ကင်းပုံသီးရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ
ကင်းပုံသီးဆိုတာ အလေ့ကျပေါက်ရောက်လေ့ရှိတဲ့ နွယ်ပင်တစ်မျိုးဖြစ်ပါတယ်။ ကင်းပုံသီးဟာ အနည်းငယ် ခါးသပ်သပ်အရသာရှိပြီး ၎င်းကို ပြုတ်တို့ပြီးစားကြသလို ကြော်စားလို့လည်းရပါတယ်။
တစ်ချို့ကတော့ ဟင်းချိုအနေနဲ့လည်း ချက်သောက်ကြပါတယ်။ ကင်းပုံသီးကို မြို့မှာနေထိုင်တဲ့သူတွေဆိုရင်လည်း ဈေးမှာ အလွယ်တကူ ဝယ်ယူနိုင်သလို ကျေးရွာတွေမှာဆိုရင်တော့ ခြံစည်းရိုးတွေမှာ အလေ့ကျ ပေါက်ရောက်လေ့ရှိတာကြောင့် အလွယ်တကူစားသုံးနိုင်ကြပါတယ်။
ကင်းပုံသီးမှာ အဓိကအားဖြင့် မျိုးစိတ် ၃ မျိုးရှိပါတယ်။ ကင်းပုံသီးကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာဆိုရင်လည်း ၎င်းတို့ရဲ့ ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်ကြတာ တွေ့ရပါတယ်။ ယခုဆောင်းပါးမှာတော့ ကင်းပုံသီးစားခြင်းအားဖြင့်ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ကင်ပုံသီးကို ဘာကြောင့်စားသင့်တာလဲ?
ကင်းပုံသီးမှာ ဘီတာကယ်ရိုတင်းလို့ခေါ်တဲ့ လိမ္မော်ရောင်ခြယ်ဆဲလ်တွေ ပါဝင်ပါတယ်။ ဘီတာကယ်ရိုတင်းမှာဆိုရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီး ၎င်းတို့ဟာ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဆဲလ်များပျက်စီးမှုကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါ့အပြင် ကင်းပုံသီးမှာ အပင်ကိုအခြေခံတဲ့ ဓာတုပစ္စည်းတွေပါဝင်ပြီး ၎င်းတို့ဟာ နှလုံးကျန်းမာရေး၊ ပန်းနာရင်ကျပ်၊ ဆီးပူညောင်းကျရောဂါ နဲ့ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ကိုလည်း လျော့နည်းအောင် ကူညီပေးနိုင်ပါသေးတယ်။ ဒါ့အပြင် ကင်းပုံသီးမှာ အမျှင်ဓာတ်၊ ဗီတာမင် ဘီနဲ့ သံဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်တာတွေနဲ့ သွေးတွင်း သကြားဓာတ်များနေတာတွေကိုလျော့နည်းသက်သာစေပါတယ်။
ဆီးချိုရောဂါ ကာကွယ်ပေးခြင်း
ကင်းပုံသီးဟာ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ကင်းပုံသီးစားခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်ကို သိသာစွာ ကျဆင်းစေနိုင်ပါတယ်။ ကင်းပုံသီးမှာဆိုရင် Glucose-6-phosphate dehydrogenase ဆိုတဲ့ ဓာတ်ကို ဟန့်တားနိုင်တဲ့ ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ ဒါ့ကြောင့် ကင်းပုံသီး၊ ကင်းပုံဟင်းခါးရွက်နဲ့ ကင်းပုံသီး ဟင်းရည်တို့ကို စားသောက်ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
အစာခြေဖျက်မှု ကောင်းစေခြင်း
ကင်းပုံသီးစားခြင်းအားဖြင့် ဝမ်းချုပ်ခြင်းကဲ့သို့ ခန္ဓာကိုယ်တွင်း အစာခြေဖျက်မှုဆိုင်ရာ ပြဿနာများကိုလည်း လျော့နည်းသက်သာစေပါတယ်။ ကင်းပုံသီးဟာ အမျှင်ဓာတ်တွေပါဝင်နေတာကြောင့် အစာခြေဖျက်မှုကို အထောက်အကူပြုပြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ဓာတ်မတည့်မှုကို ကာကွယ်ပေးခြင်း
ကင်းပုံသီးကို အချို့သော တိုင်းရင်းရိုးရာ ဆေးကုသတဲ့နေရာတွေမှာလည်း အသုံးပြုကြပါတယ်။ ကင်းပုံသီးမှာ အယ်ကာလွိုက်၊ ဖလေဗိုနွိုက်၊ စတီရိုရွိုက်နဲ့ ဂလိုင်ကိုဆိုဒ် စတဲ့ဓာတ်တွေပါဝင်ပြီး ပန်းနာရင်ကျပ်၊ လည်ချောင်းနာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနဲ့ အချို့သော ဓာတ်မတည့်မှုများကို ကာကွယ်ပေးနိုင်ပါတယ်။
ကင်ဆာ ကာကွယ်ပေးနိုင်ခြင်း
ကင်းပုံသီးမှာ ဘီတာကယ်ရိုတင်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ ဒါ့ကြောင့် မကြာခဏ စားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကင်းပုံသီးစားသုံးပေးခြင်းဟာ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဆဲလ်များနဲ့ DNA (ဒီအင်န်အေ) များအား ပျက်စီးခြင်းမှကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေတာကြောင့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
Source- https://www.medindia.net/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....