ပိုက်လှောင်အိမ်စနစ်ဖြင့် တီလားပီးယားငါးမွေးမြူနည်း(၃)

15/02/2023 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

၃။ လှောင်အိမ်အရွယ်အစား

တီလားပီးယားမွေးမြူရန်အတွက် လှောင်အိမ်ဧရိယာသည် (၁၆)မီတာပတ်လည်မှ (၃၆)မီတာပတ်လည်အထိ ရှိနိုင်ပြီး အမြင့်အားဖြင့် (၂)မီတာမှ (၃)မီတာအထိ မြင့်နိုင်ပါသည်။ တရုတ်နိုင်ငံတွင် ရေပေါ်လှောင်အိမ်များကို အများဆုံးအသုံးပြုကြပါသည်။

လှောင်အိမ်များသည် ရေစီးဆင်းမှုကောင်းစေရန်နှင့် ရေလဲလှယ်မှုကောင်းစေရန် အကွာအဝေးအတိုင်းအတာတစ်ခုအထိခြား၍ တစ်ခုနှင့်တစ်ခုကို အစီအရီထားရပါမည်။

ပိုက်လှောင်အိမ်များတွင် အသုံးပြုသောပိုက်၏ ပိုက်ကွက်အရွယ်အစားသည် ထည့်သွင်းမွေးမြူသည့်ငါးအရွယ်အစားပေါ်မူတည်၍ အမျိုးမျိုးဖြစ်နိုင်ပါသည်။

ငါးအရွယ် ပျမ်းမျှ(၃.၉)စင်တီမီတာအလျားရှိသော ငါးများထည့်သွင်းမွေးမြူရန်အတွက် ပိုက်ကွက်အရွယ်(၁)စင်တီမီတာအကျယ်မှ စတင်၍ တဖြည်းဖြည်းချင်းတိုးလာပြီး (၁၁.၆)စင်တီမီတာ အရွယ် ရှိသောငါးများအတွက်ဆိုပါက ပိုက်ကွက်အရွယ်(၃.၀)စင်တီမီတာ ပိုက်ကို အသုံးပြုရပါမည်။ တစ်နည်းအားဖြင့်မူ ငါးအရွယ် (အလျား)၏ ၂၅ ရာခိုင်နှုန်းရှိသော ပိုက်ကွက်အရွယ်ရှိပိုက်ကို အသုံးပြုရပါမည်။

မွေးမြူထားသောငါးများကို ငှက်များ ထိုးသုတ်စားခြင်းမှကာကွယ်ရန်နှင့် ငါးများခုန်ကျော်လွတ် မြောက်သွားခြင်းမှကာကွယ်ရန် လှောင်အိမ်များကို အဖုံးဖုံးထားရပါမည်။ အကယ်၍ ကြီးမားသော နိုင်လွန်လှောင်အိမ်များ၏ အပေါ်အစွန်းသည် ရေမျက်နှာပြင်အထက် (၁)ပေ (သို့မဟုတ်) (၂)ပေ အထက်မြင့်နေပါကမူ များသောအားဖြင့် လှောင်အိမ်အဖုံးများကို ဖယ်ထားတတ်ပါသည်။

၄။ လုပ်ငန်းသုံးပစ္စည်းများ

ငါးမွေးလှောင်အိမ်အတွက် အသုံးပြုမည့် ပစ္စည်းကိရိယာအားလုံးသည် တာရှည်ခံရပါမည်။ အဆိပ်မဖြစ်စေရပါ။ အလေးချိန် ပေါ့ပါးပြီးစျေးမကြီးရပါ၊ သံချေးမတက်သော ပစ္စည်းဖြစ်ရမည်၊ ကော့ပါးနှင့် ဇင့်တို့သည် အဆိပ်ဖြစ်စေနိုင်ပါသည်။ 

