သမုဒ္ဒရာထဲမှ ပလတ်စတစ်မှုန်များကို ကြက်ဥအကာအသုံးပြုဖယ်ရှားနိုင်မည့် နည်းလမ်းတွေ့

ကြက်ဥအကာဟာ ကြွက်သားတည်ဆောက်ဖို့နဲ့ ကိုလက်စထရောလျှော့ချဖို့အတွက် ကောင်းမွန်တာဖြစ်ပေမဲ့ ၎င်းတို့ဆီမှာ မီးဖိုချောင်ထက်စားစရာဆိုတာထက် သာလွန်ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရှိနေကြောင်း တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ Princeton တက္ကသိုလ်က သုတေသီတွေဟာ ကျွန်တော်တို့ရဲ့ နံနက်စာ (ကြက်ဥ)ကို သမုဒ္ဒရာထဲမှ ပလတ်စတစ်အပိုင်းစအမှုန်ငယ်လေးများ (microplastics) ကို ဖယ်ရှားပစ်နိုင်တဲ့ ပစ္စည်းအသစ်အနေနဲ့ ပြောင်းလဲဖို့ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာပါ။
ပလတ်စတစ် အပိုင်းစငယ်လေးတွေဟာ ဖွံ့ဖြိုးတိုးတက်လာတဲ့ စီးပွားဖြစ်ထုတ်ကုန်တွေနဲ့ ပိုမိုကြီးမားတဲ့ ပလတ်စတစ်တွေ ပြိုကွဲပျက်စီးကနေ ဖြစ်ပေါ်လာတဲ့ အလွန့်အလွန်သေးငယ်သော ပလတ်စတစ်အမှုန်လေးတွေ ဖြစ်ပါတယ်။
ပလတ်စတစ်အမှုန်လေးတွေကို ကျွန်တော်တို့ရဲ့ အစားအစာနဲ့ ရေထဲမှာ ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းတို့ကနေ ကျန်းမာရေးဆိုင်ရာ ပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်တာပါ။ ပလတ်စတစ်အမှုန်တွေဟာ နေရာတိုင်းမှာရှိနေတာဖြစ်ပြီး ပင်လယ်သမုဒ္ဒရာတွေထဲမှာတော့ ပလတ်စတစ်အပိုင်းအစပေါင်း ၂၄ ထရီလီယံ (1 trillion = 1,000,000,000,000) ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
Princeton မှ သုတေသီအဖွဲ့ဟာ ပုံမှန်အတိုင်း စတိုးဆိုင်ကနေ ဝယ်ယူလာတဲ့ ကြက်ဥအကာတွေကို အသုံးပြုပြီး ရေစစ်ထုတ်ယူခြင်း၊ စွမ်းအင်သိုလှောင်ခြင်းနဲ့ အပူလျှပ်ကာများအတွက် အသုံးပြုနိုင်တဲ့ ပေါ့ပါးသောပစ္စည်းဖြစ်တဲ့ aerogel ဆိုတာကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
Princeton ရဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာလက်ထောက်ဌာနမှူး Craig Arnold ဟာ အသားညှပ်ပေါင်မုန့်ကို စားနေချိန်မှာပဲ အဆိုပါလုပ်ငန်းစဉ်အတွက် စိတ်ကူးရလာခဲ့တာ ဖြစ်ပါတယ်။
"အဲဒီမှာထိုင်ပြီး ကျွန်တော် အသားညှပ်ပေါင်မုန့်ကို စိုက်ကြည့်နေခဲ့တာ။ ပြီးတော့ 'ဒါက ငါတို့လိုအပ်တဲ့ ဖွဲ့စည်းပုံမျိုးပဲ' ဆိုပြီး ကိုယ့်ဘာသာကိုယ် တွေးခဲ့မိတယ်” လို့ Arnold က Phys.org ကို ပြောခဲ့ပါတယ်။
Arnold ဟာ မုန့်လုပ်နည်းအမျိုးမျိုးနဲ့ ကာဗွန်ကို ရောစပ်ခြင်းဖြင့် aerogel ရဲ့ ဖွဲ့စည်းပုံကို ပုံတူပွားများဖို့ သူ့အဖွဲ့ကို ပြောထားပါတယ်။ အဲ့ဒီနောက် သုတေသီအဖွဲ့ဟာ စမ်းသပ်မှုတစ်လျှောက်လုံးမှာ ကြက်ဥအကာများသာကျန်တော့တဲ့အထိ ပါဝင်ပစ္စည်းတွေကို ထုတ်ယူပစ်လိုက်ကြတာ ဖြစ်ပါတယ်။
