အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သောက်စရာ ကော်ဖီ အမျိုးအစားများကို လေ့လာခြင်း

သောက်စရာ ကော်ဖီ အမျိုးအစားများကို လေ့လာခြင်း

     ကော်ဖီဘာလို့ သောက်ကြပါသလဲ။ ကော်ဖီရဲ့ အနံ့ကြောင့်လား၊ အရသာကြောင့်လား၊ စိတ်ကြည်လင် လန်းဆန်းအောင် သောက်ကြတာလား။ ကော်ဖီထဲမှာ ဘယ်အမျိုးအစားတွေကို ကြိုက်နှစ်သက်ပါသလဲ။ ယခုဆောင်းပါးလေးမှာတော့ ကော်ဖီအမျိုးအစားတွေ လေ့လာရမှာ ဖြစ်ပါတယ်။ ကော်ဖီဆိုင်ရောက်ဖြစ်ခဲ့ရင်လည်း ကိုယ် ဘယ်ကော်ဖီ အမျိုးအစားမှာမလဲ ဆိုတာ ရွေးချယ်လို့ရတာပေါ့။

၁။ Espresso (အက်စ်ပရက်ဆို)

     အက်စ်ပရက်ဆို ဆ်ိုတာကတော့ ကော်ဖီရဲ့ မူရင်းအရသာအတိုင်း အဆီအနှစ်တွေချည်း ပါဝင်နေတာကြောင့် ကော်ဖီ အရသာပြင်းပြင် (ခါးခါး) ကြိုက်နှစ်သက်တဲ့သူတွေအတွက် သင့်တော်တဲ့ ကော်ဖီအမျိုးအစား ဖြစ်ပါတယ်။ မီးရှိန်ပြင်းပြင်းနဲ့ လှော်ရတဲ့ ကော်ဖီ အမျိုးအစားဖြစ်ပြီး ကော်ဖီရဲ့ အနံ့၊ အရသာ အစစ်အမှန်ကို ရရှိစေမှာ ဖြစ်ပါတယ်။

၂။ Americano (အမေရိကာနို)

     အမေရိကာနိုဆိုတာကတော့ အက်စ်ပရက်ဆိုကော်ဖီနဲ့ ရေနွေးနဲ့ ဖျော်စပ်ထားတဲ့ ကော်ဖီအမျိုးအစားပဲ ဖြစ်ပါတယ်။ ကော်ဖီခါးခါး ကြိုက်နှစ်သက်တဲ့ သူတွေအတွက် သင့်တော်ပါတယ်။ အမေရိကာနိုဟာ ရေနွေး အနည်းငယ်ပိုထည့်ရပြီး အက်စ်ပရက်ဆိုကော်ဖီလောက် မခါးတဲ့ အရသာ ရှိပါတယ်။

၃။ Café Latte (ကဖေးလာ့တီး)

     ကော်ဖီသောက်တဲ့ သူတွေကြားမှာ လူကြိုက်များတဲ့ ကော်ဖီအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ နွားနို့ပူပူနဲ့ ကော်ဖီကို ဖျော်စပ်ထားတဲ့ ကော်ဖီအမျိုးအစား ဖြစ်ပါတယ်။ ကော်ဖီရဲ့ အပေါ်ယံမျက်နှာပြင်မှာတော့ အမြှပ်ခပ်ပါးပါးလေး ရှိပါတယ်။ ခါးစိမ့်စိမ့် အရသာကြိုက်နှစ်သက်တဲ့ သူတွေအတွက် သင့်တော်တဲ့ ကော်ဖီအမျိုးအစားဖြစ်ပါတယ်။

၄။ Cappuccino (ကပ်ပူချီနို)

     ကမ္ဘာမှာ လူကြိုက်အများဆုံး ကော်ဖီအမျိုးအစားလို့ ပြောလို့ရပါတယ်။ စာဖတ်သူမြင်အောင် ပြောရရင် ဒီကော်ဖီမှာ ကိတ်မုန့်တစ်ခုလိုမျိုး အလွှာ ၃ လွှာပါဝင်ပါတယ်။ ဒီကော်ဖီထဲမှာဆိုရင် အက်စ်ပရက်ဆိုကော်ဖီ၊ နွားနို့ နဲ့ နို့ရဲ့ခရင်မ်အမြှပ် ဆိုပြီး အလွှာ ၃ လွှာပါဝင်ပါတယ်။ ကော်ဖီမျက်နှာပြင်မှာတော့ ဒီဇိုင်းပုံလှလှလေးတွေ ဖော်ပြီး အလှဆင်တာမျိုးတွေလည်း ရှိပါတယ်။

၅။ Café Mocha (ကဖေး မိုခါး)

     မိုခါး ဟာဆိုရင် ချောကလက်အမှုန့်နဲ့ ကော်ဖီကို ရောစပ်ထားတဲ့ ကော်ဖီအမျိုးအစား ဖြစ်ပါတယ်။ မျက်နှာပြင်မှာတော့ ခရင်အမြှပ်လေးတွေ ပါဝင်ပါတယ်။ မိုခါးဟာဆိုရင် ကလေးတွေ ကြိုက်နှစ်သက်တဲ့ ချောကလက် အရည်ပူပူနဲ့ လူကြီးတွေ ကြိုက်နှစ်သက်တဲ့ လာ့တီး ကော်ဖီတို့ကို ရောစပ်ဖျော်ထားတာ ဖြစ်ပါတယ်။ ချိုဆိမ့်ဆိမ့် အရသာ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် သင့်တော်တဲ့ ကော်ဖီ အမျိုးအစား ဖြစ်ပါတယ်။

၆။ Irish Coffee (အိုင်းရစ်ရှ် ကော်ဖီ)

     အိုင်းရစ်ရှ် ကော်ဖီကတော့ ထူးခြားပါတယ်။ သူ့ထဲမှာ ဆိုရင် ဘလက်ခ်ကော်ဖီ၊ သကြား၊ ဝီစကီ စသည်တို့ ရောစပ်ထားပြီး အပေါ်ယံ မျက်နှာပြင်မှာလည်း ခရင်မ် ပါဝင်ပါတယ်။ အိုင်းရစ်ရှ်ကော်ဖီကိုတော့ အမျိုးသားတွေ ပိုပြီးကြိုက်နှစ်သက်ကြပါတယ်။ ဆောင်းရာသီလို အေးတဲ့အချိန်မှာ သောက်ရင် ပိုသင့်တော်တဲ့ ကော်ဖီအမျိုးအစားပါ။

၇။ Black Coffee (ဘလက် ကော်ဖီ)

     ဘလက် ကော်ဖီကတော့ ရိုးရှင်းပါတယ်။ သကြား၊ နွားနို့၊ ခရင်မ် စတာတွေ မပါပဲ ရေနွေးနဲ့ ကော်ဖီ ရောစပ်ထားတဲ့ ကော်ဖီ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ကယ်လိုရီ၊ အဆီနဲ့ ကာဗွန်ဟိုက်ဒရိတ် ပါဝင်မှုနည်းတဲ့ သောက်စရာတစ်ခုကို ရှာဖွေနေတယ်ဆိုရင်တော့ ဘလက်ကော်ဖီဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။

ဇင်ထူးနိုင်

Source - https://www.tasteofhome.com/article/types-of-coffee/

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 

 

 

 

 

 

 

မင်းချစ်သူ

မင်းချစ်သူ

လွန်ခဲ့သော ၅ နှစ် က

Irish Coffee က ဝီစကီ ပါတဲ့အတွက် ဒါဟာ cocktail ဘဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။