သရက်ရွက်မှာပါတဲ့ ဆေးဖက်ဆိုင်ရာ အာနိသင်(၇)မျိုး

20/11/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သစ်သီးတွေရဲ့ဘုရင်လို့တင်စားလောက်တဲ့အထိ အကျိုးအာနိသင်များတာကတော့ သရက်သီးပါပဲ။ မှည့်တာဖြစ်ဖြစ် အစိမ်းဖြစ်ဖြစ် နှစ်မျိုးလုံးကို လူကြိုက်များပါတယ်။ ဒီတစ်ခါမှာတော့ သရက်သီးရဲ့ ဆေးဖက်ဆိုင်ရာ အာနိသင်အကြောင်းကို မျှဝေချင်ပါတယ်။

သွေးတိုးကျစေခြင်း

သရက်ရွက်ဟာ သွေးဖိအားကျဆင်းစေပါတယ်။ သရက်ရွက်ကို ရေသေချာဆေး ရေနွေးနဲ့ ကြိုပြီးသောက်ပေးတာဟာ သွေးဖိအားကို ကျစေပါတယ်။

ဆီးချို

သရက်ရွက်ဟာ ဆီးချိုအတွက် အကောင်းဆုံးဆေး တစ်လက်ပါပဲ။သရက်ရွက်လက်ဖက်ရည်ဟာ ဆီးချိုရှောင်ချင်တဲ့သူတွေအတွက် အကောင်းဆုံးအရွက်ဖြစ်ပါတယ်။အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသာနာတွေကို ဖြေရှင်းပေးနိုင်တယ်။

သရက်ရွက်ရေနွေးကြမ်းကို သောက်ပေးတာဟာ အအေးမိတာ၊ နှာစေးတာစတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာပျောက်ကင်းစေပါတယ်။

အပူလောင်ခြင်း

သရက်ရွက်ကို အပူလောင်တာတွေအတွက် အသုံးပြုနိုင်ပါတယ်။ သရက်ရွက်ကို အပူပေးပြီး မီးလောင်ဒဏ်ရာပေါ်မှာ ကပ်ပေးထားပါ။

စိတ်ဖိစီးမှုကို သက်သာစေခြင်း

စိတ်ဖိစီးမှုကို သက်သာပျောက်ကင်းစေဖို့ သရက်ရွက်ရေနွေးကြမ်းကို တစ်ရက် ()ခွက် (သို့) ()ခွက် သောက်ပေးပါ။

ကျောက်ကပ်ကျောက်တည်တာကို သက်သာစေတယ်။

မနက်ပိုင်းမှာ သရက်ရွက်အခြောက်ကိုချေ၊ ရေနဲ့ ရောပြီးသောက်ပေးပါ။ ကျောက်ကပ်အတွင်း ကျောက်တည်တာကို သက်သာစေတယ်။

လည်ပင်းနာခြင်း

လည်ပင်းနာတာတွေနဲ့ လည်ပင်းနဲ့ဆိုင်ရာ ပြဿနာတွေကို သရက်ရွက်နဲ့ကုသပေးလို့ရပါတယ်။ သရက်ရွက်ကို မီးရှို့ပြီး ထွက်လာတဲ့ အငွေ့ကိုရှုပေးပါ။

Credit: MY FOOD


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်