မြန်မာ့လျှော်ဖြူမှာ ဝယ်လိုအားလိုက်လာတဲ့အတွက် ဈေးနှုန်းတက်လာတာဖြစ်ကြောင်း မြန်မာ့လျှော်ဖြူ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။
တရုတ်နိုင်ငံမှ အခုရက်ပိုင်းအတွင်း ဝယ်လိုအားတက်လာတဲ့အတွက် ဈေးနှုန်းများမှာ တစ်ပိဿာကို တစ်သောင်းခွဲ တက်လာတာဖြစ်တယ်လို့ မြန်မာ့လျှော်ဖြူ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးဟိန်းထက် က ပြောပါတယ်။
“အခုရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံကနေ ဝယ်လိုအား လိုက်လာတယ်။ အဖွင့်ဈေးကလည်း ကောင်းသွားတော့ မြန်မာ့လျှော်ဖြူ တစ်ပိဿာကို အခုရက်ပိုင်းအတွင်း ၁၅၀၀၀ တက်လာတာဖြစ်ပါတယ်”
မြန်မာ့လျှော်ဖြူကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေပြီး ထိုင်းနဲ့ ဂျပန်နိုင်ငံကိုလည်း တင်ပို့သွားမှာ ဖြစ်ကြောင်းသိရပါတယ်။
မြန်မာ့လျှော်ဖြူမှာ ယခင်လက တစ်ပိဿာကို ကျပ် ၂၅၀၀၀ ရှိရာမှ အခုလအတွင်း ကျပ် ၄၀၀၀၀ တက်လာတာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
လျှော်ဖြူပင်ကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အများဆုံး စိုက်ပျိုးတာဖြစ်ကြောင်းလည်း မြန်မာ့လျှော်ဖြူ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more