ပြွတ်နေအောင် သီးတဲ့ ဒူးရင်းပင်အကြောင်းနဲ့ တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ
မင်္ဂလာပါရှင့်
စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတွေကို လေ့လာရမဲ့ စနေနေ့လေးကို ပြန်လည်ရောက်ရှိလာပါပြီ။
ဒီတစ်ပတ်မေးခွန်းတွေကတော့ ဆရာဒို့ဦးလေးရဲ့ အာဟာရဓာတ်တွေအကြောင်းကို မှတ်ရလွယ်အောင် ဥပမာပေးပြောသွားတာလေးနဲ့ စပြီးဖော်ပြပေးလိုက်ပါတယ်။
၁။ မေး ( ဦးစိုးလွင်ဦး) - NPK အာဟာရဓာတ်သုံးမျိုးမှာ တစ်ခုစီဟာ အပင်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို အကျိုးသက်ရောက်လဲ သိချင်လို့ပါ။
ဖြေ ( ဒို့ဦးလေး) - NPKကို လူတွေနဲ့ဥပမာပေးရရင် ခေါင်းရယ်၊ လက်ရယ်၊ ခြေထောက်ရယ်နဲ့ တူတယ်လို့ ပညာရှင်အချိူ့က ဥပမာပေးကြပါတယ်။ N က အပင်ရဲ့ ဆဲလ်အသစ်တွေကြီးထွားအောင်၊ အရွက်သစ်၊ အညွှန့်သစ်တွေ ကြီးထွားအောင်နဲ့ အစိမ်းရောင်ကလိုရိုဖီး လုပ်ဆောင်ရာမှာ အဓိကကျပါတယ်။ (ဒါကြောင့် N ချို့တဲ့ရင် အရောင် မစိမ်းတော့တာပါ)။ Pအနေနဲ့ အပွင့်တွေ များများပွင့်ပြီး အသီးအောင်စေဖို့နဲ့ အမြစ်တွေ ရှင်သန်ကြီးထွားဖို့ လုပ်ဆောင်ပါတယ်။ K ကတော့ အပင်တစ်ပင်လုံးအတွက် အစာကြော၊ ရေကြောတလျှောက် ပို့ဆောင်ဆက်သွယ်ရေးထောက်ပို့လုပ်ငန်းလုပ်ပါတယ်။ ရာသီဥတု/ပိုး/ရောဂါဒဏ်ခံနိုင်အောင် ကာကွယ်လုပ်ဆောင်ပေးပါတယ်။ ဒါဟာ အကြမ်းဖျဥ်းသဘောမျှသာဖြစ်ပါတယ်။ တကယ်က ဒါထက် အများကြီး နက်နဲတဲ့ အပင်ဇီဝကမ္မလုပ်ငန်းတွေကို ၊ အာဟာရဓာတ်တွေအားလုံး သူ့တာဝန်နဲ့သူ ပုံမှန်လုပ်ဆောင်ကြရပါတယ်။
နံပါတ် (၂) မေးခွန်းလေးကတော့ ဒူးရင်းသီးတွေသီးနေတာများ အားရစရာကောင်းချက်ပဲ..ဒါမဲ့မတတ်နိုင်ဘူးရှင်။ ခြွေပစ်ရမှာပဲ။ နှမြောနေလို့မရဘူးနော် ဦးကြီးတို့။ ဘာလို့အသီးမတင်တာလဲဆိုတာတော့ ဆရာတို့ဖြေပေးထားတာလေး လေ့လာကြည့်ရအောင်ပါ။
၂။ မေး (ကျော်စိုးဦး) - ဒူးရင်းသီးပင်ကအသီးတွေပြွတ်နေအောင်သီးပြီး မတင်ဘူးဗျ ၃နှစ်ရှိပြီ။ ဒီအတိုင်းပဲ ဘာလိုပြုပြင်ရမလဲဗျ။ အပင်သက်က၈နှစ်ရှိပြီ။

