အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆိတ်အရှင်ဈေးနှုန်း အမြင့်တွင်ရှိသော်လည်း အရောင်းအဝယ်အေးနေ

ဆိတ်အရှင်ဈေးနှုန်း အမြင့်တွင်ရှိသော်လည်း အရောင်းအဝယ်အေးနေ

AMIA
AMIA • 08/07/2026

ပြည်တွင်းမွေးမြူရေးကဏ္ဍတွင် ဆိတ်အရှင်ရောင်းဈေးမှာ အမြင့်ဈေးတန်း၌သာ ရှိနေသော်လည်း လတ်တလောတွင် အရောင်းအဝယ်အေးသည့် အခြေအနေရှိကြောင်း ဆိတ်အရောင်းအဝယ် လုပ်ကိုင်သူများထံမှ သိရသည်။

ဆိတ်အရှင်ရောင်းဈေးအနေဖြင့် လက်ရှိတွင် ရောင်းတန်းဝင် ၁၅ ပိဿာအထက်ရှိသည့် ဆိတ်အရှင် (အထီး) မှာ တစ်ပေါင် (၄၅၃.၆ ဂရမ်)လျှင် ကျပ် ၇,၀၀၀ နှုန်း၊ တစ်ပိဿာလျှင် ကျပ် ၂၅,၀၀၀ ဝန်းကျင် ဈေးရှိကြောင်း သိရသည်။

အလေးချိန် ၁၀ ပိဿာအထက်ရှိသည့် ဆိတ်အရှင် (အမ) မှာမူ တစ်ပေါင် (၄၅၃.၆ ဂရမ်) လျှင် ကျပ် ၅,၀၀၀ ရှိပြီး တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ ဝန်းကျင် ဈေးရှိနေကြောင်း သိရသည်။

"ဈေးတွေကလည်း အေးပါတယ်။ အေးတယ်ဆိုပေမဲ့ အတက်ဈေးမှာပဲ ရှိနေတာပါ။ အရင်လတွေက ဆီဈေးတွေ တက်တုန်းကတော့ အခုဖြစ်နေတဲ့ဈေးထက် တစ်ပေါင် (၄၅၃.၆ ဂရမ်)ကို ကျပ် ၅၀၀ လောက်ပိုတယ်။ အခုတော့ ဈေးအေးသွားတယ်" ဟု အညာဒေသရှိ ဆိတ်ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုကျော်နိုင်က ပြောကြားသည်။

ပြည်တွင်းဆိတ်မွေးမြူရေးကဏ္ဍတွင် နယ်မြေအခြေအနေအရ ဆိတ်မွေးမြူရေးလုပ်ကိုင်သူ လျော့နည်းလာသည့် အခြေအနေများရှိခြင်းကြောင့် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတသဖြင့် ဆိတ်အရှင်ဈေးကွက်မှာ အမြင့်ဈေးတွင် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ဒါ့ပြင် ဆိတ်ဈေးကသာ အမြင့်ဈေးတန်းတွင် ရှိနေပြီး ဆိတ်အရှင်ကို နယ်ဝေးသို့ သယ်ယူပို့ဆောင်သည့်အခါ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာသည့် အခြေအနေကြောင့် ဆိတ်အရောင်းအဝယ်ဈေးကွက် အေးနေခြင်းဖြစ်ကြောင်း သိရသည်။

ယခင်ကဆိုလျှင် အညာဒေသမှ ရန်ကုန်သို့ လိုက်ထရပ် (Light Truck) ကားတစ်စီးဖြင့် ဆိတ်အကောင်ရေ ၃၀ မှ ၃၅ ကောင်အကြား တင်ဆောင်ခ သယ်ယူစရိတ်မှာ ကျပ် ၄၅၀,၀၀၀ မှ ကျပ် ၅၀၀,၀၀၀ ဝန်းကျင်သာ ကုန်ကျမှုရှိခဲ့ကြောင်း သိရသည်။

ယခုပေါက်ဈေးမှာမူ ဆိတ်အကောင်ရေ ၃၀ မှ ၃၅ ကောင်အကြား သယ်ယူစရိတ်နှုန်းထားမှာ ကျပ် ၃,၀၀၀,၀၀၀ မှ ကျပ် ၄,၀၀၀,၀၀၀ အကြားအထိ ရှိနေပြီး၊ အကောင် ၁၀၀ ဝန်းကျင်၏ သယ်ယူစရိတ်မှာ ကျပ် ၅,၆၀၀,၀၀၀ ဝန်းကျင်နှင့် ဆိတ်အကောင်ရေ ၂၀၀ သယ်ယူစရိတ်အနေဖြင့်ဆိုလျှင် ကျပ် ၇,၆၀၀,၀၀၀ ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။

"အခုက ဆိတ်ကို ရောင်းချင်သူလည်းရှိတယ်၊ ဝယ်မယ့်သူလည်းရှိတယ်။ ဒါပေမဲ့ ခက်တာက သယ်ယူစရိတ်က အကောင်ရေအနည်းအများ၊ ခရီးအကွာအဝေးပေါ်လိုက်ပြီး ဈေးနှုန်းက များနေတယ်။ အကောင်ရေနည်းရင် သယ်ယူစရိတ် ပိုကုန်ကျတာများတယ်။ အကောင်ရေ ရာချီဝယ်မှ သယ်ယူစရိတ်က သက်သာတာဆိုတော့ အခုက အရောင်းအဝယ် သိပ်မဖြစ်ဘူး" ဟု ကိုကျော်နိုင်က ဆက်လက်ပြောကြားသည်။

ဆိတ်ကိုမူ အညာဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် မွေးမြူရေးလုပ်ကိုင်သူများပြီး ကျန်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဒေသအလိုက် တစ်ပိုင်တစ်နိုင်သာ မွေးမြူမှုရှိကြကြောင်း သိရသည်။

ဆိတ်များသည် မိုးရာသီတွင် ရောဂါဖြစ်ပွားမှုရှိပြီး ကြီးထွားမှုနှုန်းလည်း နှေးတတ်ခြင်းကြောင့် ဂရုစိုက်ရန် လိုအပ်ကာ နွေရာသီတွင်မူ ရောဂါကင်းစင်ပြီး ကြီးထွားမှုနှုန်း ကောင်းမွန်ကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။