အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လာအိုမှရထားဖြင့်တိုက်ရိုက်တင်ပို့မှုကြောင့် တရုတ်တွင် ဒူးရင်းသီးဈေး ထက်ဝက်ကျော်ကျဟုဆို

လာအိုမှရထားဖြင့်တိုက်ရိုက်တင်ပို့မှုကြောင့် တရုတ်တွင် ဒူးရင်းသီးဈေး ထက်ဝက်ကျော်ကျဟုဆို

Green Way
Green Way • 09/05/2023

ထိုင်းကနေတင်သွင်းတဲ့ဒူးရင်းသီးတွေကို လာအိုကနေတစ်ဆင့် အမြန်ရထားနဲ့တိုက်ရိုက်တင်သွင်းနိုင်ခဲ့မှုကြောင့် တရုတ်နိုင်ငံတွင်းမှာ ဒူးရင်းသီးဈေး ထက်ဝက်ကျော်ကျဆင်းသွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်လာပါတယ်။

‘ အနံ့ပြင်းပြီး စားကောင်းတဲ့၊ အရသာနူးညံ့ပြီး ထူးခြားတဲ့ “သစ်သီးများရဲ့ဘုရင်” ဒူးရင်းသီးဟာ တရုတ်သစ်သီးဈေးကွက်နဲ့ စားသုံးသူများရဲ့ များစွာနှစ်ခြိုက်မှုကို ရရှိနေပါတယ်။ ဧပြီလဆန်းမှာ တစ်ကီလိုလျှင် ယွမ် ၁၀၀ တန်ဖိုးရှိတဲ့ ဒူးရင်းသီးဈေးဟာ “မေဒေး” အပြီးမှာ ဈေးကျသွားပါတယ်။ ဒေသတော်တော်များများမှာ ဒူးရင်းသီးဈေးဟာ ဝ.၅ ကီလိုဂရမ်ကို ၂၀ ယွမ်လောက်အထိ ကျဆင်းသွားပါတယ်’ ဆိုပြီး တရုတ်သံရုံးရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဆိုတော့ ဒီထုတ်ပြန်ချက်အရဆို တစ်လအတွင်း တရုတ်နိုင်ငံတွင်း ဒူးရင်းသီးဈေးနှုန်းဟာ အရင် တစ်ကီလို ယွမ် ၁၀၀ ကနေ တစ်ကီလို ယွမ် ၄၀ ထိ ကျသွားတာဖြစ်ပါတယ်။ (ယွမ် ၁၀၀ = ၁၄.၄၄ ဒေါ်လာခန့်)

‘ ယခုနှစ် ဒူးရင်းသီးဈေး ဘာကြောင့် ဒီလောက်ဈေးသက်သာရတာလဲဆိုတော့ တရုတ်-လာအို မီးရထား လမ်းရဲ့ “အမြန်ရထား” မှာ လိုက်ပါစီးနင်းလာလို့ပါပဲ။ ယခုနှစ်မှာ တရုတ်-လာအိုမီးရထားနဲ့ ပို့ဆောင်တာ ကြောင့် တရုတ်နိုင်ငံသို့ ဒူးရင်းသီးများ တင်ပို့မှုကြာချိန်ကို အများဆုံး ၇ ရက်မှ ၃ ရက်အထိ လျှော့ချနိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံ ဒူးရင်းသီးတင်ပို့သူများက ပြောကြားပါတယ်’ လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

‘ ထိုင်းနိုင်ငံ Map Ta Phut ဘူတာမှ တရုတ်နိုင်ငံ ကွမ်ကျိုးသို့ ပြေးဆွဲတဲ့ “ဒူးရင်းသီးရထား” ဟာ ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်သီးများ ပို့ဆောင်မှုကြာချိန်ရဲ့ အမြန်ဆုံးစံချိန်ကို ချိုးနိုင်ခဲ့ပြီး သယ်ယူ ပို့ဆောင်မှုအတွင်း ဆုံးရှုံးနိုင်ခြေလည်း သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။ ဧပြီလမှစ၍ ဒူးရင်းသီး၊ ပိန္နဲသီး၊ မင်းကွတ်သီး၊ လုံငန်သီး၊ ကျွဲကောသီး စတဲ့ အပူပိုင်းဒေသထွက် သစ်သီးအများအပြား ဈေးကွက်ဝင်လာပြီး နေ့စဉ် တရုတ်-လာအိုမီးရထားဖြင့် သစ်သီးပို့ဆောင်တဲ့ အထူးရထားဖြင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးလျက်ရှိပါတယ်။ ယခုနှစ် “မေဒေး” ကာလမှာ တရုတ်-လာအိုမီးရထားဖြင့် အပူပိုင်းဒေသထွက် သစ်သီးဝလံများ တင်သွင်းမှု တန်ချိန် ၁၁၀၀၀ ရှိခဲ့ပါတယ်’ လို့လည်း တရုတ်သံရုံးဘက်က သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားထား ပါတယ်။ 

တရုတ်နှင့် လာအိုအကြား ဖောက်လုပ်ထားသတဲ့ ရထားလမ်းဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်အတွင်းမှာတော့ တရုတ် - လာအို မီးရထားလမ်းကို အသုံးပြု၍ ကုန်သွယ်ခဲ့တဲ့ ပမာဏဟာ ယမန်နှစ်ကာလတူကထက် ၂၄၇.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

ဒီရထားလမ်းနဲ့ ထိုင်း-လာအို-တရုတ်အကြား ကုန်သွယ်မှုအကြောင်း အပြည့်အစုံသိချင်ရင်တော့ အောက်ပါ ‘ ရ ကောက် ရထားကြီး ပျော်ပျော်စီး’ ဆိုတဲ့ ဆောင်းပါးလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/Thai_durian_export_to_China_by_train

Photos crd_Chinese_Embassy_in_Myanmar

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ ​မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။

Zin Ko Latt • ဖြေကြားချက် 0 ခု

‌ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ‌ဖြေကြားပေးကြပါဦးခင်ဗျာ။

Nan Lin Soe • ဖြေကြားချက် 0 ခု

ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.

ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု

မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအား​းေဖျန်းပေးရင်ပိုကောင်းလား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်

Sawsamson • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။