တရုတ်နိုင်ငံထံ ထိုင်းဆန် ပိုမို တိုးမြှင့်ရောင်းချမည်
Covid-19 ကပ်ရောဂါဘေးကြောင့် ကျဆင်းသွားတဲ့ စီးပွားရေးကို ပြန်လည်ကုစားသွားဖို့ တရုတ်နိုင်ငံနဲ့ အစိုးရ ချင်း G2G သဘောတူညီချက်နဲ့ ဆန်ကုန်သွယ်မှုကို တိုးမြှင့်သွားမယ်လို့ ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာန (DFT) ရဲ့ ညွန်ကြားရေးမှူးချုပ်အသစ်က ပြောလိုက်ပါတယ်။
အေဂျင်စီရဲ့ အရေးကြီးဆုံးအစီအစဉ်က နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေကို မြှင့်တင်သွားဖို့ဖြစ်တယ်လို့ (DFT) ရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် မကြာသေးမီကမှ ခန့်အပ်ခြင်း ခံခဲ့ရတဲ့ Ronnarong Phoolpipat က တနင်္လာ နေ့မှာ ပြောကြားခဲ့တာပါ။
၂၀၂၂ ခုနှစ်ရဲ့ ပထမရှစ်လအတွင်း ထိုင်းနိုင်ငံရဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတန်ဖိုးဟာ ဘတ်ငွေ ၁.၁၅ ထရီလီယံ အထိ မြင့်တက်လာပြီး ပြီးခဲ့တဲ့နှစ်ကာလတူအခြေအနေထက် ၃.၁၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သူက ဆိုပါတယ်။
“နယ်စပ်ဖြတ်ကျော် ပို့ကုန်တန်ဖိုးဟာ ဘတ်ငွေ ၆၈၂.၈၄ ဘီလီယံရခဲ့ပြီး ၀.၁၁ ရာခိုင်နှုန်းနဲ့ နည်းနည်းမြင့်တက် လာတယ်။ သွင်းကုန်တန်ဖိုးကတော့ ဘတ်ငွေ ၄၇၁.၀၂ ဘီလီယံနဲ့ ၇.၉၈ ရာခိုင်နှုန်းမြင့်တက်လာ ပါတယ်။ ဆိုတော့ ဩဂုတ်လမှာတင် ထိုင်းရဲ့ ကုန်သွယ်ရေးပိုငွေ (ပို့ကုန်ရငွေပိုလျှံမှု) က ဘတ်ငွေ ၂၁၁.၈၂ ဘီလီယံအထိ ရှိခဲ့ပါတယ်” လို့ Ronnarong Phoolpipat က ပြောပါတယ်။

ဘတ်ငွေတန်ဖိုးကျဆင်းမှုနဲ့ မြန်မာ၊ လာအိုနိုင်ငံတွေရဲ့ စီးပွားရေး အနေအထားတွေဟာ ယခုနှစ်မှာ နယ်စပ်ကုန်သွယ်ရေးကို မြှင့်တင်ပေးတဲ့ အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့လည်း ယခင်က ကုန်သွယ်မှု မူဝါဒနဲ့ မဟာဗျူဟာရုံးကို ကြီးကြပ်ခဲ့ရသူ Ronnarong က ဆိုပါတယ်။
စွမ်းအင်လိုအပ်ချက်အတွက် ဝယ်လိုအားမြင့်တက်လာခြင်းကြောင့်ထိုင်းနိုင်ငံကနေ မြန်မာနဲ့ လာအို နိုင်ငံတွေကို တင်ပို့ရမှုဟာ ၁၀၀ နဲ့ ၁၁၅ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Covid-19 အခြေအနေတွေ တိုးတက်လာတာနဲ့အမျှ ဒေသတွင်းစားသုံးမှုနဲ့ ကုန်ထုတ်လုပ်မှုတွေလည်း ပြန်လည် တိုးတက်လာတယ်လို့ သူက ထပ်လောင်းပြောဆိုပါတယ်။
ဥပမာအားဖြင့် ၂၀၂၂ ခုနှစ် ပထမရှစ်လအတွင်း မလေးရှားနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်ကာလတူအခြေအနေနဲ့ ယှဉ်ရင် မော်တော်ကား ၃၈၉.၄၂ ရာခိုင်နှုန်းနဲ့ တာယာ ၁၃၁.၄၃ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံကနေ ပိုမိုတင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံဟာလည်း လျှပ်စစ်ဆားကစ်ဘုတ် ၆၁၈.၉၁ ရာခိုင်နှုန်းနဲ့ အထည်အလိပ်နဲ့ ချည်မျှင် ၉၃.၄၁ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။
"(DFT) အနေနဲ့ ထိုင်း-တရုတ် အမြန်ရထား ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှာ G2G စာချုပ်အရ တရုတ်နိုင်ငံကို ဆန်ရောင်းချဖို့အစီစဥ်တွေကို အလေးထားဆောင်ရွက်သွားပါမယ်။ စာချုပ်အရ တရုတ်နိုင်ငံဟာ ဆန်တန်ချိန် ၂ သန်း ဝယ်သွားမှာပါ။ အခုအချိန်အထိတော့ ဆန် တန်ချိန် ၇၂၀,၀၀၀ တင်ပို့ပြီးသွားပါပြီ။ ကျန်သေးတာတွေကိုလည်း တတ်နိုင်သမျှအမြန်ဆုံးထပ်ပို့သွားနိုင်ဖို့ DFT အနေနဲ့ တရုတ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်” လို့ Ronnarong Phoolpipat က ပြောပါတယ်။
DFT အနေနဲ့ အထူးသဖြင့် မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အီရတ်နဲ့ ဆော်ဒီအာရေးဗီးယားတို့လို ဝယ်လက်အသစ်တွေရဖို့ ပို့ကုန်သမားတွေကို အကူအညီတွေပေးသွားမယ်လို့လည်း သူက ဆက်လက်ပြောကြား ခဲ့ပါတယ်။
ဇင်ထူးနိုင်
Ref:
https://www.nationmultimedia.com/thailand/economy/40020666
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 0 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 0 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု
မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအားးေဖျန်းပေးရင်ပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်
Sawsamson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026