အင်တာနက် သုံးရင် ဒေတာ ဘယ်လော က်ကုန်မလဲ

09/11/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

       “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ  ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဖုန်းလုံခြုံအောင် ပြုလုပ်ရမယ့် နည်းလမ်းတွေ အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ယခု တစ်ပတ်မှာတော့ ဖုန်းသုံးတဲ့ အခါ အင်တာနက် (Data) မိမိဘယ်လောက်သုံးလဲ ဆိုတာကို အကြမ်းဖျင်း မှန်းလို့ ရမယ့် နည်းလမ်းလေးကို တောင်သူ ဦးလေး ဒေါ်လေးတို့အတွက် မျှဝေပေးပါမယ် ခင်ဗျ။ 

       ဖုန်း အသုံးပြုတဲ့အခါမှာ ဒေတာ (Data) တွေက ဘာမှမသုံးရသေးဘဲ ကုန်သွားတယ်ဆိုတာ ပြောဖူးကြမယ် ထင်ပါတယ်။  တကယ်တော့ ဒေတာတွေ (Data)  တွေ အကုန်မြန်တာ မိမိကိုယ်တိုင် သုံးတာများသွားလို့ပဲ ဖြစ်လေ့ရှိပါတယ်။  အမှန်တကယ်တော့ ကျွန်တော်တို့ အင်တာနက်သုံးရင်း မြင်နေရတဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေ အကုန်လုံးက အင်တာနက်ပေါ်က ဒေါင်းလုဒ် (download) ဆွဲချနေတာဖြစ်ပါတယ်။ မိမိ (Data) ဘယ်လောက်သုံးတယ်ဆိုတာ မှန်းလို့ရအောင် နည်းလမ်းလေးတွေ မျှဝေပေးသွားပါမယ် ခင်ဗျ။ 

         ဖေ့စ်ဘုတ် (Facebook) သုံးကြတဲ့ တောင်သူတွေ ရှိမယ်ထင်ပါတယ်။ 

         ဖေ့စ်ဘုတ် ဟာ ဒေတာရော ဘက်ထရီပါ ကုန်တာများတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။ အထက်မှာ ပြောပြခဲ့သလိုပဲ ဖေ့စ်ဘုတ်မှာ ပုံအသစ်တွေ၊ ဗီဒီယိုအသစ်တွေ၊ ကြော်ငြာအသစ်တွေ မြင်ရတယ်ဆိုတာ ဒေါင်းလုဒ်လုပ်နေရတာ ဖြစ်ပါတယ်။ ဆယ်လ်ဖီ (selfie) ပုံ ၁ ပုံဆို 100KB ကနေ 300KB ထိရှိပြီး၊ အနောက်ကင်မရာနဲ့ရိုက်ထားတဲ့ ပုံဆိုရင် 400KB ကနေ 700KB အထိရှိပါတယ်။ 1024 KB ဆိုတာ 1 မီဂါဘိုက် (MB) ဖြစ်တာမို့လို့ တစ်ခါပွတ်လိုက်တိုင်း မီဂါဘိုက် (MB) နဲ့ချီပြီး ဒေတာတွေစားသွားပါတယ် ၊ ကင်မရာ အကောင်းစားဖုန်းတွေနဲ့ ရိုက်တဲ့ပုံတွေဆိုရင်တော့ ပုံတစ်ပုံဟာ 1 - 2 မီဂါဘိုက် (MB) လောက်ရှိပါတယ်။

       ဖေ့စ်ဘုတ် ပေါ်က ဗီဒီယိုတွေကတော့ နည်းနည်း မှန်းရခက်ပါတယ်။ တိရိစ္ဆာန်လေးတွေ နဲ့ အထူးအဆန်း ဗီဒီယိုတွေဆို 10 မီဂါဘိုက် (MB) လောက်ရှိပါတယ်။ ကြည်လင်ပြတ်သားတဲ့ HD ဗီဒီယိုတွေဆိုရင် 30 မီဂါဘိုက် (MB) လောက်ရှိပါတယ်။ ဗီဒီယိုတွေက ဒေတာ အစားဆုံးပါပဲ။ တိုက်ရိုက်လွှင်တဲ့ ဘောလုံးပွဲတွေ၊ ဖျော်ဖြေရေးပွဲတွေဆိုရင် ပုံမှန်ထက် ဒေတာ ပိုစားပါတယ်။ ဒေတာ ချွေတာချင်ရင်တော့ တိုက်ရိုက်လွှင့်တာတွေ မကြည့်သင့်ပါဘူးခင်ဗျ။ အင်တာနက် ဒေတာ မိမိဘယ်လောက်သုံးလဲ ဆိုတာ အကြမ်းဖျင်းမှန်းလို့ ရသွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ 

       ယခင်တစ်ပတ်က  ဖုန်းလုံခြုံအောင် ပြုလုပ်ရမယ့် နည်းလမ်းတွေ  အကြောင်း ဖော်ပြခဲ့တဲ့  ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဖုန်း လုံခြုံစိတ်ချဖို့ ဘာတွေလုပ်သင့်လဲ

Tokyo Mobile (Facebook Page) 

       ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်