အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သြစတြေးလျနဲ့  နယူးဇီလန်နိုင်ငံသားတွေရဲ့ ဆီး နမူနာတွေထဲ ပေါင်းသတ်ဆေးဓာတ်ကြွင်းများတွေ့ရှိ

သြစတြေးလျနဲ့  နယူးဇီလန်နိုင်ငံသားတွေရဲ့ ဆီး နမူနာတွေထဲ ပေါင်းသတ်ဆေးဓာတ်ကြွင်းများတွေ့ရှိ

ကွင်းစ်လန်းတက္ကသိုလ် (University of Queensland) မှ သုတေသီတွေရဲ့ လေ့လာမှုတစ်ခုအရ သြစတြေးလျ နိုင်ငံသားတွေထံကနေရရှိတဲ့ ဆီးနမူနာတွေရဲ့ ၈ ရာခိုင်နှုန်းမှာ ပေါင်းသတ်ဆေးအာနိသင်တွေ ပါ၀င်နေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ကွင်းစ်လန်းတက္ကသိုလ်ရဲ့ Queensland Alliance for Environmental Health Sciences မှ ဒေါက်တာ Sarit Kaserzon နဲ့ PhD ကျောင်းသား Garth Campbell တို့ဟာ သြစတြေးလျနိုင်ငံသား ၁၈၀၀ ကျော်ထံက ဆီးနမူနာတွေကို အဖွဲ့တစ်ခုနဲ့ ဦးဆောင်စစ်ဆေးခဲ့ပြီး နယူးဇီလန်နိုင်ငံက လယ်သမားတွေရဲ့ ဆီးနမူနာ ၂၇ ခုနဲ့ နှိုင်းယှဉ်သုတေသနလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

"သြစတေးလျနိုင်ငံသားတွေရဲ့ ဆီးနမူနာတွေထဲက ၈ ရာခိုင်နှုန်းမှာ ကမ္ဘာ့အသုံးအများဆုံး ပေါင်းသတ်ဆေးဖြစ်တဲ့ ဂလိုင်ဖိုစိတ် (glyphosate) ပမာဏအနည်းငယ်ပါနေတာကို ကျွန်မတို့ တွေ့ရှိခဲ့ရပါတယ်" လို့ ဒေါက် တာ Kaserzon က ပြောပါတယ်။ 

“ပေါင်းသတ်ဆေး ကိုင်တွယ်အသုံးပြုထားတဲ့ နယူးဇီလန်လယ်သမားတွေရဲ့ ဆီးနမူနာတွေနဲ့ နှိုင်းယှဉ် ကြည့်လိုက်တဲ့အခါမှာတော့ သူတို့ရဲ့ ၉၈ ရာခိုင်နှုန်းထိ ဂလိုင်ဖိုစိတ် (glyphosate) ပမာဏ  မြင့်မြင့်မားမား ပါဝင်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ လုပ်ငန်းခွင်မှာ ပေါင်းသတ်ဆေးကို မကြာခဏ ထိတွေ့ကိုင်တွယ်အသုံးပြုတဲ့သူတွေအတွက် သေချာပေါက် ဆက်စပ်မှုရှိနေတာကို ညွှန်ပြနေတာပါပဲ” လို့ ဒေါက်တာ Kaserzon က ဆက်ပြော ပါတယ်။ 

ဂလိုင်ဖိုစိတ် (glyphosate) ဟာ အစားအစာ (သို့မဟုတ်) သောက်သုံးရေကနေတဆင့် ခန္ဓာကိုယ်ထဲ ရောက် သွားနိုင်သလို ပေါင်းသတ်ဆေးအဖြစ် အသုံးပြုရင်းနဲ့ အရေပြားကတဆင့် (သို့မဟုတ်) အသက်ရှူသွင်းခြင်း တို့ ကနေလည်း ဝင်ရောက်သွားနိုင်တာ ဖြစ်ပါတယ်။ 

အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာကနေ မကြာသေးမီက ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာလည်း ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူ ၂၃၁၀ ဆီကနေ ထုတ်ယူရရှိတဲ့ ဆီးနမူနာ တွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်မှာ ဂလိုင်ဖိုစိတ် (glyphosate) အာနိသင်တွေ ပါဝင်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။ 