ဖြေ (ဦးသက်လွင်) - ၁။ ကိုင်းခြောက်များနှင့် ညှပ်နေသော ကိုင်းများအား ရှင်းလင်းပေးပါ။ ၂။ ပွင့်သီးချိန်တွင် မြေအစိုဓာတ် ကောင်းစွာရရှိနိူင်ရန် ပန်းပွင့်ချိန် မတိုင်မီ တစ်လခန့်မစ၍ ရေပေးသွင်းခြင်း ပုံမှန်ဆောင်ရွက်ပေးပါ။ ၃။ အရည်အသွေးကောင်းမွန်သော ကွန်ပေါင်းမြေဩဇာ 15R, 16R,18R စသည်ဖြင့် အပင်ပွင့်သီးချိန် မတိုင်မီ တစ်လခန့်မှ စ၍ တစ်ပင်လျှင် နို့ဆီဘူး (၄-၈) ဘူးခန့်အား အပင်ခြေမှ ၅ ပေခန့်ခွာပြီး ပတ်မြောင်း တူး၍ ထည့်ပေးပါ။ ၄။ အပင်ပွင့်သီးချိန် တလျှောက် မြေအစိုဓာတ်နှင့် အာဟာရလုံလောက်စွာ ထည့်သွင်း ပေးသွားရန် လိုအပ်ပါတယ်။
(ဒို့ဦးလေး) - အသီးတွေချွေပေးရပါတယ်။ တစ်ခိုင်မှာ ၂၊ ၃လုံး စသဖြင့်သာ ထားရပါတယ်။
ဒီမေးခွန်းလေးကတော့ ကြိုတင်ကာကွယ်တယ်ဆိုတာ ရောဂါဖြစ်မှ၊ သိသွားမှကုတာထက် ပိုကောင်းတယ်ဆိုတာ သိသွားတဲ့ ဦးကြီးတို့အတွက်ပါနော်။
၃။ မေး (ကိုကံကြီးမောင်) - နွေစပါး တွေမှာဆိုမှိုတွေအစုံကျတယ်ဆရာ မကျခင်ကာကွယ်ချင်ပါတယ် ဘယ်လိုကာကွယ်ရမလဲ ဘယ်အချိန်ကာကွယ်ရမလဲဆရာ။
ဖြေ (ဒို့ဦးလေး) - စနစ်တကျကာကွယ်မယ်ဆိုရင်.. ရိုးပြတ်တွေ ရှင်းလင်းခြင်း။ နွေထယ်ရေးခံခြင်း။ မျိုးကောင်း/သန့်အသုံးပြုခြင်း။ မျိုးစေ့လူးဆေး အသုံးပြုခြင်း။ တစ်လသားမှစပြီး တစ်လတစ်ကြိမ်ခန့် မှိုဆေး(မန်ကိုဇက်/ကော့ပါး...)အလှည့်ကျဖျန်းပေးခြင်း။ ရေသွင်း/ရေထုတ် ပုံမှန်ပြုလုပ်ခြင်း စသော ဘက်စုံကာကွယ်နည်းစနစ်တွေ အသုံးပြုရပါတယ်။
နံပါတ် (၄) မေးခွန်းကတော့ သေသေချာချာ မြေဩဇာတွေကျွေးထားပါရက်နဲ့ ပင်ပွားနည်းနေတာ ဒါတွေထဲက ဘယ်အချက်နဲ့များညိနေသလဲဆိုတာ လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်ရှင့်။
၄။ မေး (မျိုးသူ) - ဆရာခဗျ စပါးပင် ပင်ပွားနည်းခြင်းအကြောင်းရင်းများသိချင်ပါတယ်။
ဖြေ (ဒို့ဦးလေး)- အပင်ပွားချိန် ရေများလွန်းခြင်း၊ အပင်ထူခြင်း၊ ရေငတ်ခြင်း၊ ဆန့်ထွက်ဟိုမုန်း(GA-3)အသုံးပြုခြင်း တွေဟာ ပင်ပွားနည်းစေပါသတဲ့။
