ပြီးခဲ့သည့် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်ကာ တရုတ်နိုင်ငံဘက်မှ ကျွဲ၊ နွားများ မဝယ်ယူသည်မှာ ရက် ၂၀ ခန့် ရှိလာပြီ ဖြစ်သည့်အတွက် မူဆယ် (၁၀၅) မိုင်တွင် ကျွဲ၊ နွား ရောင်းချရန် ရောက်ရှိနေသည့် ကုန်သည်များ အနေဖြင့် နေ့စဉ် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း မန္တလေးတိုင်းဒေသကြီး ကျွဲ၊ နွား တင်ပို့သူများအသင်း ဥက္ကဌ ဦးစိုးနိုင်က ပြောသည်။