" ကျွန်တော်တို့ဟာ ပိုမိုရှုပ်ထွေးတဲ့ စနစ်တစ်ခုနဲ့ စတင်လိုက်ပြီး အဓိကလိုရင်းကိုရောက်တဲ့အထိ တဆင့်ပြီးတဆင့် လျှော့ချခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်" လို့ Arnold က Phys.org ကို ပြောကြားခဲ့ပါတယ်။
" ကြက်ဥအကာထဲမှာရှိနေတဲ့ ပရိုတင်းဓာတ်တွေဟာ ကျွန်တော်တို့လိုအပ်တဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေဆီကို ဦးတည်နေပါတယ်" လို့ သူကပြောပါတယ်။
ကြက်ဥအကာတွေဟာ ၎င်းတို့ထင်ထားတာထက် ပိုမိုရှုပ်ထွေးပြီး အပြန်အလှန်ချိတ်ဆက်ထားတဲ့ ကာဗွန်ဖိုင်ဘာတွေနဲ့ graphene အလွှာများအဖြစ် ပြောင်းလဲနိုင်တာ ဖြစ်ပါတယ်။ အဆိုပါအလွှာတွေဟာ အလွန်ပါးလွှာတဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး နောက်ဆုံးမှာ graphite အဖြစ်သို့ ပြောင်းလဲသွားနိုင်တာ ဖြစ်ပါတယ်။
သုတေသီတွေဟာ အဆိုပါ အသွင်ကူးပြောင်းမှုကို ပြီးမြောက်စေဖို့အတွက် အောက်စီဂျင်မရှိတဲ့ ပတ်ဝန်းကျင်မှာ ကြက်ဥအကာထဲက ပရိုတင်းတွေကို အေးခဲစေပြီးနောက် အခြောက်ခံကာ (freeze-dried) ၉၀၀ ဒီဂရီစင်တီဂရိတ် (၁၆၀၀ ဒီဂရီဖာရင်ဟိုက်အထက်) မှာ အပူပေးထားတာ ဖြစ်ပါတယ်။
Materials Today က ထုတ်ဝေတဲ့ စာတမ်းတစ်ခုမှာ Arnold နဲ့ သူရဲ့ တွဲဖက်စာတမ်းရေးသားသူတွေအနေနဲ့ သုတေသနကနေ နောက်ဆုံးရရှိလာတဲ့ပစ္စည်းဟာ ပင်လယ်ရေထဲက ဆားနဲ့ ပလတ်စတစ်အပိုင်းစငယ်တွေကို ၉၈ ရာခိုင်နှုန်းနဲ့ ၉၉ ရာခိုင်နှုန်း ထိရောက်စွာဖယ်ရှားနိုင်ကြောင်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရရှိလာတဲ့ ကြက်ဥအကာပစ္စည်းဟာ ထုတ်လုပ်ဖို့ ဈေးနှုန်းအားဖြင့် မများသလို စွမ်းအင်သက်သာပြီး ထိရောက်မှုလည်း မြင့်မားပါတယ်။
သုတေသနစာတမ်းရေးသားသူ တစ်ဦးပဲဖြစ်တဲ့ Sehmus Ozden က " Activated carbon တွေဟာ ရေသန့်စင်ဖို့အတွက် အသုံးပြုရာမှာ ဈေးအသက်သာဆုံး ပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲ့ဒါနဲ့ ဒီတွေ့ရှိမှုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တော့ ဒါကအများကြီးပိုကောင်းပါတယ်" လို့ ဆိုလိုက်ပါတယ်။
ဇင်ထူးနိုင်
Ref: https://www.thecooldown.com/green-tech/egg-whites-microplastics-filter/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Htwe Htwe
လွန်ခဲ့သော ၃ နှစ် ကပါဝင်ဆွေးနွေးမည်
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 0 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 0 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု
မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအားးေဖျန်းပေးရင်ပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်
Sawsamson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....