လူသားတွေရဲ့အနာဂတ်နဲ့ထပ်တူကျနေတဲ့ ပျား၊ ပိတုန်းလေးတွေရဲ့ရှင်သန်ခွင့်..
ပျား၊ ပိတုန်းလေးတွေ ဥရောပတစ်ခွင် လွတ်လပ်လုံခြုံစွာ ပျံသန်းသွားလာနိုင်ရေး ထောက်ပံ့အားပေးမှုတွေ လုပ်သွားမယ်ဆိုပြီး ဥရောပသမဂ္ဂက ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဂေဟစနစ်ကြီးရဲ့ ထောက်တိုင်တွေဖြစ်တဲ့ ဒီအကောင်လေးတွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ထိန်းသိမ်းမှုပုံစံအသစ်တစ်ခုကို ဥရောပသမဂ္ဂက စတင်လိုက်တာပါ။

ဘာလို့လဲဆိုတော့ လက်ရှိဥရောပဒေသတွေမှာ ပျားပိတုန်းမျိုးစိတ် သုံးကောင်မှာတစ်ကောင်နှုန်း (သုံးပုံတစ်ပုံ) ပျောက်ပျက်နေလို့ပါတဲ့။ ဒီအခြေအနေကို ၂၀၃၀ ခုနှစ်နောက်ဆုံးထား ကျွမ်းသန္တာလှန်ပစ်ဖို့ ဥရောပသမဂ္ဂက ကြိုးစားလာတာပါ။
ဆိုတော့ ဒီ ပျား၊ ပိတုန်း မျိုးစိတ်တွေဟာ ဘာလို့များ ဒီလောက်အရေးကြီးနေရတာလဲ..?
သိပ်ကိုအရေးကြီးတဲ့သတ္တဝါလေးတွေပါတဲ့...
သူတို့သာမရှိခဲ့ရင်..ကမ္ဘာကြီးရဲ့ရှင်သန်ရေးကို ဖန်တီးပေးထားတဲ့ ဂေဟစနစ်ကြီး ပျက်သွားနိုင်ပြီး လူသားတွေလည်း ပျောက်သွားနိုင်တယ်လို့ အဆိုပြုမှုမျိုးတွေတောင် ရှိကြပါတယ်။
ဂေဟစနစ်ဆိုတာကတော့ အပင်တွေအပါအဝင် သက်ရှိသတ္တဝါတွေအားလုံး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ရပ်တည်ရှင်သန် နေရတဲ့ ကွန်ရက်ကြီးတစ်ခုပါ။ ဒီကွန်ရက်ကြီးထဲက အရေးအပါဆုံး ထောက်တိုက်မျိုးစိတ်တွေ ပျက်သုဉ်းသွားပြီဆိုတာနဲ့ တခြားအရာတွေပါ ဝရုန်းသုန်းကားဖြစ်သွားနိုင်တယ်ဆိုတာမျိုးပေါ့။
ဒီအရေးကြီးထောက်တိုင်အကောင်လေးတွေထဲမှာ ပျားလေးတွေတင်မကပါဘူး။ လိပ်ပြာလေးတွေ၊ နကျယ်ကောင်တွေ၊ ကျိုင်းကောင်းတွေ၊ ယင်ကောင်တွေနဲ့ ပုရွက်ဆိတ်လေးတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။
အပင်တွေဟာ လူသားတွေအသက်ရှူနေတဲ့ အောက်ဆီဂျင်ကိုထုတ်ပေးနေတဲ့ အရင်းအမြစ်တစ်ခုဆိုတာတော့ လူ အတော်များများ သိကြမှာပါ။
ကမ္ဘာ့စားသုံးသီးနှံတွေနဲ့ တခြားပန်းပွင့်တဲ့အပင်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ သတ္တဝါတွေကြောင့် ဝတ်မှုန်ကူး ပွားများ ရှင်သန်နေကြတာပါ။ ဒါပေမဲ့ ကာလရှည်ကြာစိုက်ပျိုးထုတ်လုပ်ရေးမှာ ထိန်းညှိပေးနေတဲ့ ဒီကောင်လေးတွေ ဥရောပမှာ ပျောက်ပျက်လာပါပြီ။ ဒါဟာ ဥရောပရဲ့သဘာဝကြီး၊ လူသားဖြစ်တည်မှုနဲ့ စားနပ်ရိက္ခာဖူလုံရေးကို အကြီးမားဆုံး ခြိမ်း ခြောက်မှုကြီးပဲဖြစ်တယ်လို့ ဥရောပသမဂ္ဂကော်မရှင်က ဆိုလိုက်ပါတယ်။
ဒီပြဿနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ?