သံချေးမတက်အောင် ဖုံးကာထားသော ဝိုင်ယာကြိုးများကို ယခင်က အသုံးပြုခဲ့ကြသော်လည်း အဆိုပါအကာများမှာ တစ်နှစ်ကြာပြီးနောက် ကွာကျသွားသဖြင့် မျက်နှာပြင်ကြမ်းများနှင့် ပွတ်တိုက်မိပြီး ငါးများဒဏ်ရာအနာတရ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် များသောအားဖြင့်ပလတ် စတစ်ပိုက်လှောင်အိမ်များကိုသာ အသုံးပြုကြပါသည်။ 

ပိုက်လှောင်အိမ်များကို ရေပေါ်ဆွဲတင်ပြီး ကမ်းပေါ်ရှိ ကန်ပေါင်ပေါ်တွင် သိမ်းဆည်းခြင်းထက် လှောင်အိမ်ကို တစ်နှစ်ပတ်လုံး ရေထဲထားပြီး ကန်ထဲ၌ပင် နေလှန်းအခြောက်ခံ၍ ပြန်လည်အသုံးပြုခြင်းက ပို၍ကောင်းမွန်ပါသည်။

ဂဟေဆက်ထားသော ဝိုင်ယာပိုက်ကွက်များသည် တာရှည်ခံပြီး မာကျော၍ ဆွေးမြေ့ခြင်းကို ပို၍ ခံနိုင်ရည်ရှိပြီး ဆွဲနိုင်ဆန့်နိုင်သောပစ္စည်းများထက် သန့်ရှင်းရာတွင် ပို၍ လွယ်ကူပါသည်။ သို့သော် အတော်အသင့်လေးလံ၍ ဝန်လေးပါသည်။ 

ပလတ်စတစ်ဖြင့်ပြုလုပ်သော ပိုက်များသည် တာရှည်ခံပြီး အတော်အသင့်မာကျော၍ အလေးချိန်ပေါ့ပါးပြီး ဝိုင်ယာပိုက်ကွက်များထက် စျေးနှုန်းပိုသက်သာပါသည်။ နိုင်လွန်ပိုက်ဖြင့်ပြုလုပ်သော လှောင်အိမ်များသည် အခြားသောပစ္စည်းများဖြင့်တည်ဆောက်ထားသော လှောင်အိမ်များကဲ့သို့အရွယ်အစားဆိုင်ရာ အခက်အခဲများ မရှိပါ။

နိုင်လွန်ပိုက်သည် စျေးသိပ်မကြီးဘဲ အတော်အသင့်ခံနိုင်ရည်ကောင်းမွန်၍ အလေးချိန်ပေါ့ပါးပြီး ကိုင်တွယ်၍ လွယ်ကူပါသည်။ နိုင်လွန်ပိုက်သည်  ကိုက်ဖြတ်တတ်သော လိပ်၊ ဖျံ၊ မိကျောင်းနှင့် ကဏန်းများကြောင့် ထိခိုက်ပျက်စီးတတ်ပါသည်။ အဆိုပါ နိုင်လွန်လှောင်အိမ်များ၏ အပြင်ဘက်တွင် ပိုက်ကွက်ကျယ်ပြီး ပိုမိုခိုင်မာသောလှောင်အိမ်နောက်တစ်လုံးကို တပ်ဆင်ထားရန် လိုအပ်ပါမည်။

