ငါးအမိုင်နိုကိုရေရောပြီးရင် ဘယ်နှစ်ရက်ထိအထားခံလဲနှင့် တစ်ပတ်အတွင်းစိတ်ဝင်စားစရာအမေးအဖြေများ

02/09/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။

ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မေး (Ye Htet Kyaw) - ငါးအမိုင်နိုကို ရေဖြင့်ရောစပ်ပီး မဖျန်းဖြစ်ရင် ဘယ်နရက်ထိအထားခံပါသလဲ။

ဖြေ (ဒို့ဦးလေး) - တစ်ပတ်လောက်တော့ ရနိုင်ပါတယ်။ အီးအမ်နဲ့ ထိန်းရင်တော့ ကြာနိုင်ပါတယ်။

၂။ မေး (ကိုဖြိုးဇော်) -  ငရုတ်ခင်းထဲက မြက်မုန်ညှင်းကို 2,4 - D ဖျန်းလို့ရပါသလားဆရာတို့။

ဖြေ (ဇော်လင်း) - မရပါ။

(ဦးမောင်မောင်ထွေး) - မရပါ 2,4 - D က မြက်ပေါင်းသတ်ဆေးမဟုတ်ဘဲ ရွက်ပြားပေါင်းသတ်ဆေးဖြစ်နေလို့ပါ။

၃။ မေး (Nga Chan) – အပင်သက်တမ်းဘယ်နှစ်ရက်ကစ၍ အားဆေးပြန်ပေးသင့်လည်းဗျ။

ဖြေ (ဒို့ဦးလေး) - ၂၁ ရက်သား အားဆေးဖျန်းနိုင်ပါပြီ။ ၁၅ရက်ဆိုရင် အစေ့တွင်းစာကုန်ပြီလို့ဆိုပါတယ်။ (

ဦးမောင်မောင်ထွေး) - မြေပဲပင်အစာမကျွေးထားဘူးဆို ၁၅ ရက်သားကစပြီး ရွက်ဖျန်းမြေသြဇာစဖျန်းလို့ရပါတယ်။ မြေပဲလို အစေ့တွင်းစာများများပါသောအစေ့များတွင် အပင်ငယ်လေးအတွက် အာဟာရ၁၀ ရက်သာသိုလှောင်ထားသဖြင့် နောက်ပိုင်းတွင်ပတ်ဝန်းကျင်မှအာဟာရများကိုလိုအပ်လာမှာဖြစ်ပါတယ်။ ပန်းစပွင့်ချိန်ရောက်ရင်တော့ အစေ့တည်ရန် ထုံးကန့်ဓာတ်အဖြစ် ဂျပ်ပဆင်ထည့်ပေးပါ။ သဘာဝမြေသြဇာတို့ NPK တို့ထည့်ပေးရန်တော့ပြောရန်မလိုပါ။ ထည့်ကိုထည့်ပေးရမှာပါ။

၄။ မေး (A K T ) - နွားချေးကိုဒီတိုင်းသုံးတာနဲ့ မီးရှို့ပြီးသုံးတာ ဘယ်ဟာပိုကောင်းလဲ။ အပင်အားကောင်းအောင် အပင်ပေါက်ရင် အပင်ခြေမှာပုံလို့ရလား။ ဖြေကြားပေကြပါဦးဗျ။

ဖြေ(စိုးမင်းအောင်)- ဒီတိုင်းပဲဆွေးအောင်လုပ်ပြီးမှသုံးပါ။

(ဦးမောင်မောင်ထွေး) - နွားချေးဆွေးကို ဒီအတိုင်းသုံးတာအကောင်းဆုံးပါ။ မီးရှို့ရင်အာဟာရများနည်းသွာပြီး မြေတွင်းအစိုဓာတ်မထိန်းနိုင်၊အကျိုးပြုအနုဇီဝအတွက်လည်း ပွားရန်အစာမရှိ အခြားမြေဆီလွှာရဲ့ရူပဓာတုဂုဏ်တွေလည်း မရရှိနိုင်တော့ပါ။

၅။ မေး (Ye Htet Kyaw) - မြေဆီစျေးနှုန်းအရ ပိုတက်ရှ်မြေဆီကို တစ်ကြိမ်ပဲထည့်ချင်တယ်ဆိုရင် စပါးဘယ်အချိန်မှာထည့်ရမလဲ၊ မြေခံမှာလား၊ တခြားအချိန်မှာလား။ 

(ဒို့ဦးလေး) - စပါး တစ်လသား နောက်ပိုင်း ပိုတက် ကျွေးပါ။ နီတို ဖြစ်တတ်တဲ့ကာလမို့ ပိုတက်ချ်နဲ့ ဂျစ်ဆန် ကျွေးပါ။

တောင်သူတိုင်းသိသင့်တဲ့ မေးခွန်းတွေကိုပဲ စုစည်းထားတာမို့ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။

တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါတယ်။

အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်