နေ့စဉ်မိုးလေဝသသတင်း
နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မိုးဇလ
ဆက်စပ်ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲတောင့်ရှည် က အပွင့်တွေကြွေနေပါတယ် ရောဂါနဲ့ ဆေးအသုံးပြုပုံဖြေကြားပေးပါခင်ဗျာ🙏
bominthu • ဖြေကြားချက် 0 ခု
ပန်းပွင့်ချိန်မှာ..ငါးအမိုင်နို...အင်ဇိုင်းအပွင့်အသိးတင်ဆေး...လက်ချားမုန့်တို့ရောပြီးပတ်လိုအဆင်ပြေနိင်လားဗျ.....အဲထဲဘိတာစိလိုပိုးသတ်ဆေးထည့်ရင်ကောရမလားဗျ....
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
မတ်ပဲ ကျဲပြီး 7 ရက်သား ရှိပါပြီ 1.စပါးခွံ ပေါင်းခံရည် ဖြန်းသင့်ပါသလား အကျိုးအပြစ် သိချင်ပါတယ်ခင်မျ တကယ်လို့ ဖြန်းရရင် ပဲဘယ်အရွယ်မှာ ဘယ်လောက်ဖြန်းသင့်သလဲ 2.မကြဲခင် 10ရက်ခန့် စောပြီး ပေါင်းကြမ်းဆေး(glyphosate)ဖြန်းခဲ့ပါတယ် ခု ပဒေါ်လို ပေါင်းနဲနဲကျန်ပြီး ခြွေလှေ့ကျတဲ့ စပါးတစ်ချို့ ပြန်ပေါက်လာပါတယ် (13/14မိုးရွာပါတယ်) ပေါင်းဆေးထပ်ဖြန်းသင့်လား ဖြန်းရင် ဘယ်လိုဆေးမျိးဖြန်းရမလဲ သိချင်ပါတယ်ခင်မျ
Thiha • ဖြေကြားချက် 5 ခု
ခရမ်းချဉ်စသီးနေပီး15ပတ်လည် 10Sကို ရေလီတာ200ပုန်းဆိုဘယ်လောက်ချိုးထည့်ရမလည်း
စိုင်းအိုက်လှိုင် • ဖြေကြားချက် 1 ခု
#တောင်ယာစပါး မျိုးစေ့ ရောင်းဝယ် နေရာ စိုက်နည်း ပေါင်းဆေး အားဆေး အော်ဂဲနစ် ဘယ်အမျိုးက ဘယ်နေရာနဲ့သင်တော်လဲဆိုဒါ ပညာရှင်များ ပြောပြပေးလို့ရလား
အိုအေ • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
More from မိုးဇလ
အားလုံး