သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲကြဖို့ တိုက်တွန်းနေရတဲ့အကြောင်းအရင်း
ယနေ့အချိန်မှာ သဘာဝ မြေဩဇာတွေ၊ မြေဆွေးတွေကို တနိုင်တပိုင်ပြုလုပ်ပြီး သုံးစွဲကြဖို့နဲ့ ပြုလုပ်တဲ့ နည်းလမ်းတွေကိုလည်း မကြာခဏ မျှဝေပေးနေကြပါတယ်။ အထူးသဖြင့် မီးဖိုချောင်နဲ့ နေအိမ်၊ ခြံဝန်းအတွင်းက ထွက်ရှိတဲ့ သဘာဝစွန့်ပစ်ပစ္စည်းတွေကို လွှင့်ပစ်လိုက်မယ့်အစား မြေဩဇာအနေနဲ့ ပြန်လည်အသုံးပြုပြီး သုံးစွဲကြဖို့ အကြံပြု မျှဝေနေကြတာ ဖြစ်ပါတယ်။
သဘာဝမြေဩဇာတွေကို အသုံးပြုဖို့ တိုက်တွန်းနေခြင်းဟာ ဓာတုမြေဩဇာတွေကို အသုံးမပြုဖို့ ဆန့်ကျင်နေတာ မဟုတ်ပါဘူး။
သီးနှံတွေစိုက်ပျိုးရာမှာ ဖြစ်ထွန်းအောင်မြင်စေဖို့အတွက် ဓာတုမြေဩဇာတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ သဘာဝမြေဩဇာတွေကို အသုံးပြုဖို့ အကြံပြုနေကြခြင်းဟာ ပတ်ဝန်းကျင်နဲ့ သက်ရှိတွေအပေါ် ထိခိုက်မှုမရှိဖို့နဲ့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနည်းစနစ်ကို လုပ်ကိုင်နိုင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ သဘာဝမြေဆွေးတွေကို ပြုလုပ်သုံးစွဲခြင်းဟာ မြေဆီလွှာအတွက်ရော အပင်တွေအတွက်ပါ အကျိုးများစေပါတယ်။ သဘာဝမြေဩဇာ၊ မြေဆွေး ပြုလုပ် သုံးစွဲတဲ့နည်းလမ်းတွေကိုတော့ မကြာခဏ မျှဝေပေးနေတာမို့ ယခုဆောင်းပါးမှာတော့ မြေဆွေးပြုလုပ်သုံးစွဲခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

မြေဆီလွှာအတွက် အကျိုးကျေးဇူးများ
သဘာဝမြေဆွေးဟာ အချိန်ကြာမြင့် လာတာနဲ့ အမျှ တဖြည်းဖြည်းပြိုကွဲပြီး အရေးပါတဲ့ အာဟာရဓာတ်တွေကို မြေဆီလွှာထဲ ထည့်ပေးနိုင်တာ ဖြစ်ပါတယ်။ မြေဆွေး အသုံးပြုခြင်းဖြင့် ကာဗွန်နဲ့ နိုက်ထရိုဂျင်ဓာတ်တွေကို အဓိက ရရှိမှာဖြစ်ပါတယ်။ ၎င်းဓာတ်တွေဟာ အပင်တွေ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ အစာချက်လုပ်ဖို့အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။ ထို့အပြင် မြေဆွေးမှာ အပင်တွေအတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ဖော့စဖောရပ်စ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ မြေဆွေးဟာ မြေဆီလွှာထဲမှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယား၊ မှိုနဲ့ ပရိုတိုဇိုးဝါး တွေကိုလည်း တိုးပွားစေနိုင်ပြီး အပင်တွေ ကြီးထွားဖွံ့ဖြိုးလာစေဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ မြေဆွေးအသုံးပြုခြင်းဖြင့် မြေဆီလွှာရဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ၃၀ ရာခိုင်နှုန်းအထိ တိုးလာစေနိုင်တာလည်း ဖြစ်ပါတယ်။
ထို့အပြင် မြေဆွေးအသုံးပြုခြင်းဟာ မြေဆီလွှာရဲ့ အစိုဓာတ်ကို တိုးစေနိုင်ပြီး အမြစ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း အထောက်အကူ ပြုနိုင်သလို မြေဆီလွှာ တိုက်စားခံရတာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဓာတုမြေဩဇာတွေ အသုံးပြုခြင်းဟာ သီးနှံတွေစိုက်ပျိုးရာမှာ ထိရောက်မှုရှိသလို အများအပြားသုံးစွဲခဲ့ရင်လည်း ပတ်ဝန်းကျင်နဲ့ သက်ရှိတွေအပေါ် ထိခိုက်ညစ်ညမ်းစေနိုင်တာ ဖြစ်ပါတယ်။ ဓာတုမြေဩဇာအများစုဟာ ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်တဲ့ ပစ္စည်းတွေကနေ ထုတ်လုပ်တာ ဖြစ်တဲ့အတွက် ကာဗွန်ထုတ်လွှတ်မှုကိုလည်း ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။