၅။ လှောင်အိမ်တစ်လုံးတည်ဆောက်ခြင်း

ပုံ - တရုတ်နိုင်ငံတွင်ရောင်းချသည့် ပိုက်လှောင်အိမ်ဒီဇိုင်းတစ်ခု

  • ဖရိန်ကွင်းများကိုဖြတ်၍ အတူတကွ ကော်ဖြင့်ကပ်ပါ။
  • ပိုက်လှောင်အိမ်နံရံအတွက် (၁၈)ပေရှိသော နိုင်လွန်ပလတ်စတစ်ပိုက်ကွက်ကို အလျား(၁၀)ပေ (၄)လက်မ အရွယ်ရအောင်ဖြတ်ပါ။ ကျန်ရှိနေသောပိုက်စများကို ဖရိန်ကွင်း(၂)ကွင်းချည်၍ ၄င်းတို့၏ဘေးစများကို ထိပ်စနှင့် အောက်စများအတွက် ဖြတ်ပါ။
  • ကွင်းများကို ပိတ်စများအောက်တွင်ထားရှိခြင်းသည် အလွယ်ကူဆုံးဖြစ်ပြီး ထို့နောက် ကပ်ကြေးဖြင့်ကွင်း၏အပြင်ဘက်တစ်ဝိုက်ကို တိပေးပါ။
  • ကေဘယ်လ်ကြိုး (၆) ချောင်းမှ (၈) ချောင်းကို အသုံးပြု၍ ဖရိန်ကွင်းတစ်ကွင်း၏အပြင်ဘက်ဖြင့် လှောင်အိမ်၏နံရံကို တွဲချည်ပါ။ ပိတ်စအထဲတွင် လေးဒေါင့်ပုံ (သို့မဟုတ်) စိန်ပုံလိုင်းများအပြည့် ထိပ်ပိုင်း၌ ဖရိန်ကွင်းကိုတပ်ဆင်ပါ။
  • လှောင်အိမ်၏နံရံကို(၄)လက်မခန့်ထပ်ပေးပါ။ နောက်အဆင့်အတွက် ပိုက်များကို ကေဘယ်လ်ကြိုးဖြင့်တွဲချည်ထားပါ။ တစ်နေရာတည်း၌ လည်စီး(၃)ခုကို ထပ်ပြီးချည်ထားပါ။
  • လှောင်အိမ်နံရံများကို (၁လက်မ၏ ၈ ပုံ၁ ပုံရှိသော နိုင်လွန်ကြိုး) အသုံးပြု၍ ဖရိန်ကွင်းနှင့် ပိုက်ကွက်ထိပ်ပိုင်း အစဉ်လိုက်ကို ချည်ထိုးရပါမည်။ အစပြုသောပိုက်ထုံးကို သေချာစွာပြုလုပ်ပြီး ပိုက်ကွက်ထိပ်ပိုင်းကွင်းများကို နှစ်ကွက်ကျော် အစဉ်အတိုင်းကျော်ပြီး ချည်ထိုး၍ ကွင်းပြည့်သွားသောအခါ လျော့ကျနေသောနေရာများကို ဖယ်ပစ်ပါ။ ကွင်းပတ်လည်တွင် နောက်ထပ်အထုံးကို ချည်နှောင်ပါ။
  • ကြိုး၏နောက်အစတစ်ခုကိုဖြတ်ပြီး အစွန်းတစ်ဖက်နှင့် အခြားအစွန်းတစ်ဖက်ကိုထပ်၍ ချည်နှောင်ရပါမည်။ နောက်တစ်ကြိမ် လျော့ကျသောနေရာကို ဖယ်ရှားပြီး ပိုက်ကွက်(၂) ကွက်ကျော်တိုင်း ချည်နှောင်ရပါမည်။
  • လှောင်အိမ်၏အောက်ပိုင်းတွင် ပိုက်ထုံးတစ်ခုကို ချည်နှောင်ပြီး ပိုက်ကွက်အစွန်းတစ်စနှင့် အခြားအစွန်းတစ်စကို ထပ်ပိုး၍ ချည်နှောင်ရပါမည်။ ထိုကဲ့သို့ ထပ်ပိုးချည်နှောင်ရာတွင် အရေးကြီးသည့်အချက်မှာ ပြားကပ်နေရမည်ဖြစ်ပြီး ကွက်လပ်များ၊ အပေါက်များ(သို့မဟုတ်) ခေါက်ထားသောနေရာများမှာ လွတ်နေပြီး ငါးများလွတ်ထွက်မသွားစေရန် အလွန်အရေးကြီးပါသည်။
