အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကော်ဖီစိုက် တောင်သူများကို အမေရိကန်နိုင်ငံ ပညာရှင်များမှ ကော်ဖီကြိတ်ခွဲနည်း သင်တန်းပေးမည်

ကော်ဖီစိုက် တောင်သူများကို အမေရိကန်နိုင်ငံ ပညာရှင်များမှ ကော်ဖီကြိတ်ခွဲနည်း သင်တန်းပေးမည်

Thein Soe Min
Thein Soe Min • Greenovator • 21/01/2019

ကော်ဖီစိုက်ပျိုးရာဒေသများဖြစ်သည့် ပြင်ဦးလွင်နှင့် ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီစိုက်တောင်သူများကို အမေရိကန်နိုင်ငံသား ကော်ဖီပညာရှင်များမှ ကော်ဖီကြိတ်ခွဲထုတ်လုပ်ခြင်း သင်တန်းများ ကွင်းဆင်းပို့ချပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ အတွင်းရေးမှူး ဦးမင်းလှိုင်က ပြောသည်။

အဆိုပါ သင်တန်းတွင် ကော်ဖီကြိတ်ခွဲသည့် သူများနှင့် ကော်ဖီစိုက် တောင်သူများကို ကော်ဖီကြိတ်ခွဲ ထုတ် လုပ်ခြင်း တစ်ပတ်ကြာ သင်တန်းပေးမည်ဖြစ်ပြီး ၊ သင်တန်းသားအရေအတွက်အား လူဦးရေ ၂၀ ခန့်သာ သတ်မှတ်ထားကြောင်း သိရသည်။ 

အဆိုပါသင်တန်းမှ ကော်ဖီကို မကြိတ်ခွဲပဲ သဘာဝအတိုင်း အခြောက်ခံထုတ်လုပ်နည်း၊ ကော်ဖီကို ကြိတ်ခွဲပြီး အချဉ်မဖောက်၊ ရေမဆေးပဲ အခြောက်ခံထုတ်လုပ်နည်း၊ ကော်ဖီကို ကြိတ်ခွဲပြီး အချဉ်ဖောက် ရေဆေးကာ အခြောက်ခံ ထုတ်လုပ်နည်းများကို အရည်အသွေး အာမခံချက်ရှိစေရန်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

" ဒီသင်တန်းကို တက်ရောက်လို့ ရရှိတဲ့ သင်တန်းဆင်းလက်မှတ်ကြောင့် ပြည်ပကို တင်ပို့တဲ့အခါမှာ အခွင့်အလမ်းကောင်းတွေ ရရှိစေမှာပါ " ဟု ၎င်းကပြောသည်။

၎င်းသင်တန်းကို ယခု ဇန်နဝါရီလ ၂၂ ရက်မှ ဖေဖဝါရီလအတွင်း  ၂၈ ရက်နေ့ (မနက် ၉ နာရီမှ ညနေ ၅ နာရီ) အထိ မန္တလေးကော်ဖီအုပ်စု ကော်ဖီစက်ရုံ၊ အနီးစခန်း၊ ပြင်ဦးလွင်တွင် ပထမအကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်နေ့ (မနက် ၉ နာရီမှ ညနေ ၅ နာရီ) အထိ ရွာငံမြို့နယ်ရှိ အမရာကော်ဖီစက်ရုံတွင် ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

AMIA 

You

ဆက်စပ်မေးခွန်းများ

ပီလောပီနံစိုက်ပျိုးနည်းလေးသိချင်ပါတယ်ခဗျာ

AYE CHAN MAUNG • ဖြေကြားချက် 1 ခု

ဟူးမစ်အက်စစ် နဲ့ပိုးသတ်ဆေးအားဆေးရောဖျန်းလ်ု့ရလားဆရာ

Saw Samson • ဖြေကြားချက် 4 ခု

အပွင့်ပွင့်ခါနီးဆို အဲ့လိုပဲ ညှိုးလာတာတချို့အပင်တွေမှာ ပင်ခြေမှာ အဖြူရောင်အမျှင်တွေတွေ့ရတယ် အမျှင်မတွေ့ရပဲညှိုးတာတွေလည်းရှိတယိ

zin min htet • ဖြေကြားချက် 1 ခု

သက်တမ်း42ရက်သား အပင်စောစော မကျစေရန်နှင့် အပွင့်များထပ်ပွင့်အောင် ဆေးလိုက်လို့ရသေးလား ဆရာတို့အသီးအရမ်းနည်းလို့ တချို့က7တောင့်လေက်ပဲရှိလို့ မိုခါမျိုးပါဆရာတို့

Hlaing Min Tun • ဖြေကြားချက် 2 ခု

ပုံပါအတိုင်းသေနေလို့ပါ။ထရိုင်ကိုဒါးမား တော့သုံးထားတယ်။သေနေတာပါးသွားပေမဲ့အရှင်းမပြောက်သေးဘူး။မှိုသတ်ပြောင်းသုံးရမလားဗျ။ထရိုင်ကိုဒါးမားပဲဆက်သုံးရမလား။ကူညီပါဦး။

ko paing • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။