မြေဆွေးကိုအသုံးပြုခြင်းဟာ မြေဆီလွှာရဲ့ ရေထိန်းစွမ်းအားကို သိသိသာသာ တိုးမြင့်လာစေပြီး အထူးသဖြင့် ခြောက်သွေ့နေသော ဒေသများမှာနေထိုင် စိုက်ပျိုးကြတဲ့ တောင်သူလယ်သမားများအတွက် အရေးကြီးတဲ့ ရေလိုအပ်ချက်ကို လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် တက္ကသိုလ်ရဲ့ လေလာမှုတွေအရ မြေဆီလွှာမှာ အော်ဂဲနစ်ဒြပ်စင် ၁ ရာခိုင်နှုန်း တိုးလာတိုင်း မြေဆီလွှာ ၁ ဧကမှာ အပင်ကနေရှိနိုင်တဲ့ ရေပမာဏ ၁၆,၅၀၀ ဂါလံကို ၁ ပေ အနက်ထိ ထိန်းထားနိုင်တယ်လို့ သိရပါတယ်။
အပင်အတွက်ရရှိနိုင်သော အကျိုးကျေးဇူးများ
သီးနှံတွေ စိုက်ပျိုးရာမှာ မြေဆွေးအသုံးပြုခြင်းဖြင့် အပင်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူ ပြုပေးနိုင်တာဖြစ်ပါတယ်။ အီတလီနိုင်ငံရဲ့ လေ့လာမှုတစ်ခုအရ ဆလပ်နဲ့ နိုကိုဥ စိုက်ခင်းတွေမှာ မြေဆွေးအသုံးပြုခြင်းဖြင့် အပင်တွေရဲ့ ကြီးထွားမှုကို ၂၄ - ၃၂ ရာခိုင်နှုန်းအထိ အသီးသီး တိုးလာစေတယ်လို့ သိရပါတယ်။ သဘာဝမြေဆွေးတွေ အသုံးပြုထားတဲ့ နေရာတွေမှာ စိုက်ပျိုးထားတဲ့ သီးနှံတွေဟာ တခြားသော သီးနှံတွေနဲ့ ယှဥ်လိုက်ရင် အာဟာရဓာတ်ပါဝင်မှုလည်း ပိုများတာ ဖြစ်ပါတယ်။
မြေဆွေးအသုံးပြုခြင်းဖြင့် အပင်တွေကို ကျန်းမာသန်စွမ်းစေနိုင်ပြီး ပိုးမွှားနဲ့ ရောဂါကျရောက်မှုဒဏ်များကိုလည်း ခုခံနိုင်မှာ ဖြစ်ပါတယ်။ ဓာတုမြေဩဇာတွေကို အလွန်အကျွံအသုံးပြုတဲ့အခါ သီးနှံပင်တွေရဲ့ အရွက်နဲ့ အမြစ်တွေကို ထိခိုက်စေနိုင်ပြီး အပင်ရဲ့ ကြီးထွားရှင်သန်နိုင်မှုကိုပါ ပျက်ယွင်းစေနိုင်တာ ဖြစ်ပါတယ်။ သဘာဝမြေဆွေးတွေကတော့ မြေဆီလွှာနဲ့ အပင်တွေကို ထိခိုက်မှုမရှိတာကြောင့် အကျိုးရှိရှိ အသုံးချနိုင်တာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ အပင်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပြီး ဆုံးရှုံးသွားတဲ့ ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေကိုလည်း မြေဆီလွှာထဲကို ပြန်လည်ဖြည့်တင်းပေးနိုင်တာ ဖြစ်ပါတယ်။
သီးနှံတွေစိုက်ပျိုးရာမှာ အော်ဂဲနစ်ဓာတ်မြေသြဇာများကို အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်ရှိ မလိုလားအပ်သော မြေဆီလွှာညစ်ညမ်းမှုများနဲ့ အန္တရာယ်ရှိသော မြေအောက်ရေ ညစ်ညမ်းမှုများကို ဖယ်ရှားရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ၎င်းတို့ဟာ မြေဆီလွှာထဲမှာပါရှိနေတဲ့ အခြားသော သဘာဝပစ္စည်းများ ယိုယွင်းပျက်စီးမှုကိုလည်း ထိရောက်စွာ ကာကွယ်ပေးခြင်းဖြင့် မြေဆီလွှာကို ကြွယ်ဝစေတာလည်း ဖြစ်ပါတယ်။ ထို့အပြင် သဘာဝမြေဆွေးတွေကို အသုံးပြုခြင်းဟာ ဘေးထွက်ဆိုးကျိုးမရှိဘဲ အပင်များကိုလည်း ဘယ်သောအခါမှ အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ သဘာဝမြေဩဇာတွေ မြေဆွေးတွေ ပြုလုပ်သုံးစွဲခြင်းဟာ စိုက်ပျိုးရေးကို ရေရှည်တည်တံ့စေပြီး သဘာဝပတ်ဝန်းကျင်နဲ့လည်း လိုက်ဖက်တဲ့ အလေအကျင့်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဇင်ထူးနိုင်
လွန်ခဲ့သော ၂ နှစ် က09975244300 အဲ့နံပါတ်ကို ဆက်ကြည့်ပါခင်ဗျာ အရင်ကတော့ အီးအမ်ရောင်းတာတွေ့ပါတယ်ခင်ဗျ
ကိုမင်း
လွန်ခဲ့သော ၂ နှစ် ကပဲခူးမြို့မှာ အီးအမ် တင်လဲရည် နှင့် ထရိုင်ဂိုဒါးမား ရောင်းတဲ့ဆိုင် ပြောပြပေးကြပါ ခင်ဗျ
ဆက်စပ်မေးခွန်းများ
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026