လိမ္မော်သီးကို ဘာလို့ စားပေးသင့်သလဲ
အရည်ရွှမ်းပြီး အရသာရှိတဲ့ လိမ္မော်သီးကို မကြိုက်သူခပ်ရှားရှားဖြစ်မယ်ထင်ပါတယ်။ လိမ္မော်သီးဟာ အနံ့အရသာနဲ့ ပြည့်စုံရုံသာမက ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုစေပါတယ်။ လိမ္မော်သီးတစ်လုံးမှာ ကယ်လိုရီ ၈၅ ပဲပါဝင်ပြီး အဆီမပါသလို ဆိုဒီယမ်နဲ့ ကိုလက်စထရောလည်း မပါဝင်ပါဘူး။ လိမ္မော်သီးစားပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်။
ကိုယ်ခံအားစနစ်
လိမ္မော်သီးကို အအေးမိ ဖျားနာတာတွေကို ကုသဖို့အတွက် အကောင်းဆုံးရွေးချယ်စားသုံးပေးသင့်တဲ့အသီးပါ။ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတာကြောင့်ဖြစ်ပါတယ်။ ဗီတာမင် C အများအပြားပါဝင်လို့ ကင်ဆာနဲ့ နှလုံးရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးပါတယ်။
နှလုံး
ဗီတာမင် C အပြင် ပိုတက်ဆီယမ်ဓါတ်တွေပါဝင်လို့ နှလုံးရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။
အသားအရေ
လိမ္မော်သီးမှာ ပါဝင်တဲ့ ဗီတာမင် C ဟာ လေထုညစ်ညမ်းမှု၊ နေရောင်ချည်ထိတွေ့မှုကြောင့် အသားအရေ ထိခိုက်ပျက်ဆီးခြင်းကနေကာကွယ်ပေးပါတယ်။ လိမ္မော်သီမှာ Beta Carotene လို့ခေါ်တဲ့ Antioxidant တစ်မျိးပါဝင်ပြီး အသားအရေထိခိုက်ပျက်ဆီးမှုကနေ ကာကွယ်ပေးရုံသာမက အသားအရေပြုပြင်ပေးပြီး ပိုမိုလှပစေပါတယ်။
ဆီးချို
ဆီးချိုသမားတွေအတွက် လိမ္မော်သီးကို အတန်အသင့် စားသုံးပေးနိုင်ပါတယ်။ လိမ္မော်သီးမှာ အမျှင်ဓတ်တွေကြွယ်ဝစွာပါဝင်ပြီး သွေးတွင်းသကြားဓါတ်ကို လျှော့နည်းစေပါတယ်။
ငယ်ရွယ်သူတွေမှာဖြစ်တတ်တဲ့ Type 1 Diabetes ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာအတွက် စားသုံးပေးနိုင်ပါတယ်။ ဆီးချိုအမျိုးအစား (၂) သမားတွေကတော့ ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။
ကိုယ်အလေးချိန်ကျစေခြင်း
လိမ္မော်သီးကိုစားပေးတာဟာ ကိုယ်အလေးချိန်တက်မလာအောင် ထိန်းထားပေးနိုင်တဲ့အပြင် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ကိုယ်အလေးချိန်ကျချင်တဲ့ ပျိုမေတို့ စားပေးသင့်ပါတယ်။
အမြင်အာရုံကောင်းမွန်စေခြ်င်း
ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေပါတယ်။ ညဖက်မှာလည်း အမြင်အာရုံကိုတိုးတက်စေပါတယ်။
ကင်ဆာ
အူမကြီး အရေပြား နဲ့ ရင်သားကင်ဆာအပါဝင် တခြားကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်လို့ လိမ္မော်သီးကိုစားပေးသင့်ပါတယ်။
ကျောက်ကပ်
ကျောက်ကပ်ကျန်းမာရေးအတွက် လိမ္မော်သီးကိုစားပေးသင့်ပါတယ်။ ဒါပေမဲ့လိမ္မော်ရည်ကို များများသောက်မယ်ဆိုရင်တော့ သကြားဓါတ်ပါဝ်ငမှုများတာကြောင့် သွားကိုထိခိုက်စေပါတယ်။
ရေဓါတ်ဖြည့်ပေးနိုင်ခြင်း
အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး အရည်ရွှမ်းတဲ့အသီးဖြစ်လို့ ရေဓါတ်ကိုထိန်းထားနိုင်တဲ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါတင်မက အဟာရဓါတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။
ကိုလက်စထရော
လိမ္မော်ရည် (သို့) လိမ္မော်သီးကို ပုံမှန်စားပေးသောက်ပေးတာဟာ ကိုလက်စထရောကျစေပါတယ်။
MyFood Myanmar Websiteမှ ပြန်လည်ကူးယူဖော်ပြပါသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026