော်ကြာသည်အထိ သွားတွေကို ဆက်လက်ထိခိုက်နိုင်တာကြောင့် အချိုဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို လျော့ပြီး စားသုံးကြပါလို့ အကြံပြုရင်း…
ကိုးကားချက်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက 'အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....