နောက်ဆုံးမေးခွန်းလေးကတော့ အခုရက်ပိုင်းစပါးနှံတွေမှာ အစွန်းတွေဖြစ်လို့... ဘာကြောင့်လဲ... ဘာကြောင့်လဲဆိုပြီး တက်တက်လာတဲ့ မေးခွန်းလေးပါ။ အဲ့တာကတော့ နှစုပ်ဂျပိုးကျနေတာကို သတိမထားမိပဲ အနှံထွက်ချိန်ရောက်မှ လက္ခဏာပြတော့ အချိန်တွေလွန်ကုန်ပြီဆိုတာ သင်ခန်းစာယူရင်း နောက်နှစ်တွေမဖြစ်ရအောင်နဲ့ မဖြစ်သေးတဲ့ဦးကြီးတွေရော နှံစုပ်ဂျပိုးကို နို့ရည်တည်ချိန်မှာ သတိမူစေဖို့အတွက်ပါ။
၅။ မေး (ပိုင်ဖြိုးကျော်) - မှည့်စွန်း တွေဖြစ်ပြီး စပါး တစ်ဧက ကို၅ဝ သီးလောက်ပဲထွက်လို့ ဘာဆေးသုံးလို့ရလဲ ဘာကြောင့်မှည့်စွန်း ဖြစ်တာလဲဆရာ။
ဖြေ (ဒို့ဦးလေး) - နှံစုပ်ဂျပိုး ကြိုတင်မကာကွယ်နိုင်လို့ပါ။ ဖုံးလုံးချိန်ကတည်းက ပင်လုံးပြန့်ဆေးနဲ့ကာကွယ်ပါ။ နို့ရည်တည်ချိန် ပိုးကျတတ်ပါတယ်။
အသိပညာတွေတစ်ခုခုရသွားမယ်မျှော်လင့်ပါတယ်နော်..။
စိုက်ပျိုးရေးဆိုတာ လေ့လာလေ မကုန်လေဖြစ်တဲ့ ပညာရပ်တစ်ခုဆိုတော့ မရှင်းတာမျိုး သိချင်တာမျိုးဆို အမေးအဖြေကဏ္ဍမှာ ဝင်ရောက်ဆွေးနွေးလို့ရပါတယ်လို့ သတင်းကောင်းပါးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မင်းမင်း
လွန်ခဲ့သော ၃ နှစ် ကဒူးရင်ပင်ကိုရှမ်းတောင်မှာစိုက်လို့ရလား
Min Min
လွန်ခဲ့သော ၃ နှစ် ကဒူးရင်းပျိုးပင်ရွက်ပုတ်ဘာဆေးဖြန်းရမလဲ
ဆက်စပ်မေးခွန်းများ
ပဲပုပ်က စိုက်ကတာလား မက်ပဲလို့ခုတ်ဖုံးကျဲလို့ရလားဗျ
nay Htet • ဖြေကြားချက် 0 ခု
ပဲတီစိမ်းခုတ်ဖုံးအတွက်နည်းလမ်းလေးမျှဝေပေးပါဆရာ
moe min aye • ဖြေကြားချက် 1 ခု
ကြက်ဥ။ သံပုရာအမိုင်နို လုပ်နည်းလေးရှင်းပြပေးပါ
U Than Toe Aung • ဖြေကြားချက် 1 ခု
စမုံနက်နှမ်းမျိုး(သက်လျင်)က လင်းတာတုံပြန်တဲ့မျိုးလား ခု အောက်တိုဘာမှာ စိုက်ချင်လို့ရလားသိချင်လို့
Khing Hein • ဖြေကြားချက် 3 ခု
ငှက်ပျောချဥ်ပင်ပိုးကျလို့အကုန်လုံးကိုခုတ်ပစ်လိုက်ပါတယ်။အခုပြန်လည်အသစ်ထွက်နေပါပြီ။အခိုးအသစ်ထွက်နေတဲ့အဲဒီအပင်လေးေတွကိုထားသင့်ပါသလား။ခုတ်ပစ်သင့်ပါသလား
Yogi Thein • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026