သြစတြေးလျနိုင်ငံရဲ့ ဆီးနမူနာတွေမှာ တွေ့ရှိရတဲ့ ပေါင်းသတ်ဆေး အာနိသင်ပမာဏဟာ အနည်းငယ်သာ ဖြစ်နေလို့ စိုးရိမ်စရာတော့မရှိပေမယ့် ဘေးကင်းရေးလုံခြုံရေးအတွက်ဆိုရင်တော့ ကြိုတင်ကာကွယ်မှုတွေ ပြလုပ်ထားသင့်တယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။ 

“အိမ်နဲ့ ဥယျာဉ်စိုက်ခင်းတွေမှာ နေ့စဉ်အသုံးပြုနေတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုကို လျှော့ချနိုင်ဖို့အတွက် နည်းလမ်းများစွာရှိပါတယ်။ လယ်သမားတွေ အပါအဝင် ဂလိုင်ဖိုစိတ် (glyphosate) ပါ၀င်တဲ့ ဓာတု ပစ္စည်းတွေကို ပုံမှန်အသုံးပြုနေသူတိုင်းဟာ အကာအကွယ် မျက်မှန်၊ လက်အိတ်များ ဝတ်ဆင်ခြင်းဖြင့် ပေါင်း သတ်ဆေး အမှုန်အမွှားတွေကို ရှောင်ရှားသင့်ပါတယ်။ ဂလိုင်ဖိုစိတ် (glyphosate) ပါ၀င်တဲ့ ဓာတု ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုမယ်ဆိုရင် အကာအကွယ်အဝတ်အစားဝတ်ဆင်တာ၊ နှာခေါင်းစည်းတပ်တာ၊ အသုံးပြုပြီးရင် လက်ဆေးတာနဲ့ လုံလုံခြုံခြုံသိမ်းတာ စတာတွေကို လုပ်ကြဖို့ ကျွန်တော် အလေးအနက် အကြံပြုလိုပါတယ်” လို့ PhD ကျောင်းသား Garth Campbell က ပြောပါတယ်။ 

ဂလိုင်ဖိုစိတ် (Glyphosate) ဟာ လူ့တွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနေသလဲ ဆိုတာနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ သက်သေအထောက်အထားပြနိုင်ဖို့ကတော့ အကန့်အသတ်နဲ့သာ ရှိနေသေး တယ်လို့ ဒေါက်တာ Kaserzon က ဆိုပါတယ်။ 

"ဒါပေမဲ့ ပေါင်းသတ်ဆေး ထိတွေ့နိုင်မှုကို ကောင်းစွာနားလည်ထားမယ်ဆိုရင် လူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို လျှော့ချနိုင်မှာဖြစ်သလို လုံးဝမဖြစ်နိုင်အောင်လည်း ဖယ်ရှားပစ်နိုင်မှာပါ။ ကျွန်မတို့ရဲ့ သုတေ သနတွေ့ရှိချက်ကို သိရှိပြီးရင် သြစတြေးလျနိုင်ငံသားတွေရဲ့ ကျန်းမာရေးကို ကာကွယ်နိုင်မယ့် စည်းမျဉ်း စည်းကမ်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပိုမိုတိုးတက်အောင်လုပ်နိုင်ဖို့  မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။  

ဒီလေ့လာမှုကို သြစတြေးလျ သုတေသနကောင်စီက ရန်ပုံငွေထောက်ပံ့ပေးခဲ့ပြီး Science of the Total Environment ကနေ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင် 

Ref: https://bit.ly/3RHemmD

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

ပေါင်းသက်ဆေးလုံးဝ သုံးဖို့မလိုတဲ့သဘာဝနည်းလမ်းလေး၊နည်းစနစ်တွေပညာရှင်တွေဆီကနည်းလမ်းကောင်းလေးတွေရနိုင်ရင် အားလုံးအတွက်ပိုအကျိုးများမယ်လို့ယုံကြည်တယ်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ ​မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။

Zin Ko Latt • ဖြေကြားချက် 0 ခု

‌ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ‌ဖြေကြားပေးကြပါဦးခင်ဗျာ။

Nan Lin Soe • ဖြေကြားချက် 0 ခု

ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.

ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု

မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအား​းေဖျန်းပေးရင်ပိုကောင်းလား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်

Sawsamson • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။