အိန္ဒိယတောင်သူ သိန်းပေါင်းများစွာ ၈ နှစ်အတွင်း ဝင်ငွေနှစ်ဆတိုးလာ
အိန္ဒိယအစိုးရ၊ ပညာရှင်တွေနဲ့ လယ်ယာအဖွဲ့အစည်းတွေရဲ့ အားစိုက်ကူညီမှုနဲ့အတူ အိန္ဒိယရဲ့ စိုက်မွေးတောင်သူ သိန်းပေါင်းများစွာဟာ ၈ နှစ်အတွင်း ဝင်ငွေနှစ်ဆတိုးလာတယ်လို့ အိန္ဒိယစိုက်ပျိုးမွေးမြူရေးဝန်ကြီး နာရင်ဒရာဆင်းတိုမာက ပြောလိုက်တာပါ။

လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ဝင်ငွေ ၂ ဆ (သို့) ၂ ဆကျော်တိုးလာတဲ့ တောင်သူ ၇ သိန်းခွဲရဲ့အောင်မြင်မှုတွေကို စာရင်းပြုစုထားတဲ့ အိန္ဒိယစိုက်ပျိုးရေးသုတေသနကောင်စီရဲ့ ထုတ်ပြန်ချက်ကိုကိုးကားပြီး တိုမာက ပြောတာပါ။
ဒီကောင်စီက စာရင်းပြုစုထားတဲ့ လယ်သမားတွေထဲမှာ ဝင်ငွေ ၁၂၅.၄၄ ရာခိုင်နှုန်းကနေ ၂၇၁.၆၉ ရာခိုင်နှုန်းထိ တိုးလာသူတွေပါနေပါတယ်။ အထူးသဖြင့်တော့ ပြည်နယ်အများစုက ဥယျာဉ်ခြံသီးနှံနဲ့ လယ်ယာသီးနှံစိုက်ပျိုးနေသူတွေ ပါဝင်နေတာပါ။
‘ ၂၀၂၂ ခုနှစ်ကျရင် လယ်သမားတွေ ဝင်ငွေနှစ်ဆ တိုးစေရမယ်’ ဆိုတဲ့ ရည်မှန်းချက်ကို အိန္ဒိယအစိုးရက ၂၀၁၆ ခုနှစ်မှာ စတင်ချမှတ်ဆောင်ရွက်ခဲ့တာပါ။
“ ပြီးခဲ့တဲ့ ၈ နှစ်အတွင်းမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍကြီး အားကောင်းလာဖို့အတွက် အဖက်ဖက်က အားစိုက်မြှင့်တင်မှုတွေလုပ်ခဲ့ပါတယ်။ သိန်းပေါင်းများစွာသော တောင်သူတွေဟာ ဝင်ငွေ ၂ ဆ ဖြစ်လာရုံတင်မကဘူး၊ ဝင်ငွေ ၂ ဆကျော်တဲ့လယ်သမားတွေလည်း အများကြီးရှိခဲ့ပါတယ်” လို့ ဝန်ကြီး နာရင်ဒရာဆင်းတိုမာက ဆိုပါတယ်။
အိန္ဒိယစိုက်ပျိုးရေးသုတေသနကောင်စီအနေနဲ့ လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးသူတွေ၊ မွေးမြူရေးနဲ့ရေလုပ်ငန်းလုပ်ကိုင်သူတွေထဲက အောင်မြင်နေတဲ့ တောင်သူတွေရဲ့အကြောင်း အကျဉ်းချုပ်ကို စာရင်းပြုစု မျှဝေခဲ့တာပါ။
ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေးကရတဲ့ဝင်ငွေဟာ ပြည်နယ် ၁၄ ခုမှာ အဓိကအကျဆုံးဝင်ငွေဖြစ် နေတယ်လို့ ကောင်စီဘက်က ဆိုပါတယ်။
နောက်ထပ် ပြည်နယ် ၁၁ ခုမှာတော့ ၂၀၁၆-၁၇ ကနေ ၂၀၂၀-၂၁ အတွင်း လယ်ယာသီးနှံက ရတဲ့ဝင်ငွေ လျော့ကျသွားပေမယ့် အဓိကဝင်ငွေအဖြစ်တော့ ဆက်လက်လွှမ်းမိုးမှုရှိနေဆဲဖြစ်ပါတယ်။
မဏိပူရ်နဲ့ နာဂလန်းအပါအဝင် နောက်ထပ်ပြည်နယ် ၄ ခုမှာတော့ မွေးမြူရေးက အဓိကဝင်ငွေ အဖြစ် လွှမ်းမိုးမှုရှိနေတယ်လို့ ဆိုပါတယ်။
‘ လယ်သမားတွေရဲ့ဝင်ငွေနှစ်ဆဖြစ်လာတာက စိုက်ပျိုးမွေးမြူရေးကဏ္ဍတစ်ခုလုံး၊ နိုင်ငံတစ်ခုလုံး၊ မြေယာအတန်းအစားတစ်ခုလုံးမှာ ဖြစ်နိုင်ပါတယ်။ သိပ္ပံနဲ့နည်းပညာရဲ့ကိုင်တွယ်မောင်းနှင်မှုနဲ့အတူ ဒီလိုဝင်ငွေတွေဖြစ်လာတာက အစစ်အမှန်ပါပဲ။ ဒါဟာ နိုင်ငံအနှံ့က အုပ်ချုပ်ရေးပိုင်းနဲ့ မူဝါဒပိုင်းဆိုင်ရာ ကျောထောက်နောက်ခံ ထောက်ပံ့ကူညီမှုတွေကို ဆွဲဆောင်နိုင်ဖို့လည်း ဖြစ်နိုင်ပါတယ်’ လို့လည်း အိန္ဒိယစိုက်ပျိုးရေးသုတေသနကောင်စီက ဆိုထားပါတယ်။
Ref; https://bit.ly/3PyPihK
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 0 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 0 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု
မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအားးေဖျန်းပေးရင်ပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်
Sawsamson • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026