  • လှောင်အိမ်ကို ပြောင်းပြန်လှန်လိုက်သောအခါ ပိုက်စ၏ထိပ်ပိုင်း လိုင်းနေရာအပြည့်အတွင်း ဒုတိယဖရိန်ကွင်းတစ်ခုကို ထားရှိ၍ ကေဘယ်ကြိုးအနည်းငယ်ဖြင့် သေချာစွာချည်နှောင်ရပါမည်။
  • အပေါက်ကိုကျော်ပြီး (၃၈ လက်မအချင်း)ရှိသော လှောင်အိမ်အောက်ဖက်ပိုက်စကိုထားရှိပြီး လှောင်အိမ်နံရံကို ဖရိန်ကွင်းနှင့် အောက်ပိုင်းပိုက်စကို တစ်စုတည်းချည်နှောင်ရပါမည်။ ထပ်မံ၍ ကွက်လပ်၊ အပေါက်များရှိမနေရန် သတိပြုရပါမည်။
  • ပိုက်လှောင်အိမ်ချုပ်သည့်အခါ ချည်ကြိုးများကို အပြင်ဘက်သို့ ပြန်ပို့ပေးရန် နောက်လူတစ်ယောက်သည် လှောင်အိမ်အတွင်းဘက်၌ ရှိနေစေပါက အကူအညီဖြစ်စေပါသည်။
  • နောက်လူ၏ အရပ်အပေါ်မူတည်၍ ကုလားထိုင်(၃)လုံးအပေါ် လှောင်အိမ်ကိုထားရှိပြီး မြင့်ထားခြင်းဖြင့်ချည်နှောင်ရာတွင် ပို၍ လွယ်ကူစေပါသည်။
  • အဖုံးအတွက် နောက်ဆုံးဖရိန်ကွင်းကို(၃၈)လက်မရှိသော နောက်ထပ်ပိုက်စဖြင့် ချည်နှောင်ရပါမည်။ ချုပ်ချက်နေရာကို ပိုက်ကွက်နှစ်ကွက်ကျော်၍ ချုပ်သွားရပါမည်။ ငါးများ ထည့်သွင်းပြီးသောအခါ ကြိုးအတိုဖြင့် လှောင်အိမ်ထိပ်ပိုင်းနှင့် အဖုံးကို ချည်နှောင်ထားရပါမည်။ အရိပ်ရစေရန် လှောင်အိမ်အဖုံးကို အခြားသောအရိပ်ရအပါးစနှင့် ပေါ့ပါးသောပစ္စည်းများဖြင့် ချည်နှောင်ထားရပါမည်။
  • လှောင်အိမ်၏ထိပ်ဖက် အပွင့်ပိုင်းအတွင်းဘက်တွင် ပိတ်ဖြင့်ပြုလုပ်သော( ၁ လက်မ၏ ၈ ပုံ၁ ပုံ)ရှိသော ပိုက်ကွက်အစကို အစာကျွေးကွင်းတစ်ခုပြုလုပ်၍ ကေဘယ်ကြိုးဖြင့်ချည်နှောင်ထားရပါမည်။ အစာကျွေးကွင်းကို လှောင်အိမ်နံရံဖြင့် အပေါ်ပိုင်းရော အောက်ပိုင်းပါ ချည်ထားရပါမည်။
  • လှောင်အိမ်ကို ရေပေါ်ပေါ်စေသည့်ဘောများဖြင့် နေရာချပြီး ချည်နှောင်ထားခြင်းဖြင့် ရေမျက်နှာ ပြင်အထက်(၄)လက်မခန့် လှောင်အိမ်အထက်ပိုင်းသည် ရေပေါ်ပေါ်နေပါသည်။ တစ်ဂါလံပုံးအလွတ်(၄) လုံးသည် လှောင်အိမ်တစ်လုံးကို လွယ်ကူစွာရေပေါ်ပေါ်နေစေလိမ့်မည် ဖြစ်ပါသည်။
  • ဂါလံပုံး၏အောက်ဖက်ကို အပေါက်အနည်းငယ်ဖောက်ထားပေးခြင်းဖြင့် ရေအနည်းငယ်ဝင်ပြီး လှောင်အိမ်ကို ပိုပြီးငြိမ်စေပါသည်။

