အာဆီယံလူငယ် ဖိုရမ်အတွက် ဖိတ်ကြားခြင်း

10/12/2013 19:17 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား
ခင်မင်လေးစားရပါသော လူငယ်ထုသို့

မြန်မာနိုင်ငံမှ ASEAN ဥက္ကဌအလှည့်ကျတာဝန်ယူမည့် ၂၀၁၄ ခုနှစ်တွင် ASEAN Youth Forum 2014 ကို အာဆီယံ ၁၀ နိုင်ငံမှ လူငယ်တို့ဖြင့် မြန်မာပြည်တွင် ပထမဦးဆုံးအကြိမ် တာဝန်ယူကျင်းပရမည်ဖြစ်ပါသည်။ သို့ပါ၍ ASEAN Youth Forum ဖြစ်မြောက်ရေး ကော်မတီ (National Organizing Committee)  ဖွဲ့စည်းလို ပါသဖြင့် စိတ်ပါဝင်စားကြပါသော လူငယ်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်ပေး ပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

နေ့ရက် - ၁၃၊ ၁၂၊ ၂၀၁၃ (သောကြာနေ့)
နေရာ - Place to be confirmed
အချိန် - ၉းဝဝ - ၅းဝဝ နာရီ

ASEAN ရေးရာများတွင် စိတ်ပါဝင်စား၍ ကိုယ်တိုင်ကိုယ်ကျ စီစဉ်ဆောင်ရွက်လိုသူ အဖွဲ့အစည်းမရှိသည့် လူငယ်များကိုလည်း National Youth Congress (NYC) မှ နွေးထွေးစွာကြိုဆိုပါသည်။

တတ်ရောက်လိုသူများသည် ဒီဇင်ဘာ ၁၂ ရက်နေ့ညနေ ၆းဝဝ နာရီ နောက်ဆုံးထား၍ အောက်ပါ ဖုန်းနံပါတ်များသို့ဆက်သွယ် စာရင်းပေးသွင်း ခြင်း - 09-540 90 16,  09- 430 94 692 

(သို ့) [email protected] သို့ ၁။အမည် ၂။ အဖွဲ့အစည်း (သို့) တစ်ဦးချင်းဖြစ်လျှင် မိမိ၏အာဆီယံရေးရာလှုပ်ရှားဆောင်

ရွက်မှု အတွေ့အကြုံများကို ပေးပို့ကာ စာရင်းပေးသွင်းနိုင်ပါသည်။

လေးစားစွာဖြင့်
ASEAN Team
National Youth Congress (NYC)

Thinzar Shunlei Yi @ Scarlett
 
Education Project Manager
Voluntary Internship Program
https://www.facebook.com/Voluntaryinternshipprogram

 

Country Focal Point (Myanmar)

ASEAN Youth Volunteers Network
https://www.facebook.com/AseanYouthVolunteers
Networking and Communication Department
Myanmar Youth Forum (2012)
https://www.facebook.com/MyanmarYouthForum
 
Contact:
  +95(0)5409016 

 https://www.facebook.com/Thinzarshunleiyi


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်