မုန်တိုင်း MA-ON အရှိန်ဝင်လာပြီဖြစ်၍ ယနေ့ညနေပိုင်းကစပြီး မြန်မာနိုင်ငံအရှေ့ပိုင်းတစ်ခုလုံး မိုးသည်းထန်နိုင်
မုန်တိုင်း MA-ON ရဲ့ ရှေ့ပိုင်းတိမ်တိုက်တွေက မြန်မာနိုင်ငံအရှေ့ပိုင်းတစ်ခုလုံးကို စတင်ဝင်လာနေပြီဖြစ်လို့ နိုင်ငံအရှေ့ပိုင်းတစ်ခုလုံးမှာ ဒီနေ့ ညနေပိုင်းက စပြီး မိုးသည်းထန်နိုင်မယ့်နေရာတွေ ရှိလာမှာဖြစ်ပြီး အလယ်ပိုင်းဒေသတွေမှာလည်း ၂၆ ရက် ၂၇ ရက်နေ့တွေမှာ မိုးများပြီး လေပြင်းတိုက်နိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

ဒါကြောင့် မိုးများနိုင်တဲ့ဒေသတွေအခြေအနေ၊ သတိထားသင့်တဲ့အခြေအနေတွေနဲ့ ဘယ်ရက်အထိ သက်ရောက်နိုင်ခြေရှိသလဲဆိုတာတွေနဲ့ ပတ်သက်လို့ Green Way က ဦးဝင်းနိုင်ကို ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
မိုးများနိုင်သည့်ဒေသများနှင့် မုန်တိုင်းအရှိန်သက်ရောက်နိုင်သည့်ဒေသများ

“ ဒီနေ့ညနေ ၂ နာရီခွဲအချိန် ထုတ်ပြန်ချက်တွေအရတော့ မြန်မာနိုင်ငံ အရှေ့ပိုင်းတစ်ခုလုံးကို စဝင်လာနေပြီ။ ရှမ်းပြည်နယ် လားရှိုး၊ ကွတ်ခိုင်ကနေ ဟိုးတောင်ဘက် တနင်္သာရီတိုင်းမြောက်ပိုင်းထိပါတာပေါ့နော်။ အရှေ့ပိုင်းတစ်ခြမ်းလုံးကို ထိလာပြီ။ လားရှိုးနဲ့ကွတ်ခိုင်ကတော့ မိုးရေချိန်က ၃ နာရီအတွင်းမှာ ၅ လက်မလောက်ထိ ရွာနိုင်ခြေရှိတယ်။ မိုးအရမ်းများမယ်။ ပြီးရင် ကချင်ပြည်နယ်တောင်ပိုင်း။ မြစ်ကြီးနားဝန်းကျင်ပေါ့။ အဲ့ဒီ လားရှိုးနဲ့ကွတ်ခိုင်ကြားမှာဖြစ်တဲ့ တိမ်တိုက်တွေနဲ့ မြစ်ကြီးနားမှာဖြစ်တဲ့တိမ်တိုက်တွေက တစ်စုတည်းပဲ။ အဲ့ဒီကနေပြီးတော့မှ စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးတို့ ဘာတို့ထိ ရောက်သွားမှာ။ ဆိုတော့ မိုးများမယ့်နေရာတွေထဲမှာ ကချင်ပြည်နယ်တောင်ပိုင်းတစ်ခုလုံးလည်း ပါတယ်။ နောက်ပြီးတော့ ဗန်းမော်၊ ကသာ အဲ့ဒီ ဒေသတွေလည်းပါသွားမယ်။ သူတို့က ကွတ်ခိုင်၊ လားရှိုးဘက်လောက်တော့ မများနိုင်ဘူး”
“ ပြီးတော့မှ စစ်တောင်းမြစ်ဝှမ်းက ဒိုက်ဦးရဲ့အနီးဝန်းကျင်မှာလည်း မိုးများမယ်။ နောက်တစ်ခုက မော်လမြိုင်၊ ပေါင်၊ ကျိုက္ခမီ၊ ချောင်းဆုံ အဲ့ဒီနေရာတွေမှာကလည်း မိုးများမယ့်တိမ်တိုက်တွေ ဝင်လာတာတွေ့တယ်။ အဲ့ဒီနေရာတွေမှာကတော့ ၄ လက်မပတ်ဝန်းကျင်အများဆုံးလောက်ပဲ ရွာနိုင်ခြေ ရှိတယ်။ အဲ့တော့ ဒီတိမ်တိုက်တွေက မုန်တိုင်းရဲ့ဗဟိုကနေ ဝေးလာလေ အထက်အောက်ကော၊ အရှေ့အနောက်ကော ပြန့်ထွက်သွားတာကိုး။ ဆိုတော့ ဒီပြန့်ထွက်သွားတဲ့တိမ်တိုက်ကြီးက တစ်နိုင်ငံလုံး နေရာအနှံ့ကို တောက်လျှောက်ဝင်သွားမှာ”
