သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲကြဖို့ တိုက်တွန်းနေရတဲ့အကြောင်းအရင်း

04/04/2024 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ယနေ့အချိန်မှာ သဘာဝ မြေဩဇာတွေ၊ မြေဆွေးတွေကို တနိုင်တပိုင်ပြုလုပ်ပြီး သုံးစွဲကြဖို့နဲ့ ပြုလုပ်တဲ့ နည်းလမ်းတွေကိုလည်း  မကြာခဏ မျှဝေပေးနေကြပါတယ်။ အထူးသဖြင့် မီးဖိုချောင်နဲ့ နေအိမ်၊ ခြံဝန်းအတွင်းက ထွက်ရှိတဲ့ သဘာဝစွန့်ပစ်ပစ္စည်းတွေကို လွှင့်ပစ်လိုက်မယ့်အစား မြေဩဇာအနေနဲ့ ပြန်လည်အသုံးပြုပြီး သုံးစွဲကြဖို့ အကြံပြု မျှဝေနေကြတာ ဖြစ်ပါတယ်။

သဘာဝမြေဩဇာတွေကို အသုံးပြုဖို့ တိုက်တွန်းနေခြင်းဟာ ဓာတုမြေဩဇာတွေကို အသုံးမပြုဖို့ ဆန့်ကျင်နေတာ မဟုတ်ပါဘူး။

သီးနှံတွေစိုက်ပျိုးရာမှာ ဖြစ်ထွန်းအောင်မြင်စေဖို့အတွက် ဓာတုမြေဩဇာတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ သဘာဝမြေဩဇာတွေကို အသုံးပြုဖို့ အကြံပြုနေကြခြင်းဟာ ပတ်ဝန်းကျင်နဲ့ သက်ရှိတွေအပေါ် ထိခိုက်မှုမရှိဖို့နဲ့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနည်းစနစ်ကို လုပ်ကိုင်နိုင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ သဘာဝမြေဆွေးတွေကို ပြုလုပ်သုံးစွဲခြင်းဟာ မြေဆီလွှာအတွက်ရော အပင်တွေအတွက်ပါ အကျိုးများစေပါတယ်။ သဘာဝမြေဩဇာ၊ မြေဆွေး ပြုလုပ် သုံးစွဲတဲ့နည်းလမ်းတွေကိုတော့ မကြာခဏ မျှဝေပေးနေတာမို့ ယခုဆောင်းပါးမှာတော့ မြေဆွေးပြုလုပ်သုံးစွဲခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

မြေဆီလွှာအတွက် အကျိုးကျေးဇူးများ 

သဘာဝမြေဆွေးဟာ အချိန်ကြာမြင့် လာတာနဲ့ အမျှ တဖြည်းဖြည်းပြိုကွဲပြီး အရေးပါတဲ့ အာဟာရဓာတ်တွေကို မြေဆီလွှာထဲ ထည့်ပေးနိုင်တာ ဖြစ်ပါတယ်။ မြေဆွေး အသုံးပြုခြင်းဖြင့် ကာဗွန်နဲ့ နိုက်ထရိုဂျင်ဓာတ်တွေကို အဓိက ရရှိမှာဖြစ်ပါတယ်။ ၎င်းဓာတ်တွေဟာ အပင်တွေ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ အစာချက်လုပ်ဖို့အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။ ထို့အပြင်  မြေဆွေးမှာ အပင်တွေအတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ဖော့စဖောရပ်စ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ မြေဆွေးဟာ မြေဆီလွှာထဲမှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယား၊ မှိုနဲ့ ပရိုတိုဇိုးဝါး တွေကိုလည်း တိုးပွားစေနိုင်ပြီး အပင်တွေ ကြီးထွားဖွံ့ဖြိုးလာစေဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ မြေဆွေးအသုံးပြုခြင်းဖြင့် မြေဆီလွှာရဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ၃၀ ရာခိုင်နှုန်းအထိ တိုးလာစေနိုင်တာလည်း ဖြစ်ပါတယ်။ 

ထို့အပြင် မြေဆွေးအသုံးပြုခြင်းဟာ မြေဆီလွှာရဲ့ အစိုဓာတ်ကို တိုးစေနိုင်ပြီး အမြစ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း အထောက်အကူ ပြုနိုင်သလို မြေဆီလွှာ တိုက်စားခံရတာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်တာ  ဖြစ်ပါတယ်။ ဓာတုမြေဩဇာတွေ အသုံးပြုခြင်းဟာ သီးနှံတွေစိုက်ပျိုးရာမှာ ထိရောက်မှုရှိသလို အများအပြားသုံးစွဲခဲ့ရင်လည်း ပတ်ဝန်းကျင်နဲ့ သက်ရှိတွေအပေါ် ထိခိုက်ညစ်ညမ်းစေနိုင်တာ ဖြစ်ပါတယ်။ ဓာတုမြေဩဇာအများစုဟာ ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်တဲ့ ပစ္စည်းတွေကနေ ထုတ်လုပ်တာ ဖြစ်တဲ့အတွက် ကာဗွန်ထုတ်လွှတ်မှုကိုလည်း ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။ 