၆။ လှောင်အိမ်များတပ်ဆင်ခြင်း

  • လှောင်အိမ်များကို ရေစီးကြောင်းအထူးကောင်းမွန်သောရေပြင်၌ လေတိုက်လာသည့်ဘက်သို့ များသောအားဖြင့် နေရာချထားလေ့ရှိပါသည်။ လှောင်အိမ်ဖြင့်ငါးမွေးမြူခြင်းကို ထိခိုက်စေသည့် အလွန်အရေးကြီးသောလုပ်ငန်းတစ်ရပ်မှာ လှောင်အိမ်များကိုနေရာချထားခြင်းလုပ်ငန်းရပ်ဖြစ်ပါသည်။
  • ငါးများမှ စွန့်ထုတ်အညစ်အကြေးများနှင့် လှောင်အိမ်ကိုဖြတ်၍ အောက်ကျသွားသောအစာကျန်များနှင့်လှောင်အိမ်ထားရှိသော အနီးကပ်နေရာမှ အဝေးသို့မျောပါခြင်းတို့သည် အလွန်အရေးကြီးပါသည်။
  • ထို့ကြောင့် ငါးမွေးလှောင်အိမ်များကို ကန်အောက်ခြေနှင့် လှောင်အိမ်အောက်ခြေအကြား အနည်းဆုံး (၂)ပေကွာခြားနိုင်မည့်နေရာတွင် ထားရှိရပါမည်။ ငါးမွေးလှောင်အိမ်၏ အနီး၌ အညစ်အကြေးများ စုပုံနေခြင်း မဖြစ်စေရပါ။ 
  • လှောင်အိမ်ပုံသေများကိုမူ အောက်ခြေကြမ်းပြင်ရှိ ရွံ့ထဲသို့ စိုက်ထူထားသောတိုင်များဖြင့် ချည် နှောင်ထားရှိရပါမည်။ အဆိုပါနေရာ၌ ရေပေါ်ပေါ်သော လှောင်အိမ်များအတွက်မူ ရေပြင်၏မျက်နှာပြင်တွင် တည်ရှိစေမည့် ရေပေါ်ပေါ်စေသောအရာတစ်ခု လိုအပ်မည်ဖြစ်ပါသည်။
  • လှောင်အိမ်များကို ငါးများခုန်ထွက်မသွားစေရန်နှင့် ငှက်များထိုးသုတ်စားခြင်းမှ ကာကွယ်ရန်အတွက် အဖုံးများ ဖုံးအုပ်တပ်ဆင်ထားရှိရပါမည်။
  • အစာဆုံးရှုံးလေလွင့်မှု အနည်းဆုံးဖြစ်စေရန် လှောင်အိမ်အတွင်း၌ တစ်လက်မ၏ ရှစ်ပုံတစ်ပုံ (သို့မဟုတ်) ထို့ထက်ပို၍ပိုက်ကွက်သေးငယ်သောပိုက်ကွက်ငယ်များဖြင့် ပြုလုပ်ထားသော အစာကျွေးဗန်း(သို့မဟုတ်) အစာကျွေးကွင်းများကိုနေရာချထားခြင်း လုပ်ဆောင်ရပါမည်။
  • လှောင်အိမ်အနီးတွင်ရေကူးခြင်း၊ မော်တော်ခုတ်မောင်းခြင်း ငါးဖမ်းခြင်းလုပ်ငန်းရပ်များဖြစ်သည့် မွေးမြူထားသောငါးများကို အနှောင့်အယှက်ပေးခြင်းအား မပြုလုပ်စေရပါ။

Ref; ငါးလုပ်ငန်းဦးစီးဌာန

(အပိုင်း-၄တွင် ငါးမျိုးစိတ်ရွေးချယ်ခြင်း၊ငါးသားပေါက်များ ထည့်သွင်းမွေးမြူခြင်း၊ ငါးအစာနှင့် အစာကျွေးခြင်းတို့ကို ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်