ဥရောပသမဂ္ဂကတော့ အောက်ပါအချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပစ်မှတ်ထားထားပါတယ်။ အဲ့ဒါတွေကတော့..
- (၁) ပိုးသတ်ဆေးများသုံးစွဲမှု
- (၂) သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု
- (၃) ရန်သူပိုးကောင်များ ကျူးကျော်ဝင်ရောက်လာမှု
- (၄) မြေအသုံးချရေးပုံစံတွေပြောင်းလဲလာမှု
- (၅) ရာသီဥတုပြောင်းလဲလာမှု
စတာတွေပဲ ဖြစ်ပါတယ်။
“ အကြောင်းအရာ သေးသေးလေးတွေက ကမ္ဘာကြီးကို အကြီးကြီးပြောင်းပစ်လိုက်နိုင်ပါတယ်။ ဝတ်မှုန်ကူးအင်းဆက်လေး တွေဟာ သဘာဝရဲ့အနာဂတ်နဲ့ ရေရှည်စားနပ်ရိက္ခာဖူလုံမှုကို ကိုင်တွယ်ဆုံးဖြတ်သွားမှာပါ” လို့ သဘာဝပတ်ဝန်းကျင်၊ သမုဒ္ဒရာများနဲ့ရေလုပ်ငန်းများအတွက် ဥရောပသမဂ္ဂကော်မရှင်နာ Virginijus Sinkevičius က မှတ်ချက်ပြုပါတယ်။
“ ဆိုတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဂေဟစနစ်၊ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဒီအကောင် လေးတွေကို ကယ်တင်ဖို့ ချက်ချင်းလုပ်ကြရမယ်” လို့ သူက ဆက်ပြောပါတယ်။
ဥရောပသမဂ္ဂကကိုင်တွယ်သွားမယ့်အချက်တွေထဲမှာ အရေးအပါဆုံးတစ်ခုကတော့ ပိုးသတ်ဆေးသုံးစွဲမှုအပိုင်းပဲ ဖြစ်ပါတယ်။
ဝတ်မှုန်ကူးအင်းဆက်မျိုးစိတ်တွေကို အဓိကခြိမ်းခြောက်နေတာက အဲ့ဒီပိုးသတ်ဆေးတွေပါတဲ့။ ဒါကြောင့် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးစနစ်နဲ့ပတ်သက်တဲ့ဥပဒေတွေကို ပိုမိုတင်းကြပ်ဖို့၊ ဓာတုပစ္စည်းတွေရဲ့အဆိပ်သင့်မှုနှုန်းကို ပြန်လည်စစ်ဆေးမှုတွေပြုလုပ်သွားဖို့၊ ပိုးသတ်ဆေးသုံးစွဲမှုလျှော့ချသွားဖို့ ကိုင်တွယ်မှုတွေ ပြုလုပ်သွားမှာပါ။
နောက်ထပ်အနေနဲ့ ပိုးမွှားတွေကို သဘာဝအတိုင်း စားသောက်နှိမ်နင်းမယ့် သားရဲကောင်တွေ လျော့ကျနေမှုကိုလည်း ၂၀၃၀ နောက်ဆုံးထား ပြောင်းပြန်လှန်ပစ်ဖို့လည်း ဥပဒေတွေထုတ်ပြန်ကိုင်တွယ်သွားဖို့ရှိနေပါတယ်။
“ ဝတ်မှုန်ကူးအင်းဆက်လေးတွေအတွက် ဒီလိုမျိုး ကိုင်တွယ်ထိန်းသိမ်းမှုအသစ်တွေလုပ်တာဟာ ဥရောပရဲ့အကျိုးတစ်ခု တည်းအတွက် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာလည်း အခုလို အလားတူလုပ်ဆောင်မှုတွေလုပ်ကြဖို့ စေ့ဆော်တိုက်တွန်းချင် လို့ပါ။ အရမ်းကြီးနောက်ကျမသွားခင် ကျွန်တော်တို့ ဒါကိုလုပ်လိုက်ကြစို့ဗျာ” လို့ Virginijus Sinkevičius က တိုက်တွန်းလိုက်ပါတယ်။
Ref: https://www.euronews.com/green/2023/01/25/1-in-3-bees-butterflies-and-hoverflies-are-disappearing-can-a-new-eu-deal-save-our-pollina
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျော်ဇံ
လွန်ခဲ့သော ၃ နှစ် ကကျေးဇူး
Dee Dee
လွန်ခဲ့သော ၃ နှစ် ကဟုတ်ကဲ့
ye thura
လွန်ခဲ့သော ၃ နှစ် ကGood post.
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 0 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 0 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု
မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအားးေဖျန်းပေးရင်ပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်
Sawsamson • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026