မြေဆွေးကိုအသုံးပြုခြင်းဟာ မြေဆီလွှာရဲ့ ရေထိန်းစွမ်းအားကို သိသိသာသာ တိုးမြင့်လာစေပြီး အထူးသဖြင့် ခြောက်သွေ့နေသော ဒေသများမှာနေထိုင် စိုက်ပျိုးကြတဲ့ တောင်သူလယ်သမားများအတွက် အရေးကြီးတဲ့ ရေလိုအပ်ချက်ကို လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် တက္ကသိုလ်ရဲ့ လေလာမှုတွေအရ မြေဆီလွှာမှာ အော်ဂဲနစ်ဒြပ်စင် ၁ ရာခိုင်နှုန်း တိုးလာတိုင်း မြေဆီလွှာ ၁ ဧကမှာ အပင်က​နေရှိနိုင်တဲ့ ရေပမာဏ ၁၆,၅၀၀ ဂါလံကို ၁ ပေ အနက်ထိ ထိန်းထားနိုင်တယ်လို့ သိရပါတယ်။  

အပင်အတွက်ရရှိနိုင်သော အကျိုးကျေးဇူးများ 

သီးနှံတွေ စိုက်ပျိုးရာမှာ မြေဆွေးအသုံးပြုခြင်းဖြင့် အပင်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူ ပြုပေးနိုင်တာဖြစ်ပါတယ်။ အီတလီနိုင်ငံရဲ့ လေ့လာမှုတစ်ခုအရ ဆလပ်နဲ့ နိုကိုဥ စိုက်ခင်းတွေမှာ မြေဆွေးအသုံးပြုခြင်းဖြင့် အပင်တွေရဲ့ ကြီးထွားမှုကို ၂၄ - ၃၂ ရာခိုင်နှုန်းအထိ အသီးသီး တိုးလာစေတယ်လို့ သိရပါတယ်။ သဘာဝမြေဆွေးတွေ အသုံးပြုထားတဲ့ နေရာတွေမှာ စိုက်ပျိုးထားတဲ့ သီးနှံတွေဟာ တခြားသော သီးနှံတွေနဲ့ ယှဥ်လိုက်ရင် အာဟာရဓာတ်ပါဝင်မှုလည်း ပိုများတာ ဖြစ်ပါတယ်။ 

မြေဆွေးအသုံးပြုခြင်းဖြင့် အပင်တွေကို ကျန်းမာသန်စွမ်းစေနိုင်ပြီး ပိုးမွှားနဲ့ ရောဂါကျရောက်မှုဒဏ်များကိုလည်း ခုခံနိုင်မှာ ဖြစ်ပါတယ်။ ဓာတုမြေဩဇာတွေကို အလွန်အကျွံအသုံးပြုတဲ့အခါ သီးနှံပင်တွေရဲ့ အရွက်နဲ့ အမြစ်တွေကို ထိခိုက်စေနိုင်ပြီး အပင်ရဲ့ ကြီးထွားရှင်သန်နိုင်မှုကိုပါ ပျက်ယွင်းစေနိုင်တာ ဖြစ်ပါတယ်။ သဘာဝမြေဆွေးတွေကတော့ မြေဆီလွှာနဲ့ အပင်တွေကို ထိခိုက်မှုမရှိတာကြောင့် အကျိုးရှိရှိ အသုံးချနိုင်တာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ အပင်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပြီး ဆုံးရှုံးသွားတဲ့ ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေကိုလည်း မြေဆီလွှာထဲကို ပြန်လည်ဖြည့်တင်းပေးနိုင်တာ ဖြစ်ပါတယ်။ 

သီးနှံတွေစိုက်ပျိုးရာမှာ အော်ဂဲနစ်ဓာတ်မြေသြဇာများကို အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်ရှိ မလိုလားအပ်သော မြေဆီလွှာညစ်ညမ်းမှုများနဲ့ အန္တရာယ်ရှိသော မြေအောက်ရေ ညစ်ညမ်းမှုများကို ဖယ်ရှားရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ၎င်းတို့ဟာ မြေဆီလွှာထဲမှာပါရှိနေတဲ့ အခြားသော သဘာဝပစ္စည်းများ ယိုယွင်းပျက်စီးမှုကိုလည်း ထိရောက်စွာ ကာကွယ်ပေးခြင်းဖြင့် မြေဆီလွှာကို ကြွယ်ဝစေတာလည်း ဖြစ်ပါတယ်။ ထို့အပြင် သဘာဝမြေဆွေးတွေကို အသုံးပြုခြင်းဟာ ဘေးထွက်ဆိုးကျိုးမရှိဘဲ အပင်များကိုလည်း ဘယ်သောအခါမှ အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ သဘာဝမြေဩဇာတွေ မြေဆွေးတွေ ပြုလုပ်သုံးစွဲခြင်းဟာ စိုက်ပျိုးရေးကို ရေရှည်တည်တံ့စေပြီး သဘာဝပတ်ဝန်းကျင်နဲ့လည်း လိုက်ဖက်တဲ့ အလေအကျင့်ကောင်းတစ်ခုလည်း  ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်