ဈေးကွက်ထဲအာလူးအဝင်မရှိလို့ တရုတ်အာလူးရော ရှမ်းအာလူးပါစျေးတက်လာ (စားဖိုဆောင်သီးနှံဈေးကွက်သုံးသပ်ချက်)

09/11/2024 20:37 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကြက်သွန်ဖြူ

ဒီတစ်ပတ် ကြက်သွန်ဖြူက ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စျေးပြန်ကျပြီး ရှမ်းပြည်နယ်အောင်ပန်း စျေးကွက်မှာတော့ စျေးတန်းငြိမ်နေပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် တစ်ပိဿာကို အရင်တစ်ပတ်က  ၂၁၀၀၀ ကျပ်ရှိပြီး ဒီတစ်ပတ်မှာတော့  ၁၉၀၀၀ ကျပ်သာရှိတဲ့အတွက်   အရင်အပတ်နဲ့ ယှဉ်ရင် တစ်ပိဿာ ၂၀၀၀ ကျပ်ဈေး ကျပါတယ်။

ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂ က ၁၃၀၀၀၊ ထူး ၃ က၁၄၀၀၀၊ ထူး ၄ က၁၅၀၀၀၊ ထူး ၅ က ၁၆၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် တစ်ပိဿာကို ၅၀၀ ကျပ် ဈေးကျပါတယ်။

ရှမ်းပြည်နယ် အောင်ပန်းကုန်စည်စျေးကွက်မှာတော့ အရင်အပတ်ကစျေးတန်းဖြစ်တဲ့ အောင်ပန်းထူး၂   တစ်ပိဿာ ကို ၁၂၅၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၁၃၅၀၀ ကျပ်၊ အောင်ပန်းထူး ၄ က ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၅၅၀၀ ကျပ်၊ ကြူကုတ်က ၂၀၀၀၀ ကျပ်မှာပဲငြိမ်နေပါတယ်။ 

ကြက်သွန်နီ 

ကြက်သွန်နီက ဒီတစ်ပတ်မှာလည်း ဈေးပြန်တက်လာပါတယ်။  အရင်အပတ်က ကြက်သွန်စျေးမြင့် တက်ချိန်မှာ တောင်သူတွေရောင်းလိုအားများခြင်း၊ ရက်ပိုင်းအတွင်း မိုးရွာတဲ့အခြေအနေတွေကြောင့် အရောင်းအဝယ်ကတော့ ခပ်မှန်မှန်သာ ရှိတယ်လို့ သိရပါတယ်။

ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ဆိပ်ဖြူနဲ့ မုံရွာ ကြက်သွန်နီက  ၂၆၀၀ မှ ၄၈၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးမြင့်တက်ပါတယ်။ မြင်းခြံ ကံဆင့် ကြက်သွန်နီက ၃၀၀၀ မှ ၄၇၀၀ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။ ပခုက္ကူကြက်သွန်က ၂၇၀၀ မှ ၄၆၀၀ ကျပ်ရှိကာ တစ်ပိဿာကို ၃၀၀ လောက်ဈေးတက်ပါတယ်။

တစ်လအတွင်း ကြက်သွန်နီ တစ်ပိဿာကို ၂၀၀၀ ကျော်ဈေးမြင့်တက်လာခဲ့ပါတယ်။ 

အာလူး

အာလူးကတော့ ဒီတစ်ပတ် တရုတ်အာလူးရော ရှမ်းအာလူးတွေပါစျေးတက်လာပါတယ်။ 

ရန်ကုန်ဘုရင့်နောင်မှာ တရုတ်အာလူးအဝင်နည်းကာ တစ်ပိဿာကို ၇၆၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် ၆၀၀ ကျပ်တက်လာပါတယ်။ ရှမ်းအာလူးကတော့ အဝင်မရှိပါဘူး။

ရှမ်းပြည်နယ် အောင်ပန်းကုန်သည်စျေးကွက်မှာလည်း အာလူးတွေစျေးတက်လာပြီး လုပ်ငန်းသုံးအကြော်သီးဆိုက်တွေပစ္စည်းအဝင်ပြတ်နေပါတယ်။

ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာတော့   မျက်နီ S1/ OK က ၇၀၀၀  ကျပ်၊ မျက်နီ OK က  ၆၈၀၀ ကျပ်၊ မျက်နီ A1 က  ၅၅၀၀ ကျပ်၊ A1ဆွဲမျက်နီက ၅၂၀၀ ကျပ် ရှိလာပြီးလုပ်ငန်းသုံးအကြော်သီးတွေဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ၈၂၀၀ မှ ၈၅၀၀ ကျပ်စျေးပေါက်ပေမယ့်ပစ္စည်းအဝင်မရှိဘဲဖြစ်နေပါတယ်။

ဂျင်း

ဂျင်းတက်ကတော့ ပြည်ပတင်ပို့မှုမရှိတာကြောင့် အရောင်းအဝယ်အေးပြီး စျေးတန်းကလည်းအကျ စျေးတန်းမှာပဲရှိနေပါတယ်။ 

ဒါကြောင့်ဂျင်းတက်စျေးကွက်က အရည်အသွေးကောင်းရင်ကောင်းသလို အခက်လှရင်လှသလို ပွဲစားစျေးဖြတ်တဲ့အပေါ်မူတည်ပြီးစျေးကွာခြားမှု ရှိနေပါတယ်။

ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းတက်စျေးက ဂျင်းဥမမြေနီအကြီး တစ်ပိဿာကို ၃၅၀၀ ကျပ်၊ ဂျင်းဥမမြေနီအလတ် တစ်ပိဿာကို ၂၅၀၀ မှ ၃၀၀၀ ကျပ်သာ စျေးပေါက်နေပါတယ်။ အောက်တိုဘာလစျေးကွက်ထက် ၅၀၀ လောက်ထပ်ကျလာတာပါ။

မန်ကျည်းသီး

မန်ကျည်းသီးကလည်း ပြီးခဲ့တဲ့လကတည်းက ဈေးမြင့်တက်နေတာဖြစ်ပြီး လက်ရှိမှာတော့ အမြင့်ဆုံး ဈေးတန်းမှာ ရှိနေပါတယ်။ လက်ရှိပေါက်ဈေးဟာ စံချိန်တင် မြင့်တက်နေတာဖြစ်တယ်လို့ မန်ကျည်းသီးကုန်သည်တွေက ဆိုပါတယ်။

လက်ရှိ မန်ကျည်းသီးက ဈေးကွက်ထဲ အဝင်နည်းနေတာဖြစ်လို့ ဈေးတက်နေတာလို့လည်း သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မန်ကျည်းသီး အသားတစ်ပိဿာကို ၉၀၀၀ မှ ၁၁၅၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးတက်ပါတယ်။ မန်ကျည်းသီးပွင့်ကပ်ကတော့ တစ်ပိဿာကို ၃၃၀၀ မှ ၃၆၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။

တစ်လအတွင်း မန်ကျည်းသီးအသား တစ်ပိဿာကို ၃၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်