ဘားအံရေကြီးမှုနောက်ကွယ်က လယ်သူမဒေါ်ထွေးပို

18/09/2018 10:19 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မိုးက တဖြိုက်ဖြိုက်ရွာနေလို့ စက်လှေပေါ်ပါလာသူတွေဟာ ထီးတွေ၊ ခမောက်တွေ ဆောင်းထားကြပါ တယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်က တောကြီးကုန်းကျေးရွာကိုရောက်ဖို့ ကော့ဂွန်းဂူဘေးက ရေပြင် ကျယ်ထဲမှာ နာရီဝက်ကျော်လောက် ဖြတ်ပြီးမှ ရောက်မယ်လို့ ရွာခံတွေက ပြောပါတယ်။ ကားသွားလို့ရတဲ့ မြေနီလမ်းရှိပေမယ့် ရေကြီးမှုကြောင့် လမ်းပျက်ခဲ့ပြီး လူနှစ်ရပ်နီးပါး ရေလွှမ်းခံထားရတဲ့ လယ်ကွင်းထဲက နေ လှေငယ်လေးတွေ စက်လှေတွေနဲ့ သွားလာနေကြရပါတယ်။
စက်လှေပေါ်ပါလာတဲ့ ဆံပင်အုံလုံးသိမ်းထုံးပြီး မျက်နှာမှာ သနပ်ခါးဘဲကျားလိမ်းထားတဲ့ အသားညိုညိုနဲ့ ဒေါ်ထွေးပိုက တောကြီးကုန်းရွာနားအရောက်မှာ သူမရဲ့ စိုက်ခင်းရှိရာ လယ်ကွက်ကို လက်ညိုးထိုးပြပါ တယ်။
“ဟိုမှာတွေ့လား၊ ခြံစည်းရုံးပေါ်နေတဲ့နေရာ၊ အဲဒါ ကျမစိုက်ခင်းနေရာ” လို့ ကရင်သံဝဲဝဲနဲ့ ပြောပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန်.....


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်