အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဗီတာမင် A,B,C ဟင်းရည်

ဗီတာမင် A,B,C ဟင်းရည်

    ခုလိုကာလမှာ ကိုယ်ခံအားကောင်းနေဖို့က အလွန်အရေးကြီးလှပါတယ်။ ဒါ့ကြောင့် ABC ဟင်းရည်လို့ အလွယ်ခေါ်ကြတဲ့ ဗီတာမင် A,B,C ပါဝင်တဲ့ စွပ်ပြုတ်လုပ်နည်းလေးကို ပြောပြပေးပါမယ်။ ဒီစွပ်ပြုတ်ဟင်းရည်ချက်ဖို့အတွက် ကြက်ရိုး(သို့) ဝက်ရိုးကို သုံးနိုင်ပါတယ်။

ထည့်ရမှာလေးတွေကတော့ -

ကြက်ရိုး(သို့)ဝက်ရိုး - ၂၀ ကျပ်သား

ပြောင်းဖူး - ၂ဖူး

မုန်လာဥနီ - ၁တောင့် (သေးရင် ၂ တောင့်)

အာလူး - ၁ လုံး

ကြက်သွန်နီဥကြီး - ၁ လုံး (သေးရင် ၂ လုံး) တို့ လိုအပ်ပါတယ် ။

ချက်ပြုတ်ပုံမှာ -

၁။ အရင်ဦးဆုံး ကြက်ရိုး (သို့) ဝက်ရိုးကိုရေစင်အောင်ဆေးကြော ရေနွေးပူပူနဲ့ဖျောပြီး ထပ်မံဆေးထားပါ။

၂။ ပြီးရင် ချက်မယ့်အိုးခပ်ကြီးကြီးထဲ ရေတစ်ဝက်လောက်ထည့်ပြီး ဆူလာအောင်တည်ပါ။

၃။ ဆူလာပါက အရိုးတွေထည့်၊ ပြောင်းဖူး၊ ဥနီ၊ အာလူး၊ ကြက်သွန်နီတို့ကို အနေတော်လေးလှီးထည့်ပြီး (၁) နာရီခန့်ကြာတည်ထားပါ။

၄။ ရေခမ်းလာလျှင် ရေနွေးထပ်ထည့်ပေးပါ။

၅။ ချခါနီးမှာ ဆားလေးနည်းနည်းဖြူးထည့်ပေးပါ။ အချိုအရသာတွေထွက်လာမှာမို့ ဟင်းခတ်မှုန့်တွေ မထည့်လည်းရပါတယ်။

    ခုလိုချိန်ခါမှာကိုယ်ခံအားကောင်းနေဖို့အတွက် အရိုးပြုတ်ရည်လေးတွေ မကြာခဏ ချက်သောက်ကြမယ်နော်။

ပင်လယ်ပြာ(ငါးဦးစီး)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။