အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အင်းဆက်စားခြင်းအလေ့အထ

အင်းဆက်စားခြင်းအလေ့အထ

    အင်းဆက်များကိုစားခြင်း အလေ့အထက ကမ္ဘာပေါ်တွင် ရှေးယခင်ထဲကရှိခဲ့ပါသည်။ အင်းဆက် မျိုးစိတ်ပေါင်းများစွာထဲမှ စား၍ရသည်ဟုသတ်မှတ်သောမျိုးစိတ်သည် ၁၀၀၀ မှ ၂၀၀၀ ကြားရှိပါသည်။ အင်းဆက်စားခြင်းအလေ့အထကို အာရှတိုက်နှင့် အာဖရိကတိုက်တွင် အများဆုံးတွေ့ရပြီး ဥရောပနိုင်ငံများသည် ယခုအခါ အင်းဆက်ကို စားစရာအမျိုးမျိုးပြုလုပ်၍ စားလာကြပြီဖြစ်ပါသည်။

     မြန်မာနိုင်ငံတွင် လူသိများပြီး အများဆုံးစားသောအင်းဆက်မှာ ပုရစ်ဖြစ်ပါသည်။ ယခုကဲ့သို့ မိုးဦးကျတွင်ပေါ်သော မိုးပုရစ်ကြော်သည် စျေးကောင်းပေး၍စားရသော စားစရာဖြစ်ပါသည်။ သို့သော် မြန်မာတို့သည် အင်းဆက်များ၏ အာဟာရတန်ဖိုးကို နားလည်သူရှားသောကြောင့် အချို့မှာ အင်းဆက်စားခြင်းကိုပင် ရွံရှာဖွယ်တစ်ခုအဖြစ် မြင်နေကြပါသေးသည်။ စင်စစ်ဆိုသော် အင်းဆက်များတွင် ပရိုတင်းဓာတ်(Protein)၊ ကယ်လ်စီယမ်(Calcium)၊ မဂ္ဂနီစီယမ် (magnesium)၊ သံဓာတ် (Iron)၊ အမျှင်ဓာတ် (fiber)၊ အကျိုးပြုအဆီဓာတ် (Healthy fat) တို့ပါဝင်ကာ အမဲသားကဲ့သို့ပင် အာဟာရတန်ဖိုးမြင့်မားပါသည်။ 

    ကျွဲ နွားမှ အသားတစ်ကီလိုဂရမ်ရရန် မြေအကျယ် 100-200 m² လိုသောအချိန်တွင် အင်းဆက်မှ တစ်ကီလိုဂရမ်ရရန် မြေအကျယ် 15 m² သာ လိုသောကြောင့် စီးပွားဖြစ်မွေးလျှင်လည်း မြေပမာဏနည်းနည်းတွင်သာ မွေးမြူနိုင်ပါသည်။ အစာနှင့် ရေလိုအပ်ချက်လည်း နည်းသောကြောင့် မွေးမြူသူများအတွက် တွက်ခြေကိုက်နိုင်ပါသည်။ ထို့ပြင် စားမြုံ့ပြန် ကျွဲ နွားများမှထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုနှင့်ယှဥ်လျှင် အင်းဆက် များမှထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့သည် မပြောပလောက်သဖြင့် ပတ်ဝန်းကျင်အတွက်လည်း ထိခိုက်မှုနည်းစေပါသည်။

    မြန်မာပြည်တွင်ရှိပြီး စား၍ရသောအင်းဆက်များမှာ ပုရစ်၊ သင်ပေါင်းပိုး၊ ဝါးပိုး၊ အုန်းပိုး၊ ရေဗီလား၊ ပုစဥ်းရင်ကွဲ၊ အီကုတ် ခေါ် နောက်ချေးပိုး၊ ခါချဥ်နှင့် တွင်းပိုးတို့ဖြစ်ပါသည်။ ဒေသအလိုက် အင်းဆက်များကို အစိမ်းလိုက်သုပ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း၊ ဟင်းချက်၍လည်းကောင်း စား​​​ကြပါသည်။ ဥရောပနိုင်ငံများတွင် အင်းဆက်ကို အမှုန့်လုပ်၍ ဟင်းထဲတွင်လည်းကောင်း ပေါင်မုန့်ထဲတွင်လည်းကောင်း ထည့်သွင်းစားကြပါသည်။  အာဟာရဓာတ်များစွာပါဝင်သော အင်းဆက်များကို သန့်ရှင်းစွာကိုင်တွယ်ပြီး အမျိုးမျိုးပြုလုပ်စားသောက်ပါလျှင် တစ်ဆထက်တစ်ဆ တိုးတက်လာသော လူဦးရေအတွက် ဖူလုံသော စားနပ်ရိက္ခာကို ဖန်တီးပေးနိုင်သကဲ့သို့ ကမ္ဘာကြီး၏ စားနပ်ရိက္ခာရှားပါးသောပြဿနာကိုပါ ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။

 

သီးနှံများနှင့် ဆက်စပ်သော တန်ဖိုးမြင့်ထုတ်ကုန်လုပ်နည်းများကို စိုက်ပျိုးရေးကဏ္ဍအောက်တွင် လေ့လာနိုင်ပါသည်။​

2
အတ္တလူငယ်

အတ္တလူငယ်

လွန်ခဲ့သော ၄ နှစ် က

သင်ပေါင်းပိုးဘယ်လိုမွေးရလဲဆိုတာ တင်ပေးပါလား

bobo

bobo

လွန်ခဲ့သော ၅ နှစ် က

အင်းဆက် မွေးမြူ ချင်ပါတယ် လေ့လာချင်ပါတယ် ဘယ်လို ရှာရမလဲ ဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။