“ အရင်ဆုံး ရှေ့အဖျားကတိမ်တိုက်နဲ့ အနောက်ကလိုက်လာမယ့် တိမ်တိုက်တွေထဲမှာ ထုများတာနဲ့ မိုးများတာက ခုနကပြောတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကွတ်ခိုက်ပတ်ဝန်းကျင်ရယ်၊ စစ်တောင်းမြစ်ပတ်ဝန်းကျင်ရယ်ပေါ့။ ခုနပြောတဲ့ထဲမှာ ကျန်သွားတာတစ်ခုရှိသေးတယ်။ တာချီလိတ်၊ ကျိုင်းတုံပတ်ဝန်းကျင်လည်း မိုးများနိုင်တယ်။ အရင်လို ရေကြီးနိုင်တဲ့အနေအထားလောက်ထိတော့ မများနိုင်ဘူးပေါ့နော်”
“ ပြီးရင် မော်လမြိုင်၊ ချောင်းဆုံပတ်ဝန်းကျင်ကလည်း မြေပြိုဖူးတဲ့နေရာ၊ ရေကြီးဖူးတဲ့နေရာတွေ ဖြစ်တော့ သတိထားရမယ်။ နောက်တစ်ခုက ကရင်ပြည်နယ်ရဲ့ ကော့ကရိတ်၊ မြဝတီလမ်းမကြီး တစ်လျှောက်ပေါ့နော်။ အဲ့ဒီနေရာတွေမှာလည်း မိုးများမယ်။ ပြီးတော့မှ တိမ်တိုက်တွေက ပြန့်ထွက်သွားပြီးတော့ ဆက်ပြီးတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး စသဖြင့် တိုင်းနဲ့ပြည်နယ်အကုန်လုံးကို ပြန့်ထွက်သွားမှာပဲ။ ဆိုတော့ ၂၆ ရက်နေ့ (မနက်ဖြန်) ကစပြီး တစ်တိုင်းပြည်လုံးမှာ တိမ်တွေ အပြည့်ဖုံးနေတာကိုလည်း တွေ့တယ်။ အဲ့တော့ တစ်တိုင်းပြည်လုံးမှာ မိုးကရွာနိုင်တယ်။ ဝင်လာမယ့်တိမ်တိုက်နဲ့ Temperature (အပူချိန်)၊ Dew Point (ငွေ့ရည်ဖွဲ့မှတ်) တွေပေါ်မူတည်ပြီး မိုးအနည်းအများပဲ ကွာသွားမှာ”
မိုးများရသည့်အကြောင်းရင်းများ
“ ဒီလိုဖြစ်ရတဲ့အကြောင်းရင်း (၂) ချက်ရှိတယ်။ ဘင်္ဂလားပင်လယ်အော်ဘက်က မုတ်သုံလေအားကောင်းပြီးဝင်လာမယ့် တိမ်တိုက်တွေရယ်၊ နောက်ပြီးတော့မှ တိုင်ဖွန်းမုန်တိုင်း MA-ON ရဲ့ ရှေ့ကနေ ဖြတ်ထွက်လာတဲ့တိမ်တိုက်တွေရယ်ကြောင့်ပေါ့။ အဲ့ဒီဘက်ကဝင်လာတဲ့ တိမ်တိုက်တွေကတော့ မြင့်တယ်။ ဘင်္ဂလားပင်လယ်အော်ဘက်ကတိမ်တိုက်တွေကနိမ့်တယ်။ သူတို့နှစ်ခု အထဲမှာဖြစ်နေတဲ့ Static Electrical တွေကမတူဘူး။ မတူတဲ့အတွက် ထစ်ချုန်းမိုးတွေရွာမယ်။ ပြီးတော့မှ မြေပြင်ကို မိုးကြိုးပစ်နိုင်တဲ့အနေအထားတွေဖြစ်နိုင်တယ်။ အဓိကကတော့ ပူတဲ့ ဒေသတွေပိုသတိထားရမှာပေါ့။ အလယ်ပိုင်းဒေသတွေမျိုးပေါ့။ အဲ့ဒီနေရာတွေမှာ မိုးကြိုးတွေပစ်နိုင်တယ်”
သတိထားသင့်သည့်အခြေအနေများ
