မြန်မာနိုင်ငံ မက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်သူများအသင်း ဖွဲ့စည်းသွားမည်
ယခုလအတွင်း မြန်မာနိုင်ငံအရပ်ရပ်ရှိ မြန်မာမက္ကဒေးမီးယားအစုအဖွဲ့များ စုပေါင်းကာ အသင်းကြီးဖွဲ့စည်းသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
မက္ကဒေးမီးယားအသင်းကြီး ဖွဲ့စည်းနိုင်ရေးအတွက် တိုင်းနဲ့ပြည်နယ်(၃)ခုရှိမှ ဖွဲ့စည်းနိုင်မှာဖြစ်တဲ့အတွက် ပြင်ဦးလွင်မှာ ထပ်မံဖွဲ့စည်းသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးစိုးသန်းမင်းဒင်က ပြောပါ တယ်။
“ပြင်ဦးလွင်မှာ ဒီလထဲမှာ ဖွဲ့စည်းသွားမယ်။ ကချင်နဲ့ ရှမ်းပြည်နယ်အရှေ့မှာက မက္ကဒေးမီးယားအဖွဲ့ တွေရှိတယ်။ မက္ကဒေးမီးယားအဖွဲ့တွေပေါင်းပြီးတော့ မြန်မာနိုင်ငံအဆင့် ဖွဲ့မှာ။ အဲဒီ(၃)ခုကိုဖွဲ့ပြီးတော့ ချင်းမှာလည်း စိုက်တဲ့သူရှိတယ်။ ရှမ်းတောင်မှာလည်း မက္ကဒေးမီးယားစိုက်တဲ့သူရှိတယ်။ မြန်မာနိုင်ငံ မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်သူများအသင်းဆိုပြီးတော့ မြန်မာနိုင်ငံအဆင့် ဖွဲ့မှာပါ”
မြန်မာ့မက္ကဒေးမီးယားသီးနှံ တိုးတက်လာရေး၊ အရည်အသွေးမြင့်သီးနှံ ထွက်ရှိရေး ၊ နိုင်ငံတကာဈေးကွက် ထိုးဖောက်နိုင်ရေးကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
မက္ကဒေးမီးယားစိုက်ပျိုးတောင်သူများ အသင်းဝင်အသစ်များအနေနဲ့ သက်ဆိုင်ရာမက္ကဒေးမီးယားအစုအဖွဲ့နဲ့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကို အဆိုပြုလွှာများရယူကာ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း သိရပါတယ်။
ယမင်းအေး(ABM)
မျိုးသက်ဝေ
လွန်ခဲ့သော ၅ နှစ် ကအပင်ကသက်တမ်း ၁၀နှစ်ရှိပီ အသီးမသီးတာ ဘယ်လိုလုပ်ရမလဲ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မန်ကိုဇက်ရယ်အဇိုဇီကိုနာဇောရယ်ကာတတ်ရယ်စေးကပ်ရေရောဖျန်းကောင်းလား
မောပ်တိုးတတ် • ဖြေကြားချက် 0 ခု
နှမ်းအိတ်ထဲ ပိုးမထွေးအောင် ဘယ်လို ထားရမလဲ...
🇲🇲🇲🇲🇲🇲 • ဖြေကြားချက် 0 ခု
ပဲကြီးရွက်တွေကုတ်ကုတ်ကြီးဖြစ်နေလို့ ကူညီပါဦး
Aye Myat Phyu • ဖြေကြားချက် 0 ခု
ပဲကြီးရွက်နူကုတ်ကုတ်ဖြစ်နေလို့ ကူညီကြပါဦး
Aye Myat Phyu • ဖြေကြားချက် 0 ခု
ရွှေဘိုဘေးကျားလေးဖြုန်းဖို့ပါ ဘယ်နရက်သားနဲ့ဖြုန်းရင် ပိုထိရောက်ပါသလဲခဗျာ
KYAW SHANE • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ဈေးကွက်ထဲ အာလူး အဝင်များ၍ ဈေးကျဆင်းနေ
15/10/2026
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026