အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

မိုးဇလ
မိုးဇလ • 29/01/2022

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့်ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်ဥ။ သံပုရာအမိုင်နို လုပ်နည်းလေးရှင်းပြပေးပါ

U Than Toe Aung • ဖြေကြားချက် 1 ခု

စမုံနက်နှမ်းမျိုး(သက်လျင်)က လင်းတာတုံပြန်တဲ့မျိုးလား ခု အောက်တိုဘာမှာ စိုက်ချင်လို့ရလားသိချင်လို့

Khing Hein • ဖြေကြားချက် 3 ခု

ငှက်ပျောချဥ်ပင်ပိုးကျလို့အကုန်လုံးကိုခုတ်ပစ်လိုက်ပါတယ်။အခုပြန်လည်အသစ်ထွက်နေပါပြီ။အခိုးအသစ်ထွက်နေတဲ့အဲဒီအပင်လေး‌ေတွကိုထားသင့်ပါသလား။ခုတ်ပစ်သင့်ပါသလား

Yogi Thein • ဖြေကြားချက် 1 ခု

ဒေသကြက် အခုမှစမွေးပါမည် ၁၂ပေ×၂၀ပေ အကျယ်ခြံကို အဖတစ်ကောင်နှင့် အမဘယ်နှစ်ကောင်ထည့်ရမလဲခဗျား(လွှတ်မွေးရင် ရောဂါဖြစ်မှာရယ်၊ပြောက်မှာဆိုးလို့ပါ)

Ko Kyi • ဖြေကြားချက် 2 ခု

၃လမြေပဲ ယခုနှစ် မြေပဲခင်းတော်တော်များတွေ့ရပါတယ် အပင်ဝါထွတ်နေပါတယ် စွယ်လဲမချပါဘူး ဒါဘယ်လိုကြောင့်ဖြစ်တာလဲ နောက်လာမယ့်နှစ်တွေစိုက်ပျိုးတဲ့အခါမှာ မဖြစ်အောင်ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် အကြုံပြုပါအုံးခင်ဗျာ။ ဓာတ်ပုံထဲအပင်တွေ မြေပဲဖော်ချိန်နီးနေပါပြီ

Messi • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။