မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်အတွက် မကွေးတွင်စကောက်၊ မြေသိမ်းခံရမည်ကို ဒေသခံအချို့စိုးရိမ်

31/12/2018 10:22 AM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

ဒေသတွင်း မြေစာရင်း အရာရှိ ဦးသန်းဆွေက ဒေသခံများအား စိုးရိမ်မှု မပိုရန် ပြောကြားခဲ့ပြီး ယခု စာရင်းတွင် အပါဝင်သူများသည်လည်း မြေလွတ်မြေလပ်မြေရိုင်းကိုလုပ်ကိုင်ခွင့် လျှောက်ထားနှိုင်ကြောင်း ပြောသည်။

“စာရင်းထဲပါမှ လျှောက်ရမယ်မဟုတ်ပါဘူး ဥပဒေအရ စာရင်းထဲပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ လုပ်ကိုင်နေသည်ဖြစ်စေ မလုပ်ကိုင်သည်ဖြစ်စေ လျှောက်ပိုင်ခွင့်ရှိပါတယ် ” ဟု ၄င်းကပြောသည်။

တိုင်းအစိုးရမှ မြေစာရင်းဦးစီးဌာနသို့ စာရင်းကောက်ယူရန် ပို့ခဲ့သည့် အကြောင်းကြားစာကို ဖတ်ခွင့်ရခဲ့သည့် မကွေးတိုင်း မဲဆန္ဒနယ်(၅) အမျိုးသားလွှတ််တော်အမတ် ဦးတင်အောင်ထွန်းက ညွှန်ကြားစာအရ မြေများ ပြန်လည်သိမ်းယူရန် (သို့မဟုတ်) လုပ်ကိုင်ခွင့်လျှောက်ထားခိုင်းခြင်းမဟုတ်ဘဲ လုပ်ကိုင်နေသူ စာရင်းကို ကောက်ယူခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

အသေးစိတ်ဖတ်ရန် နှိပ်ပါ...