“ သတိထားရမယ့်ဟာက နံပါတ် (၁) ကတော့ ခုနကပြောသလို တိမ်တိုက်နှစ်မျိုးကြောင့် ဖြစ်တာ ဆိုတော့ မိုးကြိုးပစ်နိုင်တာတွေ သတိထားရမယ်။ ဒုတိယတစ်ချက်က မိုးများမှာဖြစ်တဲ့အတွက် တောင်ကျချောင်းရေ ရုတ်တရက်ဆင်းတာတွေဖြစ်နိုင်တယ်။ မြေပြိုတာ၊ တောင်ပြိုနိုင်တာတွေ သတိပြုသင့်တယ်။ တတိယတစ်ချက်ကတော့ မိုးများမှာဖြစ်လို့ တစ်ချို့နေရာတွေမှာကျ တောင်ပြို၊ မြေပြိုတာတော့ မဖြစ်ဘူး။ သို့သော် ရေကြီး၊ ရေလျှံတာတွေ ဖြစ်လာနိုင်တယ်”
ဒီမုန်တိုင်းသက်ရောက်မှုက ဘယ်အချိန်ထိ ရှိနိုင်မလဲ
“ ၂၇ ရက်ကျော်သွားပြီး ၂၈ ရက်လောက်ကျရင်တော့ သူက ရှင်းသွားမယ်။ ၂၇ ရက် ညပိုင်းလောက်ထိ ဒီသက်ရောက်မှုက ရှိနေနိုင်မယ်”
Photos Crd_ U Win Naing
✅ (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဉီးမောင်ဇော်
လွန်ခဲ့သော ၄ နှစ် ကဧရာဝတီတိုင်းဒေသကြီး အတွက် သိချင်လို့မေးတာပါ
ဆက်စပ်ဆောင်းပါးများ
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
ဆက်စပ်မေးခွန်းများ
ဆရာရေ သီးလိုက်တာမပြောနဲ့ဗျာ စျေးကတော့ တက်ပီးရင်းတက်ပဲ တစ်ပိဿာ ၅၀၀၀ ကျော်နေပီဗျာ မတလဇီက Exp date ဖြစ်သွားလို့ ဂရမ်းတစ်မျိုးတည်းဖျန်းခဲ့တယ်ဗျ အတော်လေးသီးပါတယ်ဗျာ တစ်ရက်ခြံတစ်ခါ ၄ ပတ်ခူး 115 ပိဿာရသွားပါပြီ ဒါလောက်ခူးတာကိုအပင်ပေါ်မှာ လျှော့သွားတယ်မထင်ရဘူးဆျာ အတော်လေးကျန်တေးတယ်ဗျ ဖြစ်နိုင်ရင်လေဆျာ နောက်တစ်လှိုင်းလောက်တော့ နောက်တစ်သုတ်လောက်တော့ လိုချင်လိုက်တာဆရာရယ် အပွင့်လေးတွေတော့လိုက်တော့လိုက်လို့ပါဆရာ
U Yan • ဖြေကြားချက် 0 ခု
ဂန္ဓာမာပန်းကအဖူးထွက်နေပြီ ပုံထဲကကယ်စီယမ်ပါတဲ့ဆေးဖျန်းလို့ရလားခင်ဗျာ အဖူးပွင့်အားဆေးလဲညွှန်းပါးအုံးခင်ဗျာ
Aung Nay Linn • ဖြေကြားချက် 2 ခု
ငွေပန်စိုက်ချင်လို့ဗျာ နေရာကျယ်တယ် သိချင်တာက ဘယ်အချိန်စိုက်ရလဲ ဘယ်လောက်ကြာရင်ငွေပေါ်လဲ ဘယ်လိုစိုက်ရလဲ ဘယ်အဟာရကျွေးရလဲ ရေဘယ်လို ပေးရလဲ သိချင်ပါတယ်
ကိုနိုင် • ဖြေကြားချက် 1 ခု
ပေါ်ဆန်းစပါးပါဗျအသက်ကတော့2လခွဲ။ရှိပါပြီးဗျမြေဩဇာကတော့2လသားမှာ15ပတ်လဲတစ်အိပ်နဲ့N15 or K30တစ်အိပ်တော့ရောပက်ထားပါတယ်အကျယ်ကတော့4ဧကလောက်ရှိပါတယ် ဘာဖြစ်တာလဲဗျ
Sanay • ဖြေကြားချက် 1 ခု
ဆရာရေ မူလEMကိုဂတ်တက်လို့သိုထားဖို့ ရေစိမ်ထားလို့ရလားဗျ
wai phyo naